ဘုရားသခင်ကငွေ၅၇ပြားကိုဘယ်လိုအသုံးပြုသလဲ?(57Cents)
၁၈၉၄ခုနှစ်၊အမေရိကန်ဓမ္မဆရာတပါး၊အသင်းတော်ငယ်လေးမှာသင်းအုပ်လုပ်နေပါတယ်၊ကလေးတွေကိုဆန်းဒေးစကူးလည်းသင်ပေးသတဲ့။တရက်တော့ဟိုင်ဒိဆိုတဲ့အလွန်ဆင်းရဲသောကလေးမလေးတယောက်ဟာဘုရားကျောင်းတံခါးအပြင်မှာငိုနေတာကိုသင်းအုပ်ကတွေ့လိုက်တယ်၊ငိုရင်းပါးစပ်မှာလဲဆန်းဒေးစကူးမတတ်ရတော့ဘူးဒီနေ့..
ဆိုပြီးပြောနေသတဲ့။ဒါနဲ့ဓမ္မဆရာကသေချာကြည့်လိုက်တော့ဘုရားကျောင်းထဲလူပြည့်ကြပ်နေလို့သူ့မှာနေရာမရလို့ငိုနေတာကိုး၊သင်းအုပ်ဆရာကလည်းစိတ်မကောင်းစွာနဲ့သူ့ကိုနေရာရအောင်ကြားညပ်ပေးလိုက်တာပေါ့လေ။
ကလေးမဟိုင်ဒိဟာညနေပိုင်းအိမ်ရောက်ပြီးအိပ်ယာထဲမှာစဉ်းစားတယ်၊ငါဒီနေ့ဆန်းဒေးစကူးတက်လိုက်ရတာပျော်လိုက်တာ၊ဒါပေမဲ့ငါ့လိုဆင်းရဲမွဲတေပြီးဆန်းဒေးစကူးတက်ချင်တဲ့ကလေးတွေကကော?အင်း…ငါတို့ဘုရားကျောင်းကသေးပြီးကြပ်နေတာကိုး၊ဘယ်ဆန့်တော့မှာလဲ၊ငါ့လိုကလေးတွေဘယ်လောက်များဆန်းဒေးစကူးတက်ချင်ကြမလဲမသိဘူး…။
ဟိုင်ဒိဟာမနက်မိုးလင်းတာနဲ့ဒါဘဲစဉ်းစားနေသတဲ့၊ကျောင်းသွားရင်းစဉ်းစားနေတုန်းဘုရားကျောင်းကဓမ္မဆရာနဲ့တိုးတော့၊ဓမ္မဆရာက ကလေးမမျက်နာကြည့်ပြီးရိပ်မိသွားလို့ဒီလိုလေးနှစ်သိမ့်ရှာပါတယ်”စိတ်ချပါသမီး၊ဆရာတို့အလှူငွေပြည့်သွားရင်ဘုရားကျောင်းအကြီးကြီးဆောက်တော့မယ်လေ၊အဲဒီအခါကျမှကလေးတွေအားလုံးနေရာလုစရာမလိုဘဲနေရာအကျယ်ကြီးမှာတက်ရမယ်နော်”ဟုချော့မော့ပြောဆိုသည်။
ဒီလိုနဲ့၂နှစ်ကြာသွားတဲ့အခါ…
ဒီဆင်းရဲတဲ့ကလေးမလေးဟိုင်ဒိဟာငယ်ငယ်လေးနဲ့သေဆုံးသွားရှာသတဲ့။မိဘတွေကလည်းသင်းအုပ်ဆရာကိုအကြောင်းကြားပြီလုပ်စရာရှိတာတွေလုပ်ဖို့အကူညီတောင်းပါတော့တယ်၊ဒီလိုနဲ့သင်းအုပ်ဆရာလည်းရောက်လာပြီး၊သေနေတဲ့ကလေးမလေးခန္ဓာကိုယ်ကိုနေရာရွှေ့လိုက်တဲ့အခါ၊ဟောင်းနွမ်းနေတဲ့ပိုက်ဆံအိတ်ထုတ်လေးကျလာသတဲ့၊အထဲမှာငွေ၅၇ပြားနဲ့စာတစ်စောင်ပါနေတာတွေ့တယ်၊စာမှာရေးထားတာက“ဒီငွေတွေဟာဘုရားသခင်ကိုပေးတဲ့ငွေဖြစ်တယ်၊ဘုရားကျောင်းအကြီးကြီးဆောက်ဖို့၊ငါ့လိုကလေးတွေအများကြီးဆန်းဒေးစကူးတက်နိုင်ဖို့ငွေဘဲ”ဟူပင်။
တကယ်တော့ဟိုး၂နှစ်လောက်ကတည်းက၊ဆရာပြောလိုက်တဲ့စကားကြောင့်ဘုရားကျောင်းကြီးကြီးဆောက်ဖို့၊သူ့လိုကလေးတွေအများကြီးဆန်းဒေးစကူးတက်နိုင်ဖို့ငွေကိုစုခဲ့တာပါဘဲ။၁၈၉၆ခုနှစ်ခေတ်တုန်းကငွေ၅၇ပြားဟာကလေးတယောက်အတွက်နည်းတဲ့အရာမဟုတ်ပါ။ဒီငွေဟာလည်းအဲဒီအသင်းတော်ဆန်းဒေးစကူးမှအဦးဆုံးကောက်ခံရရှိတဲ့အလှူငွေဘဲဖြစ်လာပါတော့တယ်။
