မေး-အသင်းတော်ဆိုတာဘာလဲ?
ဖြေ-အသင်းတော်ဆိုတာမူရင်းဂရိဘာသာစကားဖြစ်တဲ့ἐκκλησία(အက်တီရှီစာ)ကနေဆင်းသက်လာတာဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့”ခေါ်ဖိတ်ခံရသူများစုဝေးခြင်း”လို့သက်ရောက်ပါတယ်။(၁ပေ၁:၂)အရသခင်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံသောသူများအတူတကွစုဝေးပြီးဘုရားသခင်ကိုကိုးကွယ်ချီးမွမ်းခြင်းနဲ့မိသဟာယဖွဲ့ခြင်းဖြစ်ပါတယ်။အသင်းတော်ကိုဘုရားကျောင်းနဲ့မမှားရပါ၊ဘုရားကျောင်းဆိုတာကအဆောက်အအုံတခုသာဖြစ်ပါတယ်၊အသင်းတော်ဆိုတာကတော့လူစုကိုပြောတာပါ။တခါမှမသိမခင်ဘူးသူဖြစ်ပေမယ့်လဲယေရှုခရစ်၌မိသားစုဝင်တွေလို့သတ်မှတ်ပါတယ်။အသင်းတော်ဆိုတာခရစ်တော်ရဲ့ခန္ဓာဖြစ်ကြောင်းအသင်းသား/သူတွေဟာဒီခန္ဓာရဲ့အင်္ဂ ါတွေဖြစ်ကြောင်းကျမ်းစာကခိုင်းနိုင်းထားပါတယ်။ဒါကြောင့်အသင်းတော်ဆိုတာအပြစ်မရှိတဲ့လူကောင်းတွေစုဝေးနေခြင်းမဟုတ်ဘဲကျေးဇူးတော်ကြောင့်အပြစ်လွတ်ခြင်းခံရတဲ့သူတွေစုဝေးနေခြင်းဘဲဖြစ်ပါတယ်။
အသင်းတော်တိုင်းရဲ့ရည်ရွယ်ချက်က
(၁)သမ္မာကျမ်းစာကိုသွန်သင်ခံယူခြင်း၊
(၂)အချင်းချင်းမိသဟာယဖွဲ့ခြင်း၊
(၃)ပွဲတော်မင်္ဂလာနဲ့ဗတ္တိဇံမင်္ဂလာပေးခြင်း၊
(၄)အသက်ရှင်သောဘုရားကိုကိုးကွယ်ဆုတောင်းချီးမွမ်းခြင်း၊
(၅)ဧဝံဂေလိတရားကိုဝေငှခြင်း တို့ဖြစ်ပါတယ်။
Ye Ming(ပတ္တမြားမြေ)