• 周六. 5 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယဇ်ပရောဟိတ်ဆိုတာဘာလဲ?

ဆရာရဲမင်း

10 月 7, 2024

မေး-ယဇ်ပရောဟိတ်ဆိုတာဘာလဲ?

ဖြေ-မူရင်းဟေဘရူးလိုכֹּהֵן (ခေါ်ဟန်းနာ)ကနေဆင်းသက်လာပါတယ်၊အဓိပ္ပာယ်ကရပ်နေသူဖြစ်ပါတယ်။လူနဲ့ဘုရားကြားမှာတဆင့်ခံကူညီသူတွေပါ၊ယဇ်ဆိုတာပူဇော်သကာဖြစ်ပြီးပရောဟိတ်ဆိုတာဦးဆောင်ကူညီသူဖြစ်ပါတယ်။ဓမ္မဟောင်းမှာဘုရားသခင်ကဣသရေလ၁၂မျိုးထဲကလေဝိအမျိုးကိုရွှေးကောက်ပြီးယဇ်ပရောဟိတ်အပါအဝင်ဗိမာန်တော်မှာအမြဲ”ရပ်နေသူ”အခြားလူတွေအတွက်ကိုးကွယ်မှုဆိုင်ရာတာဝန်ယူလမ်းပြကူညီအစေခံသူအဖြစ်လုပ်စေခဲ့ပါတယ်။ယနေ့ကျေးဇူးတော်ခေတ်မှာတော့ယုံကြည်သူတိုင်းကိုဘုရားသခင်ကယဇ်ပရောဟိတ်အဖြစ်သတ်မှတ်ပေးနေပါပြီ(၁ပေ၂:၉)။ဒီထဲမှနေပြီးအထူးတာဝန်ပေးခံရတဲ့သူဆိုပြီးအချိန်ပြည့်အမှုတော်ဆောင်တွေရှိလာပါတယ်၊ဒီခေါင်းဆောင်တွေမှတဆင့်ကိုးကွယ်မှုကိုဦးဆောင်ပြီးအလိုတော်နဲ့ညီအောင်သွန်သင်လမ်းပြနေကြရတာပါ။

Ye Ming(ပတ္တမြားမြေ)