သခင်ဘုရားနေ့ကိုခိုးသုံးသောသူ
တနေ့သောအခါဝယ်…
ဦးလူကောင်းတယောက်ပိုက်ဆံတစ်ထောင်တန်ခုနှစ်ရွက်(7000ks)ရှိတာလေးယူပြီးဈေးသို့ထွက်လာသည်။လမ်းတနေရာတွင်…သူတောင်းစားတယောက်လမ်းဘေးမှာသနားစရာတောင်းစားနေပြီးထမင်းမစားရသေးကြောင်းအိမ်ကကလေးတွေလည်းမစားရသေးကြောင်း…ဆိုပြီးတောင်းလေသည်။ဦးလူကောင်းလည်းဒါကိုကြားတွေ့ပြီးသနားစိတ်သက်မိသွားသည်။ဒါပေမဲ့ကိုယ်ကလည်းထမင်းမစားရသေး…။
အင်း…ငါ့အတွက်တထောင်ကျန်ရင်ရပြီလေလို့တွေးပြီးဦးလူကောင်းသည်အိတ်ထဲမှတထောင်တန်ခြောက်ရွက်ထုတ်ပြီးသူတောင်းစားကိုပေးလိုက်လေသည်။သူတောင်းစားသည်ဦးလူကောင်းပေးသော၆ထောင်ယူပြီး၊နောက်ကျန်ငွေတထောင်ကိုလည်းလိုချင်သောကြောင့်…ဦးလူကောင်းလှည့်အပြန်မှာကျန်တစ်ထောင်ကိုလဲသူတောင်းစားကခါးပတ်နိုက်သွားသည်။
မိတ်ဆွေ…ဒီသူတောင်စားကတော့ကျေးဇူးကန်းလိုက်တာလို့ပြောမလား?ကျေးဇူးတောင်မတင်ဘဲကျေးဇူးကန်းလိုက်တာပြောမလားမိတ်ဆွေ၊ခါးပတ်နိုက်ကိုဦးလူကောင်းမိသွားရင်ကော?ပေးကမ်းခြင်းစွန့်ကြဲခြင်းသနားခြင်းတို့နှင့်မတန်တဲ့သတောင်းစားပါလားမိတ်ဆွေ။
ဒီသူတောင်းစားကအခြားလူမဟုတ်ပါ၊သင်နှင့်ကျွန်ုပ်ပင်လျှင်။
ဟုတ်ပါသည်သင်နှင့်ကျွန်ုပ်ဖြစ်သည်။
ဘုရားသခင်ကကျွန်ုပ်တို့အပြစ်သားမထိုက်တန်တဲ့သူတွေတွက်တရက်၂၄နာရီအပြည့်နှင့်ခြောက်ရက်ပေးထားခဲ့ပြီ၊ကျန်တရက်ကိုဘုရားကငါ့ကိုလာဝတ်ပြု ကြပါဆိုပြီးချန်ထားတာသင်နှင့်ကျွန်ုပ်ခိုးသုံးခဲ့ပြီမဟုတ်လားမိတ်ဆွေ။ဒါကြောင့်ကိုယ်မှားနေမှန်းသိရင်အမြန်ပြောင်းလဲပါမိတ်ဆွေ၊သခင်ဘုရားနေ့ဟာဘုရားသခင်အတွက်ဖြစ်စေပါ။ဘယ်လောက်ဘဲအရေးကြီးကိစ္စရှိပါစေဘေးချိတ်ထားလိုက်ပါမိတ်ဆွေ၊တနင်္ဂနွေတစ်ရက်အလုပ်မလုပ်တာလေးနဲ့ထမင်းမငတ်သွားပါမိတ်ဆွေ၊ဘုရားသခင်အားလုံးကိုကောင်းကြီးပေးပါစေ။အာမင်
ye ming(ပတ္တမြားမြေ)