• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အဝတ်ဟောင်း

ဆရာရဲမင်း

10 月 3, 2024

အဝတ်ဟောင်း

“ဒီအဝတ်ဘယ်လောက်တန်မယ်ထင်လဲ?”
လူမဲအဖေကသူ့သား၁၃နှစ်အရွယ်ကိုအဝတ်နွမ်းတထည်ကမ်းပြီးပြောလိုက်သည်။
သား။ ။၁ ဒေါ်လာလောက်တော့ရမယ်ထင်တယ်။
အဖေ။ ။၂ဒေါ်လာလောက်ရအောင်မင်းလုပ်နိုင်မလား?
သား။ ။မဖြစ်နိုင်တာ…ဟာ
အဖေ။ ။မင်းဘာလို့မစမ်းကြည့်ဘဲပြောတာလဲ?တကယ်လို့၂ဒေါ်လာရခဲ့ရင်ငါတို့မိသားစုအတွက်မကောင်းဘူးလား၊မင်းအဖေမေကိုကူရာလဲရောက်မယ်။
သားဖြစ်သူကအဲ့ချိန်မှခေါင်းလေးငြိမ့်ချင်မငြိမ့်ချင်နဲ့ငြိမ့်ပြီး”ရမရတော့အတည်မပြောနိုင်ဖူးနော်၊စမ်းကြည့်မယ်”
ပြီးနောက်အဖေ့အဝတ်ကိုယူပြီးသေချာဆေး၊လန်း၊ခေါက်ပြီးဈေးထဲယူသွားရောင်းသတဲ့။ဈေးထဲမှာ၆နာရီလောက်အော်ရောင်းပြီးနောက်၂ဒေါ်လာနဲ့ရောင်းခဲ့ရပြီးအိမ်ပြန်ခဲ့တယ်တဲ့။အဲဒီနေ့ကစပြီးအဝတ်ဟောင်းရောင်းတာပိုစိတ်ထက်တန်လာခဲ့ပါတယ်။
ဆယ်ရက်လောက်ကြာပြီး…
အဖေကနောက်ထပ်အဝတ်ဟောင်းတထည်ကမ်းပေးပြီး” ဒီတစ်ထည်ကို၂၀ဒေါ်လာနဲ့ရောင်းထွက်အောင်ဘယ်လိုလုပ်မလဲမင်းစဉ်းစားကြည့်၊”လို့ပြောသတဲ့။
သား။ ။ဟာ…မဖြစ်နိုင်တာကို။အများဆုံး၂ဒေါ်လာဘဲတန်တယ်။
အဖေ။ ။မင်းဘာလို့မစမ်းလုပ်ကြည့်ဘဲပြောလဲ?စဉ်းစားကြည့်၊သူ့နည်းတော့ရှိလိမ့်မယ်မထင်ဘူးလား?
ဒါနဲ့သားကအကြံတခုရလို့အဝတ်ကိုယူပြီးသူ့အကိုဝမ်းခွဲဆီသွားတယ်၊ပြီးရင်အကိုဝမ်းခွဲကိုသူယူလာတဲ့အဝတ်ဟောင်းပေါ်ကားတွန်းပုံဆွဲဖို့အကူညီတောင်းခဲ့တယ်။ကာတွန်းပုံဆွဲပြီးသဌေးသားတွေတက်တဲ့ကျောင်းရှေ့မှာသွားအော်ရောင်းတော့ဒေါ်လာ၂၀နဲ့ရောင်းခဲ့ရပြီးအပိုဆုတောင်၅ဒေါ်လာရခဲ့သတဲ့။
၂၅ဒေါ်လာဆိုတော့သူ့အဖေတလစာလုပ်ခရှိတယ်။ပျော်ပျော်နဲ့အိမ်ကိုပြန်ခဲ့ပါတယ်။အိမ်ရောက်တော့အဖေကတတိယတခါအဝတ်ဟောင်းတထည်ကမ်းပေးပြီးတော့ပြောတယ်”သား၊မင်းဒီအဝတ်ကိုဒေါ်လာ၂၀ဝနဲ့သွားရောင်းနိုင်လား?”တဲ့။
သားကလဲဘာမပြောဘဲယူလာခဲ့တယ်၊
ဒီတခါသူဘယ်လိုလုပ်ရမလဲစဉ်းစားတယ်…
နှစ်လကြာတော့…အခွင့်ရေးလာပြီပေါ့။
