ဘုရားသခင်ကိုကြောက်ရွံ့ခြင်းမင်္ဂလာ(၇)ပါး
၁။ပညာရခြင်းမင်္ဂလာ
ဆာလံကျမ်း ၁၁၁:၁၀ ထာဝရဘုရားကို ကြောက်ရွံသော သဘောသည် ပညာ၏ အချုပ်အခြာဖြစ်၏။
၂။အသက်ရှည်ခြင်းမင်္ဂလာ
သုတ္တံကျမ်း ၁၀:၂၇ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသောသူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။
၃။ဂုဏ်စည်းစိမ်ရခြင်းမင်္ဂလာ
သုတ္တံကျမ်း ၂၂:၄ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။
၄။ချမ်းသာခြင်းမင်္ဂလာ
ဆာလံကျမ်း ၃၄:၉ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရားကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သောသူတို့၌ ဆင်းရဲခြင်းမရှိရာ။
၅။ဂရုဏာရခြင်းမင်္ဂလာ
ဆာလံကျမ်း ၁၀၃:၁၁ ထာဝရဘုရားကို ကြောက်ရွံသော သူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။
၆။ကယ်တင်ခြင်းမင်္ဂလာ
ဆာလံကျမ်း ၃၃:၁၈-၁၉ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့နှင့် ကရုဏာတော်ကို ခိုလှုံသောသူတို့သည်၊ သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ အစာခေါင်းပါးသည် ကာလ၌ အသက်ရှင်မည်အကြောင်း၊ သူတို့ကိုကြည့်ရှုလျက် ရှိတော်မူ၏။
၇။သားစဉ်မြေးဆက်မင်္ဂလာ
ဆာလံကျမ်း ၁၁၂:၁-၂ထာဝရဘုရားကို ကြောက်ရွံ့၍၊ ပညတ်တော်တို့၌ အလွန်မွေ့လျော်သော သူသည် မင်္ဂလာရှိ၏။ထိုသူ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီးကြလိမ့်မည်။ ဖြောင့်မတ်သော သူတို့၏ အမျိုးအနွယ်သည် မင်္ဂလာရှိတတ်၏။