လူတိုင်းမှာမိန်းမ၄ယောက်ရှိသတဲ့
အရင်က
သူဌေးတဦးမှာဇနီးလေးယောက်ရှိတယ်…
သူဌေးအချစ်ဆုံးကနံပတ်လေးဇနီး၊သူမကိုအဝတ်စားအကောင်းစားနဲ့အစားသောက်အကောင်းစားတွေနဲ့ပြုစုထားတယ်၊နေ့တိုင်းအသေးစိတ်ပြုစုပြီးအကောင်းဆုံးဘဲပေးထားတယ်။
သူဌေးကတတိယဇနီးကိုလည်းအတော်ချစ်တယ်၊
အများရှေ့မှာဒီဇနီးဘယ်လောက်တော်ကြောင်းကောင်းကြောင်းပြောပြီးချီးမွမ်းနေတတ်တယ်၊ဒီဇနီးကြောင့်မျက်နှာလည်းရနေကျ။
ဒါပေမဲ့ဒီဇနီးဟာတခြားယောင်္ကျားလေးနဲ့ငြိသွားမှာသူဌေးကကြောက်နေရတယ်။
သူဌေးကဒုတိယဇနီးကိုလည်းချစ်ပါတယ်၊
သူမကဂရုစိုက်တတ်တယ်လေ၊သီးခံတတ်တယ်၊
တကယ်တမ်းတော့ငယ်ချစ်ဦးပါ။ဒါကြောင့်သူဌေးမှာဘာအခက်ခဲပြဿနာဘဲကြုံကြုံဒုတိယဇနီးကိုဘဲရှာနေကြပေါ့၊ဇနီးသည်ကလဲသူဌေးလာရှာတိုင်းအကူညီပေးနေကျ၊ပြဿနာကိုအတူတူဖြေရှင်းပေးနေကျပါတဲ့။
သူဌေးရဲ့ပထမဇနီးကတော့100%သစ္စာရှိသူပါ၊အိမ်ထောင်အတွက်ပေးဆပ်ခြင်းအများကြီးရင်းခဲ့သူပေါ့၊ဒါပေမဲ့ဒီဇနီးသည်ဘယ်လောက်ဘဲကောင်းနေပါစေ၊သစ္စာရှိနေပါစေ၊ဘယ်လောက်ဘဲအချစ်ကြီးမားနေပါစေ၊သူဌေးကတော့ဒီဇနီးကိုမချစ်နိုင်ဘူးတဲ့၊ဥပေက္ခာပြုခံထားတဲ့ဇနီးပေါ့ဗျာ။
တရက်မှာတော့
သူဌေးနေမကောင်းဖျားသွားသတဲ့၊
မကြာခင်မှာတော့သူဌေးကသူသေရတော့မယ်ဆိုတာသိလာတဲ့အခါ၊ကျော်ဖြတ်ခဲ့တဲ့အချိန်တွေကိုပြန်စဉ်းစားနေမိတယ်…အင်း…ငါသေရင်ငါ့မိန်းမလေးယောက်ကတော့အထီးကျန်နေမလားပေါ့…ဒါနဲ့သူအချစ်ဆုံးဖြစ်တဲ့နံပတ်လေးမိန်းမကိုအရင်ခေါ်ပြီးမေးသတဲ့…“ငါမင်းကိုအချစ်ဆုံးမို့ဘာမဆိုအကောင်းဆုံးပေးထားတယ်၊အထိပ်ဆုံးမှာထားတယ်။ခုငါသေရတော့မယ်၊ဒီတော့နင်ငါ့နဲ့အတူလိုက်ပေးပြီး၊ငါနဲ့အတူ…….”
“နိုး နိုး!”နံပတ်လေး ဇနီးမှသူဌေးစကားတောင်မဆုံးသေး No No ဆိုပြီးထွက်သွားလေတော့သည်။
နံပတ်၄ဇနီးပြောလိုက်တဲ့စကားတွေဟာဓားတလက်ရင်ထဲစိုက်ဝင်သွားသလိုပင်။
စိတ်ဆင်းရဲစွာနဲ့တတိယဇနီးကိုခေါ်မေးပါသတဲ့၊
“ငါမင်းကိုဒီလောက်ချစ်တာ၊ခုငါသေတော့မယ်၊မင်းငါ့နဲ့အတူထာဝရလိုက်သွားပေးပါလား?”