သင်းအုပ်ဖြစ်တဲ့ဓမ္မဆရာကလည်းအဲဒီစာလေးကိုဖတ်ပြီးမျက်ရည်အဆက်မပျက်ကျနေမိတယ်၊ဒါနဲ့တနင်္ဂနွေဝတ်ပြုခြင်းကအစီစဉ်မှာကလေးမလေးရဲ့ဟောင်းနွမ်းနေတဲ့ပိုက်ဆံအိတ်လေးနဲ့စာကိုအားလုံးရှေ့မှာချပြပြီး၊ကလေးမလေးရဲ့အနိုင်းမဲ့ချစ်ခြင်းနဲ့ပေးလှူမှုကိုဟောပြောခဲ့တယ်။နောက်ဆုံးမှာကလေးမလေးရဲ့စိတ်ဆန္ဒနဲ့အညီလက်တွေ့အကောင်အထည်ဖော်ဖို့တိုက်သွန်းခဲ့တယ်။
နောက်တော့ဒီကလေးမလေးဟိုင်ဒိအကြောင်းကိုလူမှုဂျာနယ်လစ်တခုမှသိသွားပြီးမှတ်တမ်းတင်ဖော်ပြပေးခဲ့တယ်။ဒါကိုအိမ်ခြံမြေသူဌေးကြီးတဦးကဖတ်ရှုမိပြီးတအားတို့ထိမှုဖြစ်ခဲ့သတဲ့၊ဆက်ပြီးအဲသူဌေးကအကောင်းဆုံးမြေနေရာနဲ့ဘုရားကျောင်းအကြီးကြီးဆောက်ပေးဖို့အဲဒီအသင်းတော်ကိုကမ်းလှမ်းခဲ့ပါသတဲ့၊ဒီကမ်းလှမ်းချက်မှာသူဌေးကြီးကအကုန်လုပ်ပေးမှာဖြစ်ပြီး၊အသင်းတော်ကနေပေးချေရမဲ့ငွေက ၅၇ ပြားတိတိပါတဲ့ခင်ဗျား။
နောက်ပိုင်းဒီအဖြစ်ပျက်လေးကိုသိသွားသူတိုင်းတို့ထိပေးလှူကြပြီး၊ဘုရားကျောင်းကြီးကနေတဆင့်တက္ကသိုလ်ကျောင်းကြီးဖြစ်သွားပါတော့တယ်။ဒါဟာကလေးမလေးဟိုင်ဒိရဲ့ငွေ၅၇ပြားကနေကောင်းကြီးဖြစ်လာတဲ့အံ့ဩဖွယ်နမိတ်လက္ခဏာပါဘဲ။ဟာလေလုယာ။
ယနေ့လက်ရှိအမေရိကန်Philadelphiaမှာ
တည်ရှိနေတဲ့ကြီးမားတဲ့နှစ်ခြင်းအသင်းတော်ဈTempleBaptistchurchညဟာလူပေါင်း၃၀ဝ၀ကျော်ဆန့်ပါပြီ။နောက်ပြီးဘုရားကျောင်းတက္ကသိုလ်ဈTempleUniversityညနဲ့ ကောင်းသောရှမာရိဆေးရုံဈGoodSamaritanHospitalည၊ပြီးနောက် ကြီးမားတဲ့ဆန်းဒေးစကူးတိုက်အိမ်…ဒါတွေဟာဆင်းရဲတဲ့ကလေးမလေးဟိုင်ဒိရဲ့စိတ်ဆန္ဒဘဲဖြစ်ပါတယ်။
ချစ်သောမိတ်ဆွေ
ငွေ၅၇ ပြားလေးဟာမပြောပလောက်ပေမဲ့၊ဘုရားလက်ထဲရောက်သွားရင်ငါးနှစ်ကောင်မုန့်ငါးလုံးလိုပါဘဲအံ့သြဘွယ်များပြားလာပြီးကိုယ်မျော်လင့်ထားတာထက်လွန်နေတဲ့ကောင်းကြီးမင်္ဂလာဖြစ်လာပါတော့တယ်။
ကျမ်းချက်
ရာဇဝင်ချုပ် ပဌမစောင် ၂၉:၁၄ သို့ရာတွင် ကြည်ညိုသောစိတ်နှင့် ဤမျှလောက် ပူဇော်နိုင်အောင် အကျွန်ုပ်နှင့် အကျွန်ုပ်၏လူတို့သည် အဘယ်သို့သောသူ ဖြစ်ပါသနည်း။ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်ကြောင့် ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ဥစ္စာထဲကသာ ကိုယ်တော်အား ပူဇော်ပါ၏။
မှတ်ချက်။ ။စစ်မှန်သောအဖြစ်အပျက်ဖြစ်ပါသည်။အကယ်၍တစုံတရာရေးမှားနေလျှင်ကျနော်ye ming၏အားနည်းချက်သာဖြစ်ပါသည်။
May GOD Bless You
Ye Ming