မေး-သမ္မာကျမ်းစာ(Bible)ဆိုတာဘာလဲ?
ဖြေ-သမ္မာဆိုတာဆရာယုဒသန်ကပါဠိကိုယူသုံးထားတာပါ၊အဓိပ္ပာယ်ကမှန်ကန်သောကျမ်းစာလို့ရပါတယ်၊မြန်မာလိုသမ္မာကျမ်းစာဆိုထားပေမယ့်မူရင်းဟေဘရူးစကားလုံးကביבליהL(ဘိဘလီယာ)ကနေစတင်လာတာပါ၊အဓိပ္ပာယ်ကစာများဖြစ်ပြီး၊ဂရိလိုτὰβιβλία(သာဘိဘရော့စ်)ဖြစ်ပြီးစာအုပ်လို့သက်ရောက်ပါတယ်။လာတင်လိုbibliaဖြစ်ပြီး၊အင်္ဂလိပ်လိုBibleဆိုလို့ခေါ်ပါတယ်၊ဒီစကားလုံးတွေလဲမူရင်းဟေဘရူးနဲ့ဂရိကနေဆင်းသက်လာတာပါဘဲ။တခွန်းနဲ့ပြောရရင်သမ္မာကျမ်းစာရဲ့မူရင်းအမည်အဓိပ္ပာယ်ဟာ”စာအုပ်များ”လို့သက်ရောက်ပါတယ်။စာအုပ်တွေအများကြီးပေါင်းချုပ်ထားလို့ပါ၊ရစ်ယာန်ဂိုဏ်းကြီးသုံးဂိုဏ်းမှာမတူညီတဲ့ကျမ်းစာဓမ္မဟောင်းဓမ္မသစ်အရေအတွက်ကိုယ်စီရှိကြပါတယ်၊Protestantism(ပရိုတက်စတင့်)မှာ၆၆ကျမ်း၊Eastern Orthodox(အရှေ့ပိုင်းအော်သိုဒေါ့)မှာ၇၇ကျမ်း၊Roman Catholic(ရိုမန်ကာသိုလစ်)မှာ၇၃ကျမ်းဖြစ်ပါတယ်။မတူညီသောခေတ်ကာလ၊မတူညီသောလူတန်းစား၊မတူညီသောနေရာဒေသမှနှစ်ပေါင်း၁၆၀၀ကြားစာရေးသူပေါင်း၄၀ကျော်ရှိခဲ့ပြီးတူညီသောကယ်တင်ခြင်းတရားကိုရေးသားခဲ့ကြတာပါ။ဒါကြောင့်ဒီကျမ်းစာကိုလူ့ညာဏ်နဲ့လူ့အာဘော်နဲ့မဟုတ်ဘဲဘုရားသခင်မှတဆင့်နူတ်တော်ထွက်ကိုအသုံးတော်ခံလူတွေကရေးခဲ့ကြကြောင်းယုံကြည်ကြတာပါ။
ယနေ့ထိတိုင်ကျမ်းစာဟာနှစ်ပေါင်း၃၅၀၀ကျော်ရှိခဲ့ပါပြီ၊၂၀၁၆ခုနှစ်စစ်တမ်းအရသမ္မာကျမ်းစာဟာမတူညီတဲ့ဘာသာပြန်မှုပေါင်း648 မျိုး(၆၆ကျမ်းအပြည့်)ဘာသာ၊1432မျိုးသောဘာသာ(အပြည့်မရသေးဘဲတချို့သာဘာသာပြန်ပြီးမှု)မျိုးရှိနေပါပြီ။
သမ္မာကျမ်းစာရဲ့အဓိကပေးချင်တဲ့မက်စေ့ချ်ဟာ
၁၊ဖန်ဆင်းရှင်ဘုရားရှိပြီးသူကလူကိုချစ်တယ်။
၂၊လူဟာအပြစ်သားဖြစ်တယ်။
၃၊ကယ်တင်ခြင်းရဖို့ယေရှုဘုရားကိုလက်ခံယုံကြည်ရမယ်။
၄၊ယေရှုဆုံးမစကားတိုင်းအသက်ရှင်ရမယ်ဆိုပြီးဖြစ်ပါတယ်။
Ye Ming(ပတ္တမြားမြေ)