“No!”တတိယဇနီးမှချက်ချင်းဖြေလိုက်သည်။
“ဘဝကဒီလောက်လှပနေတာ၊ငါ့ကိုကြိုတ်နေတဲ့ယောင်္ကျားတွေတပုံကြီး၊မင်းသေရင်ငါနောက်တယောက်ကောက်ယူလို့ရတယ်မင်းစိတ်ချသာသွား!”……
သူဌေးမှာစိတ်လုံးဝညိုးငယ်သွားရချေပြီ။
ဒုတိယဇနီးကိုမျော်လင့်လျက်နဲ့ခေါ်မေးပြန်တာပေါ့၊
“ငါမင်းကိုအကူညီတောင်းနေကျနော်၊မင်းလဲငါ့ကိုကူညီနေကျပါ၊ခုငါမင်းရဲ့အကူညီပြန်လိုလာပြီ၊ငါသေရင်ငါ့နဲ့အတူလိုက်ခဲ့ပါလား?”……
“အိုး…sorryပါချစ်ရယ်၊ဒီတခါတော့မကူညီနိုင်တော့ဘူး၊ကျွန်ုမအလွန်ဆုံးရှင့်ကိုသင်္ချုငိ်္င်းထိဘဲပို့နိုင်မယ်၊ဆောရီးပါကွယ်”……
စကားကညူးညံ့ပေမဲ့၊နားထဲမှာမိုးကြိုးပြစ်သံကြားလိုက်သလိုပင်။
ဒီချိန်မှာအသံတခုကြားလိုက်သလိုလို..
“ကျွန်ုမရှင့်နဲ့လိုက်သွားမယ်၊ရှင်ဘယ်သွားသွား၊ကောင်းကင်ငရဲသင့်နဲ့ကျမအတူရှိမယ်!”
သူဌေးမှခေါင်းမော့ကြည့်လိုက်ကာမှ…ပထမဇနီး ပင်ဖြစ်နေသည်။ဟုတ်ပေသည်၊အရိုးပေါ်အရေတင်သာရှိတဲ့မျက်နာလေးနဲ့အာဟာရမပြည့်တဲ့ပေမဲ့အပြုံးမပြတ်……
ဒီချိန်မှသူဌေးကနောင်တရမဆုံး၊စိတ်ထိခိုက်မဆုံးဖြင့်“ငါမင်းကိုဥပေက္ခာပြုခဲ့တာ….”ဟူပင်။
ချစ်သောမိတ်ဆွေ
လူတိုင်းမှာဇနီး၄ယောက်ရှိကြပါသည်။
နံပတ်၄ဇနီးတော့
ကျွန်တော်တို့ရဲ့အသွေးသားနဲ့တည်ဆောက်ထားတဲ့ခန္ဓာကိုယ်ပင်ဖြစ်သည်၊ကျွန်တော်တို့ဘယ်လောက်ဘဲချစ်မြတ်နိုးနေပါစေ၊အချိန်တန်ရင်တော့ဒီခန္ဓာဟာကျနော်တို့နဲ့ခွဲသွားကြစမြဲပါ။ပုပ်ပျက်တတ်တဲ့ခန္ဓာသင့်နဲ့ထာဝရမလိုက်မပါနိုင်ပါလေ။
တတိယဇနီးကတော့
ကျွန်တော်တို့ရဲ့ဂုဏ်၊ဥစ္စာ၊ရာထူးပင်ဖြစ်သည်၊ဒီအရာတွေကအသက်ရှင်တုန်းဘယ်လောက်ဘဲအသုံးဝင်ခဲ့ပါစေ၊သေချိန်ရောက်ရင်ဒီအရာဟာသူများတွေအတွက်အဖြစ်ထားခဲ့ရမှာပါ။
ဒုတိယဇနီးကတော့
ကျွန်တော်တို့ရဲ့အိမ်သူအိမ်သားများဆွေမျိုးနှင့်သူငယ်ချင်းများပင်ဖြစ်သည်။သံယောဇဉ်ဘယ်လောက်ဘဲရှိခဲ့ပါစေ၊သေချိန်ရောက်ရင်အလွန်ဆုံးသင်္ချုိင်းထိဘဲလိုက်နိုင်ကြမှာပါ။
ပထမဇနီးကတော့
ကျွန်တော်တို့ရဲ့ဝိညာဉ်ပင်ဖြစ်သည်။
ခန္ဓာအတွက်နဲ့ဥစ္စာဂုဏ်ရာထူးလိုက်စားနေတဲ့ချိန်မှာဝိညာဉ်အတွက်ဥပေက္ခာပြုခဲ့ကြပါတယ်။ဝိညာဉ်အတွက်ဘယ်လောက်အရေးကြီးကြောင်းသေချိန်ရောက်မှနောင်တရကြပါသည်။ဒါကြောင့်ပုံထဲကသူဌေးလိုမဖြစ်ရစေဖို့အသက်ရှင်တုန်းဦးစားပေးသင့်တာလေးကိုဦးစားပေးကြနိုင်ပါစေလို့ဆုတောင်းရင်းနဂုံးချုပ်ပါရစေခင်ဗျား။
ကျမ်းချက်
ရှင်ယာကုပ်ဩဝါဒစာ ၁:၂၁ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ် ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်ပျိုးသောနှုတ်ကပတ်တရားကို နှုးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြလော့။
May GOD Bless You
Ye Ming(ပတ္တမြားမြေ)