မေး-ဆုတောင်းတဲ့အအခါတိုင်းဘာလို့မျက်စိမိတ်ရသလဲ?
ဖြေ-မျက်လုံးဟာစိတ်ရဲ့တခါးဝဖြစ်သောကြောင့်၊မြင်နေရတဲ့အရာတွေအားလုံးဟာစိတ်နှလုံးကိုဒဲ့တိုးဂယက်ရိုက်ပါတယ်။ဒါကြောင့်ဆုတောင်းတဲ့အခါတိုင်းစိတ်နှလုံးအကြွင်းမဲ့ဘုရားနဲ့ထိတွေ့နိုင်ဖို့မျက်စိမိတ်ရခြင်း(လောကအရာနဲ့ခေတ္တအဆက်ဖျက်ထားခြင်း)ဖြစ်ပါတယ်၊မျက်စိမိတ်ဆုတောင်းမှကိုယ့်ဆုတောင်းသံကိုဘုရားနားညောင်းခြင်းမဟုတ်ပါ၊ဘုရားနဲ့ဆက်သွယ်တဲ့အချိန်အနှောက်ယှက်ကိုကြိုတင်ကာကွယ်ထားတဲ့သဘောသာဖြစ်ပါတယ်။
ဒီလိုပါဘဲဆုတောင်းတဲ့ကိုယ်အနေအထားပုံစံလဲမကန့်သတ်ပါ၊ဥပမာကားမောင်းရင်းအရေးကြီးဆုတောင်းဖို့လိုလာရင်မျက်စိမိတ်တောင်းမှာမဟုတ်သလို၊ဒူးမထောက်နိုင်မျက်စိမမိတ်နိုင်၊မပြပ်ဝပ်နိုင်၊လက်မမြောက်နိုင်တဲ့ဒုက္ခိတတွေရဲ့ဆုတောင်းသံကိုလည်းဘုရားနားမညောင်းစရာအကြောင်းမရှိပါ။အဓိကတော့အလိုတော်အတိုင်းယေရှုနာမဖြင့်တောင်းရင်okပါပြီ။ဒူးထောက်ခြင်း၊လက်မြောက်ခြင်း၊ပြပ်ဝပ်ခြင်း၊ထခြင်းထိုင်ခြင်း…စသဖြင့်ဆုတောင်းခြင်းဟာဘုရားကိုကြောက်ရွံ့ရိုသေကြောင်းနှင့်ယုံကြည်ခြင်းပိုခိုင်စေကြာင်းအပြင်ပန်းသဘောတခုသာသက်ရောက်ပါတယ်။အဲဒီလိုလုပ်မှဘုရားနားညောင်းမယ်လို့ရယ်တော့မဟုတ်ပါ။အဓိကတော့မိမိစိတ်နှလုံးပါဘဲ၊အတွင်းထဲကတကယ်လေးစားရိုသေရင်အပြင်ပန်းမှာလဲရိုသေကြောင်းအမူအရာလက်တွေ့ပေါ်လာမှာပါ။ဒီလိုပါဘဲအပြင်ပန်းဟန်အမူရာသာရှိတဲ့ဆုတောင်းခြင်းမျိုးတော့အတွင်းစိတ်ကိုမသန့်ရှင်းစေနိုင်ပါဘူး။
နောက်ပြီးဆုတောင်းတဲ့အခါတိုင်းမှာအခြေနေအမျိုးမျိုးနဲ့မတူညီတဲ့လူအမျိုးစားအမျိုးမျိုးရှိတတ်ပါတယ်၊အရေးတကြီးအချိန်၊ရိုးရိုးအချိန်…ဒုက္ခိတစသဖြင့်ပေါ့၊အခြေနေအရ ပုံးစံအမူရာကိုပြောင်းလဲလုပ်ဆောင်နိုင်ပါတယ်။အဓိကတော့ကိုယ့်ရဲ့စိတ်နှလုံးပါဘဲ။