မေး-ဗတ္တိဇံမင်္ဂလာဆိုတာဘာလဲ?
ဖြေ-ဗတ္တိဇံဆိုတာမြန်မာလိုတော့မဟုတ်ပါဘူး၊မူရင်းဂရိစကားလုံးβάπτισμαရဲ့အသံထွက်ကိုမြန်မာလိုပေါင်းထားတာဘဲဖြစ်ပါတယ်။အဓိပ္ပာယ်ကရေထဲနှစ်မြုပ်ဆေးကြောခြင်းလို့ရပါတယ်။ဒါကြောင့်ဗတ္တိဇံကိုနှစ်ခြင်းလို့လဲခေါ်တွင်ပါတယ်။ဂျူးဘာသာမှာဘာသာဝင်သူကိုရေနဲ့ဆေးကြောခြင်းပက်ဂရောင်းရှိခဲ့တာကြောင့်၊ဗတ္တိဇံဆရာယောဟန်ရဲ့နောင်တနဲ့စပ်ဆိုင်တဲ့ဆေးကြောပေးခြင်းပေါ်လာခဲ့ပြီး၊ယေရှုခရစ်တော်သေပြီးရှင်ပြန်ထမြောက်ပြီးနောက်သူ့ကိုယုံကြည်လာသူတိုင်းကိုဒီဗတ္တိဇံပေးပြီးသူ့စကားတွေနဲ့ဆုံးမသွန်သင်ဖို့သူ့တပည့်တွေကိုတာဝန်ပေးခဲ့တာကစတင်လာပါတယ်။ဗတ္တိဇံဆိုတာဘယ်လိုလုပ်ရမယ်ဆိုတာထက်သူ့ရဲ့ပုံဆောင်ချက်ကပိုအရေးကြီးပါတယ်၊လူတယောက်နောင်တရပြောင်းလဲတဲ့သင်္ကေတဖြစ်သလို၊ယေရှုခရစ်တော်နောက်ပိုင်းမှာတော့ယေရှုကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံတဲ့သူတွေပြုတဲ့ကတိသစ္စာတခုဖြစ်ပါတယ်။လူရှေ့သူရှေ့မှာသင်းအုပ်ဆရာမှရေထဲနှစ်မြုပ်ပြီးခရစ်တော်နဲ့အတူလူဟောင်းဇာတိသေပြီဖြစ်ကြောင်းနဲ့ရေထဲကထလာတဲ့အခါခရစ်တော်နဲ့အတူစိတ်သစ်ကိုယ်သစ်ဖြင့်ရှင်ပြန်ထမြောက်ကြောင်းပုံဆောင်ပါတယ်၊ယနေ့ကစပြီးခရစ်တော်အတိုင်းအသက်ရှင်မည်ဖြစ်ကြောင်းသက်သေဖြစ်သလိုကယ်တင်ခြင်းရပြီဖြစ်ကြောင်းသက်သေထူပါတယ်။အသင်းသား/သူအဖြစ်တရားဝင်သွားတဲ့သက်သေတခုလဲဖြစ်ပါတယ်။
Ye Ming(ပတ္တမြားမြေ)