• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

လူဆိုတာတအားတော်တယ်ဒါပေမဲ့ပျော့လွန်းပြန်တယ်!

ဆရာရဲမင်း

10 月 15, 2024

လူဆိုတာတအားတော်တယ်ဒါပေမဲ့ပျော့လွန်းပြန်တယ်!

လူ…တအားတော်တယ်၊တိုက်မြင့်တွေဆောက်နိုင်တယ်။
ဒါပေမဲ့အုပ်ခဲတချပ်တည်းနဲ့သေသွားနိုင်တယ်။လူကပျော့လွန်းပြန်တယ်…

လူ…တအားတော်တယ်၊လမ်းပမ်းဆက်သွယ်ရေးခရီးသွားသယ်ဆောင်ရေးကားအမျိုးမျိုးထွင်နိုင်တယ်။
ဒါပေမဲ့ထွင်ထားတဲ့ဘီးအောက်မှာ
သေနေတတ်ကြတာဒီနေ့ထိဘဲ။လူကပျော့လွန်းပြန်တယ်…

လူ…တအားတော်တယ်၊ဂတ်စ်ကိုတွေ့ရှိပြီးနေရာအမျိုးမျိုးမှာပိုအစဉ်ပြေအောင်အသုံးပြုသွားနိုင်တယ်။
ဒါပေမဲ့ဂတ်စ်ပေါက်ကွဲမူကြောင့်မိသားစုတွေသေနေကြရတာဒီနေ့ထိဘဲ။လူကပျော့လွန်းပြန်တယ်…

လူ…တအားတော်တယ်၊အဆိပ်အမျိုးမျိုးတီထွင်ဖော်ဆက်နိုင်ကြတယ်။ဒါပေမဲ့ဒီအဆိပ်နဲ့ကိုယ့်ကိုကိုယ်အဆုံးစီရင်လိုက်ကြတာဒီနေ့ထိဘဲ။လူကပျော့လွန်းပြန်တယ်…

လူ…တအားတော်တယ်၊
ဆေးပညာအမျိုးမျိုးတီထွင်ဖော်ဆက်ပြီး၊ကိုယ်တိုင်ဆရာဝန်အဖြစ်နဲ့သူများရောဂါကိုကုပေးနိုင်ကြတယ်။ဒါပေမဲ့ရောဂါပိုးသေးသေးလေးနဲ့အသက်ပျောက်သွားနိုင်တာဒီနေ့ထိဘဲ။လူကပျော့လွန်းပြန်တယ်…

လူ…တအားတော်တယ်၊ဘာသာစကားအမျိုးမျိုးသင်ယူတက်မြောက်နိုင်ပြီး၊ဆောင်းပါးအမျိုးမျိုးရေးနိုင်ကြတယ်။
ဒါပေမဲ့ စကားတခွန်းကြောင့်ဘဝပျက်သွားနိုင်ကြတာဒီနေ့ထိဘဲ။လူကပျော့လွန်းပြန်တယ်…

လူ…တအားတော်တယ်၊လူစုလူဝေးအများကြီးဖြစ်အောင်ဖန်တီနိုင်ကြတယ်။ဒါပေမဲ့အထီးကျန်သလိုခံစားနေရတာဒီနေ့ထိရှိကြတယ်။လူကပျော့လွန်းပြန်တယ်…

လူ…တအားတော်တယ်၊သူဌေးဖြစ်အောင်လုပ်နိုင်တယ်။ဒါပေမဲ့သေရင်ဘာမှသယ်မသွားနိုင်ကြဘူး၊လူကပျော့လွန်းပြန်တယ်…

လူ…တအားတော်တယ်၊အမျိုးမျိုးသောအရာကိုထိန်းချုပ်ထားနိုင်တယ်၊ဒါပေမဲ့ကိုယ့်လျှာကိုမထိန်းချုပ်ထားနိုင်ကြဘူး၊လူကပျော့လွန်းပြန်တယ်…

လူ…တအားတော်တယ်၊မိုးလေဝသနဲ့အမျိုးမျိုးကိုမဖြစ်ခင်သိနိုင်ကြတယ်။
ဒါပေမဲ့ကိုယ့်အနာဂတ်ဘာဖြစ်မလဲဆိုတာမသိနိုင်ကြဘူး၊လူကပျော့လွန်းပြန်တယ်…

လူ…တအားတော်တယ်၊ဒါပေမဲ့ကိုယ့်ကိုကိုယ်မနိုင်ကြဘူး။
လူ…တအားတော်တယ်၊ဒါပေမဲ့အပြစ်တရားကိုမနိုင်ကြဘူး။
လူ…တအားတော်တယ်၊ဒါပေမဲ့ငြိမ်သက်ခြင်းမရနိုင်ကြဘူး။
လူ…တအားတော်တယ်၊ဒါပေမဲ့လွတ်လပ်ခြင်းမရှိကြဘူး။
လူ…တအားတော်တယ်၊ဒါပေမဲ့ပြီးပြည့်စုံခြင်းမရှိကြဘူး။
လူ…တအားတော်တယ်၊ဒါပေမဲ့နက်ဖြန်ဘာဖြစ်မလဲမသိနိုင်ဘူး။
လူ…တအားတော်တယ်၊ဒါပေမဲ့ပျော့လွန်းပြန်တယ်……

ကျမ်းချက်
ယေရှုက…ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏အလင်းကိုရလိမ့်မည်ဟု မိန့်တော်မူ၏။ ယော ၈း၁၂