• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ပြောင်းလဲစေသောဘုရား

ဆရာရဲမင်း

10 月 12, 2024

ပြောင်းလဲစေသောဘုရား

ယာကုပ်
အဖေနဲ့အကိုရင်းကိုတောင်လည့်ဖြားတယ်၊
အသက်အန္တာယ်ကြုံလာတဲ့ချိန်မိန်းမနဲ့ကလေးကိုဓားစာခံအဖြစ်ရှေ့တန်းသွားခိုင်းစေခဲ့တယ်။ဒါပေမဲ့ဘုရားသခင်မတတ်နိုင်တာမရှိဘူး၊သူ့ကို က္ကုသရေလအဖြစ်ပြောင်းလဲစေခဲ့တယ်။ဟာလေလုယာ။

ယောဟန်
စိတ်ကြီးဝင်တတ်တယ်၊ဒေါသကြီးတယ်၊စကားတခွန်းလေးနဲ့လူကိုကောင်းကင်မီးနဲ့လောင်စေဖို့သခင်ယေရှုကိုတောင်းခံတယ်။ဒါပေမဲ့ဘုရားသခင်မတတ်နိုင်တာမရှိဘူး၊
မိုကြိုးသားလို့ခေါ်သွင်ခံရတဲ့ယောဟန်ကနောက်ပိုင်းမှာဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်ကြောင်းဟောတဲ့သူဖြစ်လာခဲ့တယ်။ဟာလေလုယာ။

ပေါလု
ခရစ်ယာန်တွေကိုဖမ်းဆီးနှိပ်စက်တဲ့သူ၊သတေဖန်အသတ်ခံရတာကိုနှစ်သက်နေတဲ့သူ၊
ဘုရားအတွက်လုပ်ဆောင်နေသမျှဘုရားနဲ့ဆန့်ကျင်ဖက်ဖြစ်နေသူ။ဒါပေမဲ့ဘုရားသခင်မတတ်နိုင်တာမရှိဘူး၊သူ့ကိုတပါးအမျိုးသားတွေရဲ့တမန်တော်ကြီးဖြစ်စေခဲ့တယ်။ဟာလေလုယာ။

ပေတရု
သခင်ဘုရားကိုသုံးကြိမ်ငြင်းခဲ့ပြီးတကာလ၊ငါးဖမ်းတံငါဘဝကိုပြန်သွားလုပ်နေတဲ့သူ၊ဒါပေမဲ့ဘုရားသခင်မတတ်နိုင်တာမရှိဘူး၊နောက်တဖန်ငါးဖမ်းနေတဲ့သူ့ဆီပြန်လာခေါ်ဖိတ်ပြီး၊သိုးတွေကိုပြုစုဖို့ရန်မှာကြားခဲ့တယ်။တကယ်လဲဘုရားအမှုတော်မှာနောင်လာနောက်သားတွေရဲ့စံဖြစ်ခဲ့တယ်။ဟာလေလုယာ။

ချစ်သောမိတ်ဆွေ
ကယ်ဆေးမရှိတော့ဘူးလို့ကိုယ့်ကိုကိုယ်ထင်နေသလား?သို့မဟုတ်ဒီတယောက်တော့ကယ်ဆေးမရှိတော့ဘူးလို့ထင်ဘူးသလား?မျှော်လင်ချက်မဲ့နေလား?ယေရှုဘုရားမတတ်နိုင်တာမရှိပါဘူးမိတ်ဆွေ၊လူကိုနောင်တနဲ့ပြောင်းလဲစေတဲ့ဘုရားပါ။ဟာလေလုယာ၊အာမင်။

ကျမ်းချက်
မဿဲ ၁၉:၂၆…ဤအမှုကိုလူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ် သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။