• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အရေးကြီးဆုံးအရာ

ဆရာရဲမင်း

10 月 16, 2024

အရေးကြီးဆုံးအရာ

“ဆန်မရှိလို့ထာဝရဘုရားကိုတအိတ်အောက်တောင်းရင်ကောင်းကင်ကချပေးမှာလား?”ဘုရားမဲ့ဝါဒလူငယ်လေးတယောက်မှခရစ်ယာန်ယာန်ဆရာတယောက်ကိုမေးလိုက်ခြင်းဖြစ်သည်။
ဆရာမှ။ ။”ဒီနေ့မင်းသမ္မတကိုတွေ့ခွင့်ရခဲ့ရင်ဆန်တအိတ်အရင်တောင်းမှာလား?”
လူငယ်လေးမှ။ ။”Noပါ၊ရင်းနီးမှုအရင်ယူထားမယ်၊ပြီးရင်အရေးကြီးတာတွေတင်ပြရမယ်။
ဆရာမှ။ ။”ဒါဘဲပေါ့ကွာ၊ဒီနေ့မင်းသမ္မတထက်အများကြီးမြတ်တဲ့ဘုရားကိုထိတွေ့တာနဲ့မင်းဆန်တအိတ်ဘဲတောင်းနေရင်နစ်နာမှာပေါ့ဟ”၊ဆန်ထက်အရေးကြီးတာမင်းအရင်တောင်းလိမ့်မယ်။
လူငယ်မှ။ ။”ဆန်ထက်အရေးကြီးတာကဘာလဲ”?
ဆရာ။ ။”အပြစ်လွတ်ခြင်း၊ကယ်တင်ခြင်းနဲ့၊အတွင်းစိတ်ပြောင်းလဲခြင်းပေါ့။နောက်မှတခြားအရာတွေတောင်းမှာပေါ့ကွာ။”

ချစ်သောမိတ်ဆွေ
သင့်အသက်တာမှာအပြစ်လွတ်ခြင်း၊ကယ်တင်ခြင်းခံစားရပြီးလား?ဒီဘဝမှာအမွန်မြတ်ဆုံးကယေရှုခရစ်တော်ကိုရရှိခဲ့ခြင်းဘဲဖြစ်ပါတယ်။ဟာလေလုယာ၊အာမင်။
ဖိ3:8-10 ထို​မျှ​မ​က ငါ၏ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​သိ​သော ပ​ညာ​သည် အ​ဘယ်​မျှ​လောက် မြတ်​သည်​ကို ထောက်၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ရှုံး​စေ​သော​အ​ရာ​ကဲ့​သို့ ငါ​ထင်​မှတ်၏။- ထို​မျှ​မ​က ငါ၏ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​သိ​သော ပ​ညာ​သည် အ​ဘယ်​မျှ​လောက် မြတ်​သည်​ကို ထောက်၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ရှုံး​စေ​သော​အ​ရာ​ကဲ့​သို့ ငါ​ထင်​မှတ်၏။- ထို​မျှ​မ​က ငါ၏ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​သိ​သော ပ​ညာ​သည် အ​ဘယ်​မျှ​လောက် မြတ်​သည်​ကို ထောက်၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ရှုံး​စေ​သော​အ​ရာ​ကဲ့​သို့ ငါ​ထင်​မှတ်၏။