ဝါဂွမ်းလိုအသက်တာ
လူငယ်လင်မယားနှစ်ဦးမှပြဿနာဖြစ်ကြသည်။စကားတွေများပြီးယောင်္ကျားဖြစ်သူမှကွာရှင်းဖို့ဖခင်အိမ်ကိုပြန်လာပါသည်။
အဖေကိုတွေ့တော့…
“အဖေ၊ကျနော်ဆက်မသီးခံနိုင်တော့ဘူး၊ဆက်ပေါင်းဖို့မဖြစ်နိုင်တော့ဘူး၊ကွာရှင်းမယ်”ဟုဒေါသသံဖြင့်စကားချီလိုက်သည်။
ဖခင်ဖြစ်သူမှ…“မင်းမိန်းမမှာကောင်းတာလေးတခုမှမရှိတော့ဘူးလားကွာ?”။
သားမှ“မယူခင်ရှိတယ်၊ခုမရှိတော့ဘူးအဖေ”
ဖခင်..“မင်းမိန်းမမျက်စိထဲမှာကောမင်းကိုအကောင်းမမြင်တော့ဘူးလား?”။သား“မယူခင်မြင်တယ်ထင်တာဘဲ၊ခုမမြင်တော့ဘူးအဖေ”။
ဖခင်..“ဒါဆိုမင်းငါ့ထက်သာတယ်၊ငါမင်းအမေကိုငါမယူခင်သူ့ကောင်းကွက်တောင်ငါမသိခဲ့ဘူး”ပြောရင်းဆိုရင်းအပြင်ကိုလျှောက်လာပြီးဂွမ်းတဆုပ်နဲ့ကြွေပြားတခြမ်းကိုယူလိုက်သတဲ့။
“ဒီမှာသား၊အဖေ့ဒီလက်နှစ်ဖက်ထဲကဘယ်ဟာပိုမာသလဲ?”
ဘာဆိုလိုချင်သလဲမသိပေမဲ့ဖြေလိုက်ရသည်“မေးစရာလိုသေးလား၊ကြွေပြားပိုမာတာပေါ့အဖေရာ”။
ဖခင်မှဂွမ်းနှင်ကြွေပြားကိုင်ထားသောလက်နှစ်ဖက်လုံးကိုမြောက်ပြီးလွတ်ချလိုက်လေသည်…ကြွေပြားမှအအပိုင်းပိုင်းကွဲသွားပြီးဂွမ်းကတော့ဖြေးညင်းစွာကျလာသတဲ့။
ပြီးနောက်ဖခင်မှ“ဘာလို့မာတာကွဲပြီး၊ပျော့တာဘာမှမဖြစ်တာလဲသား?”
သားဖြစ်သူမှခဏကြာစဉ်းစားပြီး“ဂွမ်းကပျော့ပေါ့လို့ဘာမှမဖြစ်တာပါအဖေ။”
ဖခင်မှသားဖခုံးကိုပုတ်ပြီး“ဒီမှာငါ့သား၊ဂွမ်းလိုသူများကိုမထိမနာကျင်စေသလိုကိုယ့်ကိုကိုယ်လဲမနာကျင်စေအောင်လုပ်ပါ။ကြွေပြားလိုဂျိုထွက်နေပြီး၊အပူဆိုအသေပူ၊အအေးဆိုတအားအေးမဖြစ်စေနဲ့ငါ့သား၊သူတပါးကိုထိခိုက်နာကျင်စေပြီးကိုယ့်ကိုကိုယ်လဲထိခိုက်စေတယ်။”
ဖခင်ကဆက်ပြီး…“ငါဒီတသက်သင်ခန်းစာတခုနားလည်ခဲ့တာကသူတပါးကောင်းကွက်ကိုမြင်တတ်တာကိုယ့်အတွက်ပျော်ရွှင်မှုဘဲ၊သူတပါးမကောင်းတာတွေချည်းစိုက်ကြည့်နေရင်တော့တသက်လုံးပျော်ရွှင်နိုင်မှာမဟုတ်ဘူး၊ဒါကြောင့်ဂွမ်းလေးလိုအသက်ရှင်ကြည့်ပါငါ့သား”
ဖခင်မှသက်ပြင်းကြီးချပြီးနောက်
က“မင်းအခုလိုလုပ်သလိုငါမင်းအမေကိုလုပ်ခဲ့ရင်ခုလိုသာယာတဲ့မိသားစုမရှိလာမှာမဟုတ်ဘူးငါ့သား?”
သားဖြစ်သူမှသဘောပေါက်ပြီး၊အေးဆေးပြန်သွားခဲ့သည်။
……………………………………………
ကျမ်းချက်
သုတ္တံကျမ်း ၂၅:၂၈ ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်းရှိသောမြို့နှင့် တူ၏။
သုတ္တံကျမ်း ၁၉:၁၁ သမ္မာသတိရှိသောသူသည် မိမိအမျက်ဒေါသကို ချုပ်တည်းတတ်၏။ သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသော သူသည်လည်း ဘုန်းအသရေရှိ၏။