အဲချိန်ကနာမည်ကြီးမင်းသမီးနယူးယောက်ကိုလာပြီးသတင်းစာရှင်းလင်းပွဲလုပ်သတဲ့။ပွဲပြီးတော့မင်းသမီးလှည့်ပြန်နေခိုက်၊သူလူအုပ်တောထဲတိုးဝင်ပြီးမင်းသမီးရှေ့မှာသွားပြီးသူ့အဝတ်ဟောင်းလေးမှာလက်မှတ်ထိုးပေးပါဆိုပြီးတောင်းဆိုသတဲ့။ဒါနဲ့မင်းသမီးကလည်းထိုးပေးလိုက်ပါတယ်၊ချက်ချင်းသူမင်းသမီးကိုပြန်အခွင့်တောင်းတယ်တဲ့”ကျနော်ဒီအဝတ်ကိုရောင်းလို့ရလား?”
မင်းသမီး။ ။ရတာပေါ့၊အဝတ်ကမင်းဟာလေး ကလေး။
ဒါနဲ့အပြန်တလမ်းလုံးအော်ရောင်းတော့တာပေါ့…
“နာမည်ကြီးမင်းသမီးကိုယ်တိုင်လက်မှတ်ထိုးထားတဲ့အဝတ်ဆိုပြီး…..
လုဝယ်ရာမှနောက်ဆုံးသူဌေးတဦးကနေဒေါ်လာ၁၂၀ဝဖြင့်ဝယ်သွားခဲ့သတဲ့။အိမ်ပြန်လာတော့တအိမ်လုံးပျော်ကြတာပေါ့။
သူ့အဖေကသူ့ကိုပွေ့ပိုက်ပြီး”သားရယ်ဘယ်သူမှဝယ်မဲ့သူမရှိရင်အဖေကလူငှားပြီးဝယ်ခိုင်းမလို့ပါ။သားရောင်းထွက်အောင်အားရှိအောင်လို့၊ခုတော့…ငါ့သားတော်ပါတယ်ကွာ၊မင်းလုပ်နိုင်ခဲ့တယ်။
တညတော့ဖခင်ဖြစ်သူကသားကိုမေးသတဲ့။
အဖေ။ ။ငါ့သား၊အဖေမင်းကိုရှေ့နောက်အဝတ်သုံးထည်ရောင်းခဲ့ခိုင်းတာဘာအဓိပ္ပာယ်လည်းမင်းနားလည်လား?
သား။ ။အဖေကသားကိုအစပြုဖို့သွန်သင်ပေးနေတာ၊ဘာလုပ်လုပ် လုပ်ကြည့်ရင်သူ့လမ်းသူရှိတာပါလို့…
ဖခင်ခေါင်းငြိမ့်ပြီး။ ။အင်းအဲလိုဆိုလည်းမမှားဘူး၊ဒါပေမဲ့အဖေမင်းကိုသိစေချင်တာနောက်တခုရှိသေးတယ်…သေချာနားထောင်သား”ဟောင်းနွမ်းနေတဲ့အဝတ်တောင်တန်ဖိုးရှိလာနိုင်တယ်ဆိုတော့၊အသက်ရှင်နေတဲ့လူဆိုရင်ကောပိုပြီးတန်ဖိုးမရှိလာနိုင်ဘူးလား?ဒါကြောင့်ငါတို့ဘာအကြောင်းပြချက်နဲ့မှဘဝကိုအရှုံးပေးစရာမရှိဘူး။ငါတို့ကနဲနဲမည်းတယ်၊နဲနဲဆင်းရဲတယ်…ဒါတွေအကြောင်းပြချက်မဟုတ်ပါဘူးကွာ……။
ဟုတ်ပါတယ်၊အဝတ်ဟောင်းတထည်တောင်တန်ဖိုးရှိလာနိုင်တာ၊ကျွန်တော်တို့ကဘာအကြောင်းပြချက်ကြောင့်ငြီးညူနေမှာလဲ။
နှစ်၂၀ကြာပြီးနောက်…ဒီကလေးကကမ္ဘာကျော်သွားသည်။သူ့ကိုမသိသူဆိုလို့မရှိသလောက်ပေါ့….သူကတော့…မိုက်ကယ်ဂျော်တန်ပါဘဲ။
……………………………………………
ကျမ်းချက်
ဖိလိပ္ပိဩဝါဒစာ ၂:၁၃
အကြောင်းမူကား၊ သင်တို့သည် အလိုရှိစေခြင်းငှါ၎င်း၊ အကျင့်ကျင့်စေခြင်းငှါ၎င်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း။
Ye Ming(ပတ္တမြားမြေ)