• 周六. 5 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ပရောဖက်ဆိုတာဘာလဲ?

ဆရာရဲမင်း

10 月 7, 2024

မေး-ပရောဖက်ဆိုတာဘာလဲ?

ဖြေ-ပရောဖက်ဆိုတာလဲမြန်မာစကားလုံးမဟုတ်ပါဘူး၊ဂရိလိုπροφήτης(ပရိုဖိတီ)ကနေအသံဖလှယ်ယူထားတာဖြစ်ပြီးအဓိပ္ပာယ်ကရှေ့ဖြစ်မယ့်အရာကိုဟောကြားသူ၊ဘုရားစကားကိုတဆင့်ခံပြောသူဖြစ်ပါတယ်။ဟေဘရူးလိုကတော့נָבִיא(နဗိ)လို့ခေါ်ပြီးအဓိပ္ပာယ်ကပြောရေးဆိုခွင့်ရှိသူဖြစ်ပါတယ်၊ဘုရားသခင်ရဲ့စကားတော်သယ်ဆောင်သူလို့လဲခေါ်ကြပါတယ်။ကနဦးမှစယနေ့တိုင်ပရောဖက်အစစ်ရှိသလိုအတုလဲရှိခဲ့ဘူးပါတယ်၊ယနေ့ကျေးဇူးတော်ခေတ်မှာပရောဖက်ဆိုပြီးသီးသန့်ခန့်အပ်ထားခြင်းမရှိတော့ပေမယ့်၊သမ္မာကျမ်းစာကိုမှန်မှန်ကန်ကန်ဟောသူတိုင်းပရောဖက်တွေလို့ပြောရမှာပါ။ယနေ့တိုင်အောင်သမ္မာကျမ်းစာဘုရားနူတ်ကပတ်တော်ကိုမှန်မှန်ကန်ကန်ဟောသောသူရှိသလိုအစွန်းရောက်သူနဲ့လွဲမှားစွာဟောသူလဲရှိနေဆဲပါ။

Ye Ming(ပတ္တမြားမြေ)