မေး-ဝိညာဉ်ဆုကျေးဇူးဆိုတာဘာလဲ?
ဖြေ-ခရစ်ယာန်တွေမှာဝိညာဉ်ဆုကျေးဇူးရှိတယ်မရှိဘူးလို့ပြောဆိုတာကြားဖူးမှာပါ၊ဘုရားသခင်ကနေသူ့ကိုယုံကြည်သူတွေကိုပေးတဲ့အခွင့်အာဏာလုပ်နိုင်ခြင်းတခုခုဖြစ်ပါတယ်၊ကြိုးစားပြီးရတာဝိညာဉ်ဆုကျေးဇူးပြောမရပါ၊ယုံကြည်ပြီးဘုရားကိုတောင်းခံခြင်းဖြင့်သော်လည်းကောင်း၊ဘုရားသူ့အလိုတော်တိုင်းသော်လည်းကောင်းမတူညီသောအရာကိုပေးတဲ့သဘောပါ။ကျမ်းစာထဲမှာဥပမာပေးထားတဲ့ဆုကျေးဇူးတွေကတော့ဓမ္မဆရာဆုကျေးဇူး၊ဆုံးမဩဝါဒပေးတတ်တဲ့ဆုကျေးဇူး၊နိူးဆော်သွေးဆောင်တတ်တဲ့ဆုကျေးဇူး၊အစွန့်အကျဲနဲ့မစသနားတတ်သောဆုကျေးဇူး၊ယုံကြည်ခြင်းဆုကျေးဇူး၊အနာရောဂါကို ငြိမ်းစေနိုင်သောဆုကျေးဇူး၊တန်ခိုးကိုပြနိုင်သောဆုကျေးဇူး၊ပရောဖက်ပြုနိုင်သောဆုကျေးဇူး၊စိတ်ဝိညာဉ်တို့ကို ပိုင်းခြား၍သိနိုင်တဲ့ဆုကျေးဇူး၊အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောဆုကျေးဇူး၊ဘာသာစကား၏အနက်ကို ဖော်ပြနိုင်သော ဆုကျေးဇူး၊(၁ကော၁၂:၉-၁၀)တွေရှိပါတယ်။ဆုကျေးဇူးထဲမှာအကြီးမားဆုံးသောဆုကျေးဇူးကတော့ချစ်ခြင်းမေတ္တာဘဲဖြစ်ပါတယ်။ဒီဆုကျေးဇူးရှိသမျှဟာခရစ်တော်ဘုန်းထင်ရှားဖို့နဲ့ဧဝံဂေလိကြယ်ပြန့်ဖို့၊ယုံကြည်သူတွေကြီးထွားတိုးတက်ဖို့အတွက်ဘဲဖြစ်ပါတယ်။ဒီအရာကိုဦးမတည်ဘဲလုပ်နေတဲ့ဆုကျေးဇူးကတောစာတန်ကလာတဲ့ကွဲပြားခြင်းဘဲဖြစ်ပါလိမ့်မယ်။
Ye Ming(ပတ္တမြားမြေ)