မိခင်များနေ့ဖြစ်ပေါ်လာပုံ
အပြည်ပြည်ဆိုင်ရာမိခင်များနေ့ ဆိုတာကမ္ဘာပေါ်မှာရှိတဲ့မိခင်အားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့မှာမိခင်နေ့ဆိုပြီး နိုင်ငံအများစုက သတ်မှတ်ကြတာပါ။ မြန်မာနိုင်ငံ ထဲမှာတော့ခရစ်ယာန်တွေဟာအင်တာနေရှင်နယ်မိခင်များနေ့ကိုကျင်းပကြပြီး၊ကျန်သူတွေတော့၁၉၉၅ခုနှစ်ပြာသိုလမှာစာရေးဆရာဦးသုခကြိုးပမ်းတင်သွင်းခဲ့တဲ့မြန်မာ့အမေများနေ့ကိုကျင်းပပြုလုပ်ကြပါတယ်။တနည်းအားဖြင့်တချို့နိုင်ငံတွေမှာမိခင်များနေ့ပြုလုပ်ပုံ၊ဖြစ်ပေါ်လာပုံ၊သတ်မှတ်ထားတဲ့နေ့ရက်မတူကြတာရှိပါတယ်။ဒါပေမယ့်ကမ္ဘာ့နိုင်ငံအများစုကတော့မေလဒုတိယပတ်မှာကျရောက်တဲ့မိခင်များနေ့ကိုသာကျင်းပကြတာပါ။
ကမ္ဘာလုံးဆိုင်ရာမိခင်များနေ့ကိုအစပြုဖော်ထုတ်ပေးခဲ့သူကတော့အမေရီကန်ကနာမည်ကြီးစာရေးဆရာမဂျူလီယာဝါ့ဒ်ဟိုး(Julia Ward Howe 1819-1910)ဘဲ ဖြစ်ပါတယ်။၁၈၇၂ ခုနှစ်မှာ စတင်လှုပ်ရှားခဲ့တာ ဖြစ်ပြီး၊ စစ်ပွဲမှာသေဆုံးခဲ့ကြသူများကို ရည်ရွယ်ပြီး၊ စစ်ပွဲကိုအလိုမရှိ၊ စစ်ပွဲကိုမုန်းတီးဆန့်ကျင်ဖို့ရန် မိခင်များအားလုံးကို နှိုးဆော်ခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၂ ရက်နေ့ကို မိခင်များနေ့အဖြစ် သတ်မှတ်ကျင်းပဖို့ရန် နှိုးဆော်ပြီး၊ ဇွန်လ ဒုတိယပတ် တနင်္ဂနွေနေ့ မှာလည်း Mothers’ Peace Day အဖြစ်နဲ့ USA, Houston မှာ စတင်ပြုလုပ် ကျင်းပခဲ့ကြပါတယ်။ Julia Ward Howe ၏ စိတ်ကူးအမြင်ဟာအတော်ပြန့်နှံ့လာပြီး၊ နောက်ပိုင်းမှာတော့ Anna Jarvisတင်သွင်းတဲ့မေလမှာ ကျင်းပတဲ့ မိခင်များနေ့က နေရာယူသွားခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာမိခင်များနေ့ကိုဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့သသူကတော့Anna Jarvis (၁၈၆၄- ၁၉၄၈)ဆိုတဲ့အမျိုးသမီးဘဲဖြစ်ပါတယ်။သူဟာအိမ်ထောင်မရှိသူ ဖြစ်ပြီး၊ ကလေးလည်းမရှိခဲ့ပါ။ သို့သော်သူမရဲ့ကြိုးစားလှုပ်ရှားမှုတွေကြောင့် မိခင်များနေ့ရဲ့မိခင် အဖြစ် လူသိ များလာခဲ့ပါတယ်။နှစ်ဆယ်ရာစုနှစ်စမှာ အမျိုးသမီးတွေ လူ့အဖွဲ့အစည်းတွေထဲ ပါ၀င်ခွင့်ရပြီး နိုင်ငံရေးတွေမှာ ဆန္ဒမဲပေးခွင့်တွေ ရလာကြတယ်။ ဒီလိုအခွင့်အရေးရတဲ့ နေရာမှာ ကြီးပြင်းလာခဲ့တဲ့ Annaက နိုင်ငံရေးတွေမှာ ပါ၀င်ခဲ့တယ်။သူ့မိခင်ဟာ ဖာသာတစ်ဦးရဲ့သမီးဖြစ်ပြီး West Virginia ပြည်နယ် Grafton ဆိုတဲ့မြို့လေးရဲ့ဘုရားကျောင်းတစ်ခုမှာ Sunday School ကို၂၅နှစ်သင်ပေးခဲ့သူပါ။၁၉၀၅ ခုနှစ်မေလမှာ သူ့မိခင်ဆုံးသွားတယ်။ မိခင်ဆုံးပြီးဒုတိယနှစ်မှာ Anna က သူ့မိခင်စာသင်ခဲ့တဲ့ ဘုရားကျောင်းမှာ (၂)နှစ်ပြည့် (မေလ ဒုတိယပတ် တနင်္ဂနွေနေ့) အထိမ်းအမှတ်နေ့အဖြစ် ကျင်းပခဲ့တယ်။အဲဒီမှာဘဲ Mother’s Day ကို ကျင်းပနိုင်ဖို့ရန်တောင်းဆိုခဲ့ပါတယ်။ ၁၉၀၈ မေလ ၁၀ ရက်မှာ အသိအမှတ်ပြုသော မိခင်များနေ့ကို Grafton and West Virginia မှာ ရှိတဲ့ Andrew’s Methodist Church နှင့် အခြားအသင်းတော်များမှာ ကျင်းပလာခဲ့ကြပါတယ်။ အထိမ်းအမှတ်ပွဲမှာ မိခင်ရဲ့ချိုမြိန်မှု၊ ရိုးသားမှုနဲ့ ထာ၀ရတည်တံ့မှုကို မိခင်ကြိုက်တဲ့ အဖြူရောင် Dianthus caryophyllusပန်းတွေနဲ့ အစားထိုးခင်းကျင်းခဲ့တယ်။ အခုခေတ်မှာတော့ မိခင်များနေ့ကို အနီရောင်ပန်း Dianthus caryophyllus အဖြင့် ပြောင်းလဲခဲ့ပြီး အဖြူရောင်ကိုတော့ ကွယ်လွန်သွားတဲ့မိခင်တွေအတွက်ကျန်ရစ်သူသားသမီးတွေအပေါ် သုံးကြပါတယ်။
၁၉၁၁ ခုနှစ် မှာတော့ အမေရိကန်ပြည်နယ် တော်တော်များများမှာမိခင်းများနေ့ကို စတင်ကျင်းပလာနေပြီဖြစ်ပါတယ်။ဒါကြောင့် Anna ဟာ မိတ်ဆွေ တချို့နဲ့ပေါင်းပြီး letter-writing campaign အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ခေါင်းဆောင် အကြီးအကဲ၊ ကုန်သည်၊ ပါတီ၀င်တွေရဲ့ ထောက်ခံမှုကိုယူပြီး အဲဒီအထိမ်းအမှတ်နေ့ကို တစ်နိုင်ငံလုံးရဲ့ မိခင်များနေ့အဖြင့် သတ်မှတ်ခဲ့တယ်။ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်တစ်ခုက သူ့မိခင်ကို လွမ်းဆွတ်ခြင်းကနေ ရှိသမျှ အမေအားလုံးကိုလေးစားပြီး လူတွေအားလုံး ဒီလိုအချိန်အခါမှာ မိခင်အပေါ်ထားတဲ့ လေးစားမှု၊ ချစ်ခြင်းတွေကို ထုတ်ဖော်ပြသဖို့နဲ့ မိသားစုအချင်းချင်း မေတ္တာတွေ ပိုမိုခိုင်မြဲစေအောင်ဖြစ်တယ်။ နောက်ရည်ရွယ်ချက်တစ်ခုက အမျိုးအမီးများအတွက် နေ့တစ်နေ့အဖြင့် သတ်မှတ်ပြီး အထူးသဖြင့် အိမ်ထောင်တစ်ခုလုံးအတွက် အနစ်နာခံ ပေးဆပ်နေတဲ့ မိခင်ဆိုတဲ့ အမျိုးသမီးကို အာရုံထား၊ ဂရုပြုမိဖို့အတွက်ဖြစ်တယ်။
Annaရဲ့ ကြိုးပမ်းမှုကြောင့် ၁၉၁၀ခုနှစ်မှာ West Virginia ပြည်နယ်က မိခင်များနေ့ကို အပြည်ပြည်ဆိုင်ရာနေ့အဖြစ် သတ်မှတ် ကြော်ငြာလိုက်တယ်။ ၁၉၁၁ခုနှစ်ရောက်တော့ ပြည်နယ်တိုင်းက မိခင်များနေ့ကို ကျင်းပကြတယ်။ အဲဒီနှစ်မှာပဲ ကမ္ဘာ့နိုင်ငံအသီးသီးက ဥပမာ မက်ဆီကို၊ ကနေဒါ၊ တရုတ်၊ ဂျပန်၊ တောင်အမေရိကားနဲ့ အာဖရိကတိုက်တို့ကလဲ မိခင်များနေ့ကို စတင်ကျင်းပခဲ့တယ်။ ၁၉၁၂ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်နေ့မှာ The Mother’s Day International Association ကို စတင်ဖွဲ့စည်းပြီး မိခင်များနေ့ကို အသိအမှတ်ပြုခဲ့တယ်။၁၉၁၃ ခုနှစ် Pennsylvania ပြည်နယ်ကလည်း မိခင်များနေ့ကို အပြည်ပြည်ဆိုင်ရာနေ့အဖြစ် ကြော်ညာခဲ့တယ်။ ၁၉၁၄ ခုနှစ် မေလ ၈ ရက်နေ့ မှာ လွတ်တော်ကိုယ်စားလှယ်တို့ရဲ့ အတည်ပြုချက်နဲ့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေရိကားရဲ့မိခင်များနေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။ ဒါကြောင့်၁၉၁၄ ခုနှစ်မှာ သမတ Woodrow Wilson က မေလ ဒုတိယပတ် တနင်္ဂနွေ ကို မိခင်များနေ့ အဖြစ် သတ်မှတ်ရန် လက်မှတ်ရေးထိုးခဲ့ပါတယ်။
တကယ်တော့မိခင်များနေ့ဟာအမေရီကန်နိုင်ငံရဲ့မိခင်များနေ့သာဖြစ်ပေမဲ့၊လူတိုင်းမှာအမေဆိုတာရှိပြီးဒီအမေကိုအောက်မေ့ဂုဏ်ပြုချင်သောစိတ်ဟာလူတိုင်းမှာတူညီစွာရှိနေလို့၊တဖြေးဖြေးပြန့်နှံ့လာတာခုဆိုရင်အင်တာနေရှင်နယ်မိခင်များနေ့အဖြစ်ဖြစ်တည်နေပါပြီ။သမိုင်းမှတ်တမ်းအရ၁၉၄၈ခုနှစ်Annaဆုံးတဲ့အခါမှာနိုင်ငံပေါင်း၄၃နိုင်ငံကဒီမိခင်များနေ့ကိုကျင်းပနေကြပြီလို့ဆိုပါတယ်။ယနေ့၂၀၂၂ထိစစ်တမ်းကောက်ချက်အရနိုင်ငံပေါင်း၉၆နိုင်ငံထိဒီမိခင်များနေ့ကိုတရက်ထဲမှာကျင်းပနေကြပြီဖြစ်ပါတယ်။