• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အံ့ဩဖွယ်အကောင်းဆုံးပုဂ္ဂိုလ်

ဆရာရဲမင်း

10 月 10, 2024

အံ့ဩဖွယ်အကောင်းဆုံးပုဂ္ဂိုလ်

ဟိုး…နှစ်ပေါင်း၂၀၀၀ လောက်မှာကလေးတစစ်ယောက်သဘာဝကိုလွန်ဆန်ပြီးမွေးလာခဲ့တယ်။မချမ်းသာတဲ့အသိုင်းဝိုင်းမှာကြီးပြင်းလာခဲ့တယ်။

သူ…
ငွေကြေးချမ်းသာမှုမရှိဘူး၊ချမ်းသာတဲ့အသိုင်းဝိုင်းလည်းမရှိဘူး။ဒါပေမဲ့သူမွေးလာတဲ့အချိန်မှာပညာရှိကြီးတွေလာဖူးမျှော်ခဲ့တယ်၊သူ့ကြောင့်တိုင်းပြည်ဘုရင်ကိုယ်တိုင်တိုင်တုန်လှုပ်ခဲ့ရတယ်။

သူ…
ကလေးအရွယ်မှာသူ့စကားတွေက ပညာရှိတွေကိုတုန်လှုပ်စေခဲ့တယ်။

သူ…
လူကြီးအရွယ်မှာသဘာဝတရားကိုထိန်းချုပ်ပြောင်းလဲစေခဲ့တယ်…မိုးနဲ့လေကိုအမိန့်ပေးပြီးရပ်ခိုင်းသူ…ရေပေါ်မှာလမ်းလျှောက်ခဲ့သူ…ဆေးဝါးမလိုဘဲလူနာကိုအခမဲ့ကုသပေးခဲ့သူ…လူသေကိုပြန်ရှင်စေသူ…မရှိတာကနေရှိလာအောင်ဖြစ်စေသူ…ပရလောကသားမှအစ၊စာတန်အဆုံးကြောက်နေရသူ…

သူ…
စိတ်ပိုင်းဆိုင်ရာဆရာဝန်တော့မဟုတ်ဘူး၊
ဒါပေမဲ့လူပေါင်းမြောက်များစွာရဲ့စိတ်ဝေဒနာကိုကုစားပေးနိုင်ခဲ့တာခုထိဘဲပေါ့။

သူ့ကြောင့်တချို့နိုင်ငံတွေမှာတနင်္ဂနွေရုံးပိတ်ရက်သတ်မှတ်ပြီးအဲ့နေ့မှာလူပေါင်းမြောက်များစွာကဘုရားကျောင်းတက်ပြီးသူ့ကိုချီးမွမ်းကြတယ်။

သူ့မွေးတဲ့အချိန်ကစပြီးပြက္ခတိန်မှာA.D(ခရစ်နှစ်)လို့စပြီးရေတွက်ခြင်းခံခဲ့ရတာခုထိပါဘဲ။သူမမွေးခင်ကတော့B.C(ခရစ်မတိုင်ခင်) လို့လူ့သမိုင်းမှာပိုင်းခြားခြင်းခံခဲ့တာခုထိပေါ့။

သူ…
စာအုပ်တအုပ်မှမရေးသားမပြုစုခဲ့ဘူး၊
ဒါပေမဲ့ကမ္ဘာမှာသူ့အကြောင်းရေးထားတဲ့စာအုပ်တွေများလွန်းလို့စာအုပ်စင်တွေမှာတောင်သိုထားလို့မဆန့်အောင်ပါဘဲ။

သူ…
သီချင်းတပုဒ်မျှ မပြုစု မရေးသားခဲ့ဖူးဘူး၊
ဒါပေမဲ့ကမ္ဘာပေါ်မှာသူ့အတွက်ရေးထားတဲ့သီချင်းတွေမရေတွက်နိုင်လောက်အောင်များပါပေတယ်၊ခုထိဆက်ပြီးထွက်ရှိနေတုန်းပါဘဲ။

