ဖခင်(၅)မျိုးရဲ့သားသမီးများ
Ye Ming(ပတ္တမြားမြေ)
၁။သေကွဲ/ရှင်ကွဲနေတဲ့ဖခင်မျိုး
လောကကြီးမှာအဖေမရှိတဲ့သားသမီးဆိုတာမရှိပါဘူး၊အဖေဘယ်သူမှန်းမသိခဲ့ရတဲ့သားသမီးနဲ့၊အဖေနဲ့ရှင်ကွဲ၊သေကွဲကွဲနေရတဲ့သားသမီးတွေတော့ရှိပါတယ်။အလုပ်ကြောင့်သားသမီးဘေးမှာအချိန်အကြာကြီးမနေပေးနိုင်တဲ့ဖခင်တွေတချို့လည်းရှိပါမယ်။ဒီလိုသားသမီးဟာဖခင်မေတ္တာကိုဆာငတ်ကြပေမယ့်အပြည့်မရခဲ့ကြသူတွေပါ။ဒါပေမယ့်စိတ်မပျက်ဝမ်းမနည်းပါနဲ့၊ကောင်းကင်အဖရှိပါသေးတယ်။ဒီအဖဘုရားဟာသင့်အနားမှာထာဝရရှိနေတဲ့ဖခင်ပါ။အာမင်။
၂။အချစ်ထက်ဒေါသကြီးတဲ့ဖခင်မျိုး
သားသမီးကိုချစ်ပေမယ့်ဒေါသစိတ်ကြီးတဲ့ဖခင်၊သားသမီးကိုဆုံးမလိုက်ရင်ခြေလွန်လက်လွန်ဖြစ်တတ်တဲ့ဖခင်မျိုးလည်းရှိပါတယ်။ဒီလိုဖခင်မျိုးရှိနေတဲ့သားသမီးတွေအတွက်တော့အချစ်ဆိုတာထက်စိတ်ဒဏ်ရာရသွားနေမြဲပါဘဲ။ဒါကိုကောင်းကင်အဖဘုရားရဲ့အချစ်နဲ့နားလည်မှုမယူရင် လောကဖခင်ရဲ့မေတ္တာစစ်ကိုနားမလည်နိုင်ဘဲရေရှည်စိတ်ဒဏ်ရာဖြစ်သွားနိုင်ပါတယ်။
၃။အကန်းဖခင်ဆိုးမျိုး
သားသမီးကိုမချစ်ဘဲနှိပ်စက်ကျိန်ဆိုတဲ့ဖခင်တချို့ရှိနေကြပါသေးတယ်၊ယနေ့လူ့ဝန်းကျင်မှာဖခင်အရင်းလားတောင်သံသယဖြစ်စေလောက်တဲ့အထိရက်စက်လှတဲ့ဖခင်တချို့ကြားဖူးကြမှာပါ(ကုန်ကုန်ပြောရရင်ကိုယ့်သမီးကိုတောင်အလွတ်မပေးတဲ့ဖခင်အကန်းမျိုး)။ဒီလိုဒဏ်ရာဒဏ်ချက်တွေနဲ့ကြီးပြင်းလာတဲ့သားသမီးအဖို့ဖခင်များနေ့(ဖခင်မေတ္တာ)ဆိုတာဘာမှန်းမသိ၊ခါးသီးရွံ့ရှာနေတဲ့အရာပါ။ဒီလိုသားသမီးတွေအတွက်ဖခင်မေတ္တာခံစားရဖို့တခုတည်းသောနည်းလမ်းကခရစ်တော်ကိုယုံကြည်လက်ခံ၊ကောင်းကင်အဖနဲ့ပတ်သတ်မှုတည်ဆောက်ပြီး၊သူ့အချစ်တွေကိုခံစားမိဖို့ပါဘဲ။အာမင်။
၄။ချစ်နည်းမှားတဲ့ဖခင်မျိုး
သားသမီးကိုချစ်ပေမယ့်ချစ်တဲ့နည်းမမှန်ဘဲအမြဲတမ်းအနူတ်လက္ခာဏာဖက်သာပြောဆိုပြီးစိတ်ပျက်ပြနေတတ်တဲ့ဖခင်မျိုးလည်းရှိပါသေးတယ်။ကိုယ်တိုင်အဲလိုစိတ်ပျက်ပြနေတာကိုကသားသမီးကိုချစ်နေတာလို့ခံယူနေတတ်တဲ့ဖခင်မျိုးပါ။ဒါကိုယုံကြည်သူသားသမီးတွေနားလည်ပေးဖို့လိုသလို၊လောကဖခင်ရဲ့မပြည့်စုံမှုကိုမြင်တတ်ပြီး၊သာ၍ပြည့်စုံတဲ့အဖဘုရားသခင်ရဲ့အချစ်နဲ့ပြန်လည်တည်ဆောက်တတ်ဖို့လိုပါတယ်။
၅။ယုံကြည်သူဖခင်ကောင်းမျိုး
သားသမီးကိုနားလည်ပေးတတ်တယ်၊အလိုမလိုက်ဘဲချစ်တတ်တယ်၊သမ္မာတရားအရဆုံးမပဲ့ပြင်တတ်တယ်၊ဒေါသထိန်းချုပ်တတ်တယ်၊အမှားကိုထောက်ပြပြီးမေတ္တာနဲ့ပြုပြင်ပေးတတ်တယ်၊သားသမီးတွေကိုပါးစပ်နဲ့ဘဲမဟုတ်လက်တွေ့စံပြပေးတတ်တယ်။ စောင့်ထိန်းကွယ်ကာရှာကြွေးအိမ်ထောင်တာဝန်ကျေတတ်တယ်။ဒီလိုဖခင်မျိုးမှာချွင်းချက်မရှိတာတော့မဟုတ်ဘူး၊ကြိုးစားပြီးအကောင်းဆုံးဖြစ်အောင်လုပ်တဲ့ဖခင်ပါ။ဒီလိုဖခင်ရှိတဲ့သားသမီးတွေအတွက်ဖခင်မေတ္တာကိုအပြည့်ခံစားရပြီး၊ထာဝရဖခင်ရဲ့မေတ္တာဟာဒီထက်အဆပေါင်းမျာစွာသာလွန်ကြောင်းနားလည်လာနိုင်မှာပါ။
ကျမ်းချက်
(ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်။ဆာလံကျမ်း 27:10 )
(ထိုသို့သင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သော သားတော်၏ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ၏။ဂလာတိဩဝါဒစာ4:6 )
(ထိုသူကိုလက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ရှင်ယောဟန်ခရစ်ဝင်1:12 )
( “ငါသည် မည်သည့်အခါမျှ သင့်ကိုစွန့်ခွာမည်မဟုတ်။ မည်သည့်အခါမျှ သင့်ကိုပစ်ပယ်မည်မဟုတ်” ဟု ကိုယ်တော်မိန့်တော်မူ၏။ဟေဗြဲဩဝါဒစာ 13:5)။
Ye Ming(ပတ္တမြားမြေ)