• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မေရှိ(သို့)ခရစ်တော်ဆိုတာဘာလဲ?

ဆရာရဲမင်း

10 月 7, 2024

မေး-မေရှိ(သို့)ခရစ်တော်ဆိုတာဘာလဲ?

ဖြေ-မေရှိယလို့အသံထွက်ရင်ပိုမှန်ပါမယ်။ဟေဘရူးဘာသာစကား:מָשִׁיחַ‬‎ကနေအသံထွက်ယူထားတာဖြစ်ပြီးအဓိပ္ပယ်ကတော့ဘိသိတ်ခံသူဖြစ်ပါတယ်။ဒီဟေဘရူးလိုဖြစ်တဲ့မေရှိယစကားလုံးဟာလဲဂရိလိုဖြစ်တဲ့Christosနဲ့အဓိပ္ပာယ်အတူတူဘဲဖြစ်ပါတယ်။မြန်မာလိုခရစ်တော်ဆိုပြီးဆရာယုဒသန်ကပြန်ဆိုထားပါတယ်။ဒါကြောင့်ခရစ်တော်နဲ့မေရှိယဟာအတူတူဘဲဖြစ်ပြီးဘာသာစကားအသံထွက်ချင်းသာကွဲသွားတာပါ။အဓိပ္ပာယ်ကတော့ဘိသိတ်ခံသူပါ။ဘိသိတ်ခံတယ်ဆိုတာဘာသာရေးဆိုင်ရာပုံဆောင်တဲ့အပြုမူတခုပါ၊ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့သူတွေကနေသန့်ရှင်းတဲ့ဆီကိုယူပြီးခေါင်းပေါ်လောင်းချခြင်းအားဖြင့်ဒီလောင်းချခံရသူဟာဘုရားရွှေးကောက်တဲ့သူဖြစ်ကြောင်းအားလုံးအသိအမှတ်ပြုရတာပါ။