ယေရှုဘုရားသာလျှင်ပေးနိုင်သောအရာသုံးမျိုး
၁။အပြစ်လွတ်ခြင်းမှရသောငြိမ်သက်ခြင်း
ချစ်သောမိတ်ဆွေ၊မကောင်းမှုပြုတဲ့သူတွေဟာစိတ်ထဲမငြိမ်မသက်ဖြစ်တတ်ပါတယ်၊ဒါဟာအပြစ်နဲ့ဖုံးအုပ်သွားတဲ့ဩသပစိတ်တုန်လှုပ်လာခြင်းပင်။မကောင်းတာတခုခုလုပ်မိလျှင်ကောင်းမှုကုသိုလ်တခုခုနှင့်ချေချင်ကြစမြဲပင်၊စိတ်ငြိမ်သက်ခြင်းရဖို့လှူကြသည်၊တရားကျင့်ကြသည်။ဒါပေမဲ့များသောအားဖြင့်စစ်မှန်သောငြိမ်သက်ခြင်းကိုမရနိုင်ကြပါ။ကိုယ့်ကိုကိုယ်အပြစ်မရှိဘူးလို့ငြင်းနေပေမဲ့အတွင်းစိတ်ထဲမှာငြိမ်သက်ခြင်းမရှိတာကကိုယ်တာအသိဆုံးပင်။ဒါကြောင့်ယေရှုဘုရားအပြစ်သားတွေအတွက်အသေခံဖို့ရန်လောကသို့ကြွလာရခြင်းဖြစ်သည်၊ဤတွင်ခရစ်စမတ်လုပ်နေရခြင်း၏အဓိကအချက်ဖြစ်သည်။မြည်းစမ်းကြည့်ပါမိတ်ဆွေ။သမ္မာကျမ်းရှင်ယောဟန်ခရစ်ဝင် အခန်းကြီး၁၄အခန်းငယ်၂၇မှာယေရှုပြောခဲ့တာကတော……
” ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။”လို့ပြောထားပါတယ်။
၂။မပြောင်းလဲသောချစ်မေတ္တာ
လူသားအားလုံးတကယ်လိုလားကြတာငွေမဟုတ်ပါဘူး၊စစ်မှန်သောချစ်ခြင်းဖြစ်ပါတယ်မိတ်ဆွေ၊ဒါပေမဲ့လောကမှာရှိတဲ့အချစ်တွေဟာဖောက်ပြန်မှုနဲ့၊ပြောင်းလဲလွယ်တဲ့အချစ်တွေပါ။ဖောက်ပြန်ပြောင်းလဲတတ်တဲ့အချစ်ကြောင့်ဒဏ်ရာတွေနဲ့လူးလိမ့်နေကြရပါတယ်၊ဒီချိန်မှာဖောက်ပြန်မှုမရှိတဲ့အချစ်မျိုးပြောင်းလဲခြင်းမရှိတဲ့အချစ်မျိုးကိုအားလုံးတောင့်တနေတတ်ကြပါတယ်။သခင်ယေရှုမွေဖွားလာခဲ့တာဟာလူသားအားလုံးအတွက်အဂ္ဂ ါပေအချစ်နဲ့ထာဝရချစ်သွားဖို့ဘဲဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေကိုပျက်စီးခြင်းမရောက်စေချင်တာပါ။သမ္မကျမ်းရှင်ယောဟန်ခရစ်ဝင် အခန်းကြီး၃အငယ်၁၆မှာဒီလိုပြောထားပါတယ်……
“ဘုရားသခင်၏သားတော်(ယေရှု)ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။”တဲ့။
၃။ထာဝရအသက်
လူတိုင်းတနေ့သေရမှာပါမိတ်ဆွေ၊သေခြင်းကိုလူသားတိုင်းမလိုလားကြတာအမှန်ပါ။ဒါကြောင့်ယေရှုဘုရားမွေးဖွားလာရခြင်းဟာလူသားတိုင်းကိုထာဝရအသက်ပေးဖို့ဖြစ်ပါတယ်။ယေရှုဘုရားဟာသူမွေးဖွားလာမှယေရှုဆိုတာရှိလာတာမဟုတ်ပါဘူး၊ ဘာအကျင့်ကိုကျင့်လို့ဘုရားဖြစ်သွားတာလည်းမဟုတ်ပါ။မမွေးဖွားခင်ကကောင်းကင်ဘုံမှာထာဝရအသက်ရှင်နေတဲ့ဘုရားပါမိတ်ဆွေ။လူသားတွေကိုအပြစ်ကနေကယ်နုတ်ပြီးထာဝရအသက်ပေးချင်လို့အပျိုကညာဝမ်းငှားပြီးမွေးလာတာပါ။ဒါကြောင့်သူသာလျှင်ထာဝရအသက်ကိုပေးနိုင်တဲ့ဘုရားဖြစ်ကြောင်းသမ္မာကျမ်းစာရှင်ယောဟန်ခရစ်ဝင်အခန်းကြီး ၆အခန်းငယ်၄၀မှာဒီလိုပြောထားပါတယ် ……
” သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကိုရစေခြင်းငှါ၎င်း အလိုတော်ရှိ၏။ ငါသည်လည်းနောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။”လို့မှတ်သားထားပါတယ်။
ယေရှုကိုအမြန်ယုံကြည်လက်ခံလိုက်ပါမိတ်ဆွေ။
Ye Ming(ပတ္တမြားမြေ)