• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အသင်းတော်၇ပါး(၅)သာဒိအသင်းတော်

ဆရာရဲမင်း

11 月 8, 2024

ဗျာဒိတ်ကျမ်းမှအသင်းတော်၇ပါး(၅)သာဒိအသင်းတော်

၅။သာဒိအသင်းတော်(ဗျာ၃:၁-၆)
သာဒိဆိုတဲ့စကားလုံးဟာမူရင်းဂရိစကားလုံး Σάρδεις Sardeisကိုမြန်မာမှုပြုအသံဖလှယ်ယူထားတာဖြစ်ပါတယ်။သာဒိမြို့ဟာယနေ့တူရကီManisaပြည်နယ်မှာတည်ရှိနေတဲ့သက်တမ်းရှည်Lydiaရဲ့မြို့‌ တော်ဟောင်းကြီးSardisပါ။နဂိုက‌ပါရှားလူမျိုး‌တွေCroesusဘုရင်ကနေသိမ်းပိုက်လာတဲ့မြို့ကြီးဖြစ်သလို‌ ရောမအင်ပါယာခေတ်မှာရောမအစိုးရအရာရှိ‌တွေနေခဲ့တဲ့နေရာပါ။‌ ရွှေတွေထွက်ရှိခဲ့လို့သမိုင်းတစ်လျှောက်စီးပွားရေးတိုးတက်ပြီးစည်ကားတဲ့မြို့တစ်မြို့ပါ။‌ ဘုရင်ကိုးကွယ်မှုနဲ့အာ‌တေမိနတ်ဘုရားကိုးကွယ်မှုထွန်းကားတဲ့နေရာလည်းဖြစ်ပါတယ်။မြို့ရဲ့တည်နေရာကအမြင့်အရပ်မှာဖြစ်လို့မြို့သူမြို့သားတွေဟာအင်မတန်လုံခြုံတယ်လို့ယုံကြည်ကြပါတယ်၊တကယ်လဲဒီမြို့ကိုလာသိမ်းဖို့မလွယ်ကူတာအမှန်ပါ၊ဒါ‌ ကြောင့်လည်းမြို့သူမြို့သားနဲ့အုပ်ချုပ်သူတွေရဲ့‌ပေါ့ဆမှုကြောင့်သမိုင်းတလျှောက်မှာဒီမြို့၂ကြိမ်တိုင်တိုင်ဆင့်ကဲသိမ်းပိုက်ခံရခဲ့ဖူးပါတယ်။

သာဒိအသင်းတော်ဟာလဲရှင်ပေါလုဧဖက်မြို့မှာ၃နှစ်ဧဝံဂေလိလုပ်တုန်းတည်ထောင်ခဲ့ကြောင်းပညာရှင်များကခန့်မှန်းပါတယ်။
သခင်ယေရှုခရစ်တော်ဟာဒီသာဒိအသင်းတော်ကိုစာရေးပေးတဲ့အခါမှာ“ဘုရားသခင်၏ ဝိ​ညာဉ်​ခု​နစ်​ပါး​နှင့် ကြယ်​