• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ရွှေလင်းတ(လင်းယုန်orသိန်းငှက်)

ဆရာရဲမင်း

10 月 9, 2024

ရွှေလင်းတ(လင်းယုန်orသိန်းငှက်)

ရွှေလင်းတဟာကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး အသက်(70)နစ်အထိအသက်ရှင်နေထိုင်နိူင်ပါတယ်။ဒါပေမဲ့သူတို့ဟာ အသက်ရှည်ရှည်နေနိူင်ဖို့အတွက် သူတို့ရဲ့အသက်(40)နှစ်မှာ ခက်ခဲတဲ့ဖြစ်စဉ်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချကြရပါတယ်။ဘာကြောင့်လဲဆိုတော့ရွှေလင်းတအသက် (40) နှစ် ရောက်တဲ့အခါမှာ သားကောင်ကိုဖမ်းဖို့အတွက်သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်။နုတ်သီးတွေကလဲရင်ဘတ်ထိအောင်ရှည်ပြီးကောက်လာပြီး အတောင်တွေကလဲ အရမ်းလေးလာ ပါတယ်၊ အမွှေးတွေကလဲအရမ်းထူလာတဲ့အတွက်ပျံရတာလဲအရမ်းပင်ပန်းလှပါတယ်။

ဒီချန်မှာသူ့မှာရွေးချယ် စရာနှစ်လမ်းပဲရှိပါတယ်။၁ကတော့ဒီအတိုင်းနေပြီးဘာမှမလုပ် တော့ပဲအသေခံမလား? ၂ကတော့နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကို ဖြတ်သန်းပြီးအသက်ဆက်ရှင်မလား? ဆိုတော့မစွန့်စားပဲ သေရတာထက်စာရင် စွန့်စားပြီးသေရတာကပို မြတ်ပါလိမ့်မယ်။ဒါကြောင့်အလွန်မြင့်တဲ့တောင် တစ်ခုဆီပျံသန်းသွားပြီး အသိုက်တစ်ခုတည်ဆောက်လိုက်ပါတယ် ပြီးတော့ထပ်မပျံသန်းပဲ အဲဒီမှာပဲနား နားနေပါတယ်။နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကျော်ဖြတ်ဖို့အစကနေအဆုံးထိ ရက်ပေါင်း (150) နှစ်ဝက်နီး ပါးကြာပါတယ်။ဒီတော့သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက် ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။ပြီးတော့နူတ်သီးအသစ်ထွက်လာတဲ့အထိ တိတ်ဆိပ်စွာနဲ့စောင့် ဆိုင်းနေခဲ့ရပါတယ်။

နုတ်သီးအသစ်ထွက်လာတော့မှအဲ့ဒီနုတ်သီးနဲ့ပဲ ခြေသည်းတွေကို တစ်ခုပြီးတစ်ခု ဆွဲနုတ်ရပါတယ်။ခြေသည်းအသစ်တွေထွက်လာမှသူ့ရဲ့အတောင်တွေကိုတစ်ခုပြီးတစ်ခု နုတ်ပစ်ရ ပြန်ပါတယ်။အတောင်ပံအသစ်တွေထွက်လာတော့သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ရက်ပေါင်းက(150) ပါပဲ ။အဲဒီနောက်မှာတော့ရွှေလင်းတဟာ သူ့ရဲ့ ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း ၃၀ မျှ ပြန်လည်ပြုလုပ်နိုင်မှာဖြစ်ပြီး အသက် ၇၀ ထိ ရှင်သသန်နေနိုင်ပါတယ်။ဒီအဖြစ်အပျက်ကတော့ (change)ဆိုတဲ့ပြောင်း လဲမှု့ကိုပြောခြင်တာပါ။

ထာဝရဘုရားသခင်ကိုမျော်လင့်သောယုံကြည်သူခရစ်ယာန်အသက်တာမှာလဲထို့အတူပင်၊ကျွန်ုပ်တို့အသက်တာမှာခရစ်တော်နောက်လိုက်ဖို့အရေးကြီးတဲ့ဆုံးဖြတ်ချက်ချရပါမယ်၊လူသစ်ဖြစ်ဖို့လူဟောင်းကိုပယ်ချရပါမယ်၊ဒါမှအမြင့်သို့ပျံသန်းနိုင်ပါလိမ့်မည်။ ဟေရှာယအနာဂတ္တိကျမ်း ၄၀:၃၁မှာဒီလိုဖော်ပြထားပါတယ်”ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ် ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။”ဟာလေလုယာ၊အာမင်။

May God Bless You
မှတ်ချက်။ ။Eagle at Forty-year-oldမှဘာသာပြန်ပုံပြင်လေးဖြစ်ပါသည်။အမှန်တကယ်အပြင်လောက လင်းယုန်နှင့်ကွဲပြားပါမည်။ထိုကြောင့်အပြင်လက်တွေ့မှာသိန်းငှက်တွေဟာဒီအတိုင်းဘဲဟုမခံယူစေချင်ပါ။ခွန်အားယူရန်ပုံဥပမာလေးပင်ဖြစ်သည်။