လူ့ဘဝရဲ့အကြီးမားဆုံးအရာ(၂၀)ချက်
၁။လူ့ဘဝရဲ့အကြီးမားဆုံးမျော်လင့်ချက်ကယုံကြည်ရာကိုးကွယ်ရာပါ။
ရှင်ယောဟန်ခရစ်ဝင် ၃:၁၆ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။
၂။လူ့ဘဝရဲ့အကြီးမားဆုံးရန်သူကမိမိကိုယ်ကိုယ်တိုင်ပါ။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၉:၂၇သူတပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသော သူမဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏။
၃။လူ့ဘဝရဲ့အကြီးမားဆုံး ဆုံးရှုံးမှုကမာန်မာနကြီးခြင်းပါဘဲ။
ရှင်လုကာခရစ်ဝင် ၁၄:၁၁ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသော သူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့ဟု မိန့်တော်မူ၏။
၄။လူ့ဘဝရဲ့အကြီးမားဆုံး ကျော့ကွင်းကငွေတပ်မက်ခြင်းပါ။
တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၆:၁၀အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ် သတည်း။ လူအချို့တို့သည်ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုးကြပြီ။
၅။လူ့ဘဝရဲ့အကြီးမားဆုံးလက်ဆောင်ကအပြစ်လွတ်ခံရခြင်းပါ။
ဧဖက်ဩဝါဒစာ ၄:၃၂…ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။
၆။လူ့ဘဝရဲ့အကြီးမားဆုံးအောင်နိုင်မှုကသီးခံခြင်းပါ။
ရှင်မာကုခရစ်ဝင် ၁၃:၁၃လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
၇။လူ့ဘဝရဲ့အကြီးမားဆုံးသတင်းကောင်းကဧဝံဂေလိတရားပါ။
ရှင်လုကာခရစ်ဝင် ၄:၁၉အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသိတင်းကိုကြားပြောစေခြင်းငှါ ငါ့ကို ဘိသိတ်ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကိုပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှါ၎င်း၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း။
၈။လူ့ဘဝရဲ့အကြီးမားဆုံးပြည့်စုံမှုကကျေးဇူးချီးမွမ်းတတ်ခြင်းပါ။
၁ သက် ၅:၁၈အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။
၉။လူ့ဘဝရဲ့အကြီးမားဆုံးပျော်ရွှင်မှုကဖေးမကူညီတတ်ခြင်းပါ။
၁သက် ၅:၁၄တဖန်တုံ၊ ညီအစ်ကိုတို့၊ မတရားစွာပြုသောသူတို့ကို သတိပေးကြလော့။ စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသော သူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိ စေကြလော့။
၁၀။လူ့ဘဝရဲ့အကြီးမားဆုံးပန်းတိုင်ကချစ်ခြင်းမေတ္တာတရားပါ။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၃:၁ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း ပြောနိုင်သော်လည်း မေတ္တာ မရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့၎င်း ဖြစ်၏။
၁၁။လူ့ဘဝရဲ့အကြီးမားဆုံးကယ်တင်ရှင်ကခရစ်တော်ယေရှုပါ။
ရှင်လုကာခရစ်ဝင် ၂:၁၀-၁၁ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသိတင်းကို ငါသည်သင်တို့အား ကြားပြောရ၏ ယနေ့တွင် ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။
၁၂။လူ့ဘဝရဲ့အကြီးမားဆုံးသတ္တိကနောင်တရရဲခြင်းပါ။
တမန်တော်ဝထ္ထု ၂:၃၈ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှါ နောင်တရ၍တယောက်မျှမကြွင်း၊ ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြ လိမ့်မည်။
၁၃။လူ့ဘဝရဲ့အကြီးမားဆုံးအသိညာဏ်မဲ့မှုကလိမ်လည်လှည့်ဖြားခြင်းပါ။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၃:၁၈အဘယ်သူမျှ ကိုယ်ကို မလှည့်ဖြားစေနှင့်။ သင်တို့တွင် အကြင်သူသည် ဤလောက၌ ပညာရှိဖြစ် သည်ဟု ကိုယ်ကိုထင်၏။ ထိုသူသည်ပညာရှိ အဖြစ်သို့ ရောက်လိုသောငှါ လူမိုက်ဖြစ်ပါစေ။
၁၄။လူ့ဘဝရဲ့အကြီးမားဆုံးဝမ်းနည်းစရာကောင်းတာကမနာလိုငြူစူခြင်းပါ။
သုတ္တံကျမ်း ၁၄:၃၀ကျန်းမာသောနှလုံးသည် ကိုယ်အသက် ရှင်စေသောအကြောင်း၊ ငြူစူသော သဘောမူကား၊ အရိုးဆွေးမြေ့ခြင်းအကြောင်း ဖြစ်၏။
၁၅။လူ့ဘဝရဲ့အကြီးမားဆုံးအကျင့်ကောင်းကဂရုဏာတရားပါ။
ရှင်မဿဲခရစ်ဝင် ၁၄:၁၄ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ သနားခြင်းစိတ်တော်ရှိ၍ လူနာရှိ သမျှတို့ကို ချမ်းသာပေးတော်မူ၏။
၁၆။လူ့ဘဝရဲ့အကြီးမားဆုံးပိုင်ဆိုင်မှုကမိမိအသက်ပါ။
ရှင်လုကာခရစ်ဝင် ၁၂:၂၃အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည်မဟုတ်လော။
၁၇။လူ့ဘဝရဲ့အကြီးမားဆုံးခိုင်မာမှုကဆက်လက်တိုးတက်နေစေတာပါ။
ရှင်ပေတရုဩဝါဒစာဒုတိယစောင် ၁:၅-၇ထိုသို့အလိုငှါ၊ သင်တို့သည် ယုံကြည်ခြင်း၌ သီလကို၎င်း၊ သီလ၌ ပညာကို၎င်းပညာ၌ ကာမဂုဏ်ချုပ်တည်းခြင်းကို၎င်း၊ သည်းခံခြင်း၌ ဘုရားဝတ်ကိုပြု၍ မွေ့လျော်ခြင်းကို၎င်း၊ ထိုမွေ့လျော်ခြင်း၌ ညီအစ်ကိုစုံမက်ခြင်းကို၎င်း၊ ညီအစ်ကိုစုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကို၎င်း၊ အလွန်ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။
၁၈။လူ့ဘဝရဲ့အကြီးမားဆုံးမျော်လင့်ချက်ကငြိမ်သက်ခြင်းပါ။
ရှင်ယောဟန်ခရစ်ဝင် ၁၄:၂၇ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။
၁၉။လူ့ဘဝရဲ့အကြီးမားဆုံးနွေးထွေးမှုကမိသားစုပါ။
တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၅:၈မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဘူးသော သူထက်သာ၍ ယုတ်မာ၏။
၂၀။လူ့ဘဝရဲ့အကြီးမားဆုံးမင်္ဂလာကသခင်ယေရှုခရစ်ကြောင့်ညှဉ်းဆဲပြစ်တင်ခံရလိုက်ခြင်းပါဘဲ။
ရှင်မဿဲခရစ်ဝင် ၅:၁၁ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။
May God bless you
Ye ming