သူ…
တက္ကသိုလ်မတက်ခဲ့ဖူးဘူး၊ဒါပေမဲ့သူ့နောက်လိုက်တဲ့လူတွေတွက်ကြည့်ရင်ကမ္ဘာပေါ်ကတက္ကသိုလ်ကျောင်းသားအားလုံးထပ်များနေတာအသေချာပါ။ဒီနောက်လိုက်တွေထဲမှာပညာရှင်ပေါင်းစုံလို့ပေါ့။

သူ…
စစ်တိုက်ဖို့ဘယ်အဖွဲ့ကိုမှမဦးဆောင်ခဲ့ဖူးဘူး၊စစ်တိုက်ဖို့လူတွေလဲမစုဆောင်းခဲ့ဖူးဘူး။ဒါပေမဲ့ကမ္ဘာ့သမိုင်းမှာကြည့်ရင်သူ့မေတ္တာကြောင့်လူတွေအများကြီးသူ့အတွက်အသက်ပေးရဲတဲ့အထိနောက်လိုက်ကြတာခုထိရှိခဲ့တယ်၊ဘယ်စစ်ဘုရင်မှသူ့လိုနောက်လိုက်မများခဲ့ဘူး။

ဘုရင်တွေကလက်နက်ကိုင်ပြီးလူတွေကိုအမိန့်နာခံခိုင်းခဲ့တယ်၊တချို့ဘုရင်တွေကလက်နက်ကိုင်ပြီးနယ်ချဲ့ခဲ့ကြတယ်။
ဒါပေမဲ့သူက…ဘာလက်နက်မှမသုံးဘဲချစ်ခြင်းမေတ္တာနဲ့နယ်ချဲ့လာတာခုထိချဲ့နေတုန်း၊နိုင်ငံပေါင်းစုံကလူတွေသူ့အမိန့်ကိုနာခံလိုကြတာခုထိပါဘဲ။

သူ…
လူသားတိုင်းအတွက်ကားစင်တင်သတ်ခံခဲ့ရပေမဲ့မပျောက်ကွယ်ခဲ့ဘူး၊လူတွေအားလုံးကသူသေပြီလို့ထင်နေချိန်မှာသင်္ချုင်္ိင်းကနေရှင်ပြန်ထမြောက်ပြီးကောင်းကင်တက်သွားခဲ့တယ်။ကောင်းကင်တမန်တွေရဲ့ကိုးကွယ်မှုခံရတယ်၊မြေကြီးသားအပေါင်းရဲ့ချီးမွမ်းခြင်းခံရတယ်၊စာတန်ကသူ့ကိုကြောက်လန့်ခဲ့တာခုထိပါဘဲ။

မြောက်များစွာသောနာမည်ကြီးတဲ့ရှင်ဘုရင်၊ခေါင်းဆောင်၊ပညာရှင်၊အခြားနာမည်ကြီးတဲ့လူတွေအားလုံးသေသွားခဲ့ကြပြီးသူတို့ရဲ့နာမည်တွေတဖြေးဖြေးမေးမိန်သွားခဲ့ကြပြီ၊သူတို့ရဲ့နောက်လိုက်တွေခုဆိုမရှိသလောက်ပေါ့။
ဒါပေမဲ့သူ…
သေပြီးရှင်ပြန်ထမြောက်သွားတာနှစ်ပေါင်းနှစ်ထောင်ကျော်ခဲ့ပေမဲ့ခုထိသူ့ကိုလူတွေမမေ့တဲ့အပြင်သူ့အကြောင်းဆက်တိုက်ပျံ့သွားနေတာခုထိပါဘဲ။သူ့နောက်လိုက်တွေခုထိများနေတာဘယ်သူမှမယှဉ်နိုင်သေးပါဘူး၊တကယ်ကိုအံ့ဩဖို့ကောင်းတဲ့ပုဂ္ဂိုလ်ပါ။

ဒါဆိုဒီပုဂ္ဂိုလ်ကဘယ်သူလဲ ?
……
……
……
သူကတော့သခင်ယေရှုခရစ်တော်ပါဘဲ !! !
………………………………………..

ကျမ်းချက်
ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။
သမ္မာတရားလည်းဖြစ်၏။
အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။(ယော ၁၄း၆)

ဘုရားသခင်၏သားတော်(ယေရှုခရစ်)ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်(ယေရှုခရစ်)ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။( ယော၃း၁၆ )

Ye Ming(ပတ္တမြားမြေ)