• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယေရှုဘုရားကိုယုံကြည်ခြင်းဆိုတာ

ဆရာရဲမင်း

10 月 9, 2024

ယေရှုဘုရားကိုယုံကြည်ခြင်းဆိုတာ…

၁။ယေရှုဘုရားကိုယုံလိုက်လို့အသက်တာမှာအခက်ခဲမရှိတာမဟုတ်ဘူး၊
အခက်ခဲကြားထဲကကိုးစားဘို့ ယေရှုဘုရားကိုလက်တွေ့ခံစားရလို့။

၂။ယေရှုဘုရားကိုယုံလိုက်လို့ဖျားနာခြင်းမရှိတာမဟုတ်ဘူး၊ဖျားနာခြင်းကနေဘုရားရဲ့ကုသခြင်းနှစ်သိမ့်ခြင်းရှိလို့

၃။ယေရှုဘုရားကိုယုံလိုက်လို့ချမ်းသာလာမှာမဟုတ်ဘူး၊
ဆင်းရဲချမ်းသာခြင်းအမျိုးမျိုးထဲကစစ်မှန်သောပြည့်စုံခြင်းရှိလို့။

၄။ယေရှုဘုရားကိုယုံလိုက်လို့ဘာမဆို100%မချောမွေ့နိုင်ဘူး၊မချောမွေ့မှုကနေလူဆိုတာအကန့်သတ်ရှိကြောင်းသိဖို့။

၅။ယေရှုဘုရားကိုယုံလိုက်လို့တောင်းတိုင်းလိုချင်တိုင်းဘုရားပေးမှာမဟုတ်ဘူး၊
ကိုယ်လိုချင်တာထက် လိုအပ်တာကိုဘုရားကပေးလို့။

၆။ယေရှုဘုရားကိုယုံကြည်ခြင်းဆိုတာအယူဝါဒတခုမဟုတ်ပါဘူး၊
ထာဝရဆိုတဲ့အစဉ်တည်မြဲပြီးမပျက်တဲ့သမ္မာတရားမို့လို့။

၇။ယေရှုဘုရားကိုယုံလိုက်ခြင်းဟာကုသိုလ်လုပ်နေခြင်းမဟုတ်ပါဘူး၊
စစ်မှန်တဲ့ဘုရားနဲ့ပတ်သက်မှုတည်ဆောက်ခြင်းပါလို့။

၈။ယေရှုဘုရားကိုယုံကြည်ခြင်းဟာမနက်ဖြန်မှလုပ်လို့ရတဲ့အရာမဟုတ်ပါဘူး၊
ချက်ချင်းနဲ့အမြန်ဆုံးဆုံးဖြတ်ရမဲ့သေရေးရှင်ရေးတခုဖြစ်လို့။

၉။ယေရှုဘုရားကိုယုံကြည်လိုက်တာဟာရှက်စရာမဟုတ်ဘူး၊ကောင်းကြီးရဲ့အစနဲ့ပညာရဲ့အချုပ်အချာဖြစ်လို့။

၁၀။ယေရှုဘုရားကိုယုံကြည်ခြင်းဟာအတင်းအဓမ္မမဟုတ်ပါဘူး၊
ဘယ်လိုဘယ်ရာရှင်းပြပြီး လူတိုင်းလွတ်လပ်စွာရွှေးချယ်ကိုးကွယ်ဖို့။

၁၁။ယေရှုဘုရားကိုယုံကြည်တာဟာနောင်ဘဝအတွက်ဘဲမဟုတ်ပါဘူး၊ဒီဘဝအတွက်လက်တွေ့ခံစားရဖို့။

၁၂။ယေရှုဘုရားကိုယုံကြည်ခြင်းဟာတယောက်တည်းခံစားဖို့မဟုတ်ပါဘူး၊
ကောင်းတာသိပြီးရင်သူတပါးကိုလည်းပြန်လည်မျှဝေပေးဖို့။

ချစ်သောမိတ်ဆွေ
ယေရှုဘုရားကိုယုံကြည်ခြင်းဆိုတာအရေးကြီးပေမဲ့
အတင်းအဓမ္မယုံခိုင်းလို့မရပါ။ကိုယ်တိုင်ဆုံးဖြတ်ချက်ပေါ်ဘဲမူတည်ပါတယ်၊ဒါပေမဲ့လူတိုင်းကိုယ့်ရွှေးချယ်မှုအပေါ်တာဝန်ယူကြရမှာဧကန်ပါဘဲ။ဒါကြောင့်စစ်မှန်သောဆုံးဖြတ်မှုဖြစ်ဖို့အရေးကြီးပါတယ်။