မေး-ဧမာနွေလ(Immanuel)ဆိုတာဘာလဲ?
ဧမာနွေလ ဆိုတဲ့စကားစုဟာဟေဘရူးစာ עִמָּנוּאֵל ကနေဆင်းသက်လာတဲ့အသံထွက်ပါ။လက်တင်ဘာသာနဲ့တော့ Emmanuel ဖြစ်ပြီးအင်္ဂလိပ်လိုတော့ Immanuel ဖြစ်ပါတယ်။ဆိုတော့ဧမာနွေလဆိုတာဟေဘရူးစကားလုံးနှစ်ခုဖြစ်တဲ့ אל(ဘုရားသခင်) နဲ့ עמנו(ငါတို့နှင့်အတူရှိသော)ပေါင်းထားတာဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့ ငါတို့နှင့်အတူရှိသောဘုရား GOD with us ဖြစ်ပါတယ်။
ဘုရားကဘာလို့လူနဲ့အတူရှိဖို့ဖြစ်လာသလဲဆိုတော့ဓမ္မဟောင်းမှာလူတွေဟာဘုရားဆီရောက်ဖို့ယဇ်ကောင်နဲ့ပညတ်တော်စောင့်ကြရပါတယ်၊ဒါပေမဲ့လူတွေရဲ့အပြစ်ကြောင့်ဘယ်လိုမှဘုရားဆီမရောက်နိုင်ကြဘူး၊ဒါနဲ့ဘုရားကိုယ်တိုင်လူလာလုပ်ပြီးလူတွေကြားမှာလာနေရခြင်းဖြစ်တယ်။ဧမာနွေလဆိုတဲ့အဓိပ္ပာယ်ဟာကျွန်ုပ်တို့နဲ့အတူရှိသောဘုရားသခင် ဆိုရင်ဒီအတူရှိခြင်းမှာ ယေရှုခရစ်ရဲ့မွေးဖွားခြင်းပါသလို၊အသေခံခြင်းနဲ့ထမြောက်ခြင်းအကြောင်းလဲပါရမှာဖြစ်ပါတယ်။ဒါမှလူတွေဟာယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံလိုက်တာနဲ့ယေရှုခရစ်တော်ရဲ့ပေးဆပ်မှုအားဖြင့်ထာဝရဘုရားနဲ့အတူနေရမှာဖြစ်ပါတယ်။
ယနေ့ယုံကြည်သူခရစ်ယာန်တွေနူတ်ဆက်တဲ့စာရေးပြီးတဲ့အခါမှာဧမာနွေလလို့ရေးသားနူတ်ဆက်တတ်ကြပါတယ်။ဆိုလိုချင်ကြတာကဘုရားသခင်သင်တို့နဲ့အတူရှိပါစေသော်ပေါ့။
ဧမာနွေလ ဆိုတဲ့နာမည်ဟာသမ္မာကျမ်းစာမှာသုံးနေရာတွေ့ရှိပါတယ်၊ဒီကျမ်းချက်သုံးနေရာလုံးကသခင်ယေရှုခရစ်တော်ကိုရည်ညွန်းပြောဆိုနေခြင်းဖြစ်ပါတယ်။
ဟေရှာယအနာဂတ္တိကျမ်း ၇:၁၄
ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သားယောက်ျားကို ဖွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့။
ဟေရှာယအနာဂတ္တိကျမ်း ၈:၈
ယုဒပြည်ကို ချင်းနင်းလွှမ်းမိုး ဖြန့်သွား၍၊ လည်ပင်းတိုင်အောင် မှီလိမ့်မည်။ သူ၏ အတောင်တို့ကိုလည်း ဖြန့်သဖြင့်၊ ကိုယ်တော်၏ မြေတစ်ပြင်လုံးကို အုပ်မိုးလိမ့်မည်၊ အို ဧမာနွေလဟု မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင် ၁:၂၃
ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလော့။ သတို့သမီးကညာသည်ပဋိသန္ဓေစွဲယူ၍သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတံ့ဟုလာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း။
Ye Ming(ပတ္တမြားမြေ)