• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မိခင်ကျေးဇူးဆိုင်ရာအဆိုအမိန့်များ

ဆရာရဲမင်း

10 月 17, 2024

မိခင်ကျေးဇူးဆိုင်ရာအဆိုအမိန့်များ

၁။ကျွန်တော်အခုဘယ်လိုအောင်မြင်ပြီးနောက်နောင်ဘယ်လိုဖြစ်လာပါစေ၊အရာအားလုံးဟာအမေရဲ့ကျေးဇူးကြောင့်ပါ။အမေ့ရဲ့ဆုတောင်းပေးခြင်းဟာငယ်ငယ်ကစခုထိကျွန်တော်ကိုအဖော်ပြုပေးနေတုန်းမို့ပါ။
(၁၆ယောက်မြောက်အမေရီကန်သမ္မတအေဘရာဟင်လင်ကွန်း
Abraham Lincoln)

၂။ကျွန်တော်တွေ့ဖူးသမျှအမျိုးသမီတွေမှာအမေဟာအလှပဆုံးပါ။ကျွန်တော်ဘဝတခုလုံးကအောင်မြင်မှုတိုင်းဟာအမေရဲ့သွန်သင်ဆုံးမခဲ့တဲ့ကျေးဇူးကြောင့်ပါ။
(ပထမဦးဆုံးအမေရီကန်သမ္မတ
ဂျော့ချ်ဝါရှင်တန်George Washington)

၃။အမေလိုနူးညံ့တဲ့အမျိုးသမီးခုထိမတွေ့ဖူး‌သေးပါ၊နူးညံ့ပြီးခြင်္သေ့ကြီးပမာရဲစွမ်းသတ္တိရှိသူပါ။အမေရဲ့ဆုံးမသွန်သင်မှုဟာကျွန်တော်ဘဝတိုးတက်ခဲ့တဲ့အခြေခံပါ။
(၇ယောက်မြောက်အမေရီကန်သမ္မတအင်ဒရူးဂျက်ဆန်
Andrew Jackson)

၄။အမေကောင်းတစ်ယောက်ဟာဆရာပေါင်းတစ်ရာနဲ့ညီမျှပါမယ်။
(အင်္ဂလန်စာရေးဆရာဂျော့ချ် ဟာဘတ်George Herbert)

၅။နုပျိုခြင်းနဲ့ခင်မင်မှုအချစ်တွေကြွေလွင့်သွားတတ်ပေမယ့်၊မိခင်ရဲ့မေတ္တာကတော့ဒီအရာတွေထက်ကြာရှည်ခံပါတယ်။
(အမေရီကန်စာရေးဆရာOliver Wendell Holmes)

၆။မာတာမိခင်ကျေးဇူးရှင်ရဲ့ပုခုံးကမေတ္တာနဲ့တည်ဆောက်ထားတော့သားသမီး‌တွေမှီအိပ်တာမပျော်ဘဲနေမလား?
(ပြင်သစ်နိုင်ငံရေးပညာရှင်Victor Marie Hugo)

၇။‌လောကမှာအလှပဆုံးအသံဟာအမေ့ရဲ့‌ ခေါ်သံပါဘဲ။
(အီတလီစာရေးဆရာDante Alighieri)

၈။အမေ့မေတ္တာရှိတဲ့နေရာဟာသားသမီးတွေအပျော်ဆုံးနေရာပါ။
(အင်္ဂလန်ဆိုရိုးစကား)

၉။အမေ့ရဲ့‌ပေးဆပ်ခြင်းနဲ့ပျိုးထောင်ပေးခြင်းသာမရှိခဲ့ရင်သားသမီးတွေရဲ့ရှေ့ရေးဟာယောင်ဝါးဝါးပါဘဲ။
(အင်္ဂလန်ဆိုရိုးစကား)

၁၀။အမျိုးသမီးတွေဟာပျော့ညံ့ကြတာရှိတတ်ကြပေမယ့်၊အမေတိုင်းလိုလိုကတော့သားသမီး‌တွေအတွက်သန်မာကြပါတယ်။
(ပြင်သစ်ဆိုရိုးစကား)

၁၁။မိဘကိုရိုသေလုပ်ကြွေးတဲ့သားသမီးတိုင်းဟာ၊လောကမှာအသက်ရှည်ပြီးမုချကောင်းစားကြလိမ့်မယ်။
(သမ္မာကျမ်းစာတော်မြတ်)

၁၂။မိဘကိုမရှာကြွေး၊မကြည့်ရှု၊မစောင့်ရှောက်တဲ့သူဟာ၊ခရစ်ယာန်တောင်မခေါ်ထိုက်၊မယုံကြည်သူထက်တောင်ယုတ်မာတဲ့သူဖြစ်ပါတယ်။
(သမ္မာကျမ်းစာတော်မြတ်)