ဒီ(၅)မျိုးကိုလွယ်လွယ်မငှါးပေးလိုက်ပါနဲ့။
၁။မှတ်ပုံတင်
သင့်မှတ်ပုံတင်ခနယူသွားမယ်ဆိုပြီးမဟုတ်ကဟုတ်ကလုပ်ထားလိုက်ရင်ဥပဒေနဲ့ငြိစွန်းပြီးဖမ်းခံရနိုင်ပါတယ်။
၂။ကား
ကားကိုခဏငှားပေးလိုက်လို့တိုက်မိတဲ့အခါတာဝန်ယူပြင်ပေးမယ်ဆိုရင်တောင်တော်တော်ဖြေရှင်းဖို့မလွယ်တော့ပါ။ပိုဆိုးတာကငှားသွားသူကိုယ်၌ကတာဝန်မယူပေးကြတာများပါတယ်။
၃။အာမခံပေးခြင်း
လူတစ်ယောက်ကိုဘယ်လောက်ခင်ခင်ကြားမှာအာမခံလိုက်မလုပ်ပေးသင့်ပါ။ကာယကံရှင်ကထဖောက်လာရင်အာမခံထားပေးထားတဲ့သင်ကဘဲတာဝန်ယူပြီးလိုက်ဖြေရှင်းပေးနေရမှာမို့ပါ။
၄။ငွေကြေး
ငွေကြေးကိုလွယ်လွယ်မချေးငှားပေးမိပါစေနှင့်။ကိုယ်ကခင်မင်လို့၊သနားလို့၊ကူညီချင်လို့ပေးလိုက်ပေမဲ့၊ပြန်တောင်းတဲ့အခါရန်သူလိုဆက်ဆံခံရတတ်ပါတယ်။အကြွေးဆိုတာယူရင်တော့ပြုံးနေတတ်ပြီး၊တောင်းတဲ့ခါမုန်းလာတတ်လို့ပါ။
၅။ဖုန်း
ဖုန်းခဏဆက်ပါရစေဆိုပြီးဖုန်းငှားတာမျိုးကြုံလာရင်အထူးသတိထားဖို့လိုပါတယ်။ကိုယ့်ဖုန်းကသူ့လက်ထဲရောက်သွားရင်ငွေကြေးဆိုင်ရာပြဿနာနဲ့ကိုယ်ရေးကိုယ်တာဆိုင်ရာပြဿနာအကုန်အန္တာရာယ်ရှိပါတယ်။ဒါကြောင့်ဖုန်းပျက်လို့သွားပြင်ရင်တောင်စောင့်ယူပါ။ထားခဲ့ရမယ်ဆိုရင်အထဲကအချက်တွေအကုန်တခြားနေရာရွေ့ပြီးဖျက်ထားပါ။ပြီးမှသွားပြင်ပါ။
ဘာရယ်မဟုတ်၊ဘဝမှာသတိထားစရာလေးတွေပါ။
မူရင်း-ဆရာရဲမင်း
https://www.facebook.com/100001226263944/posts/24122248067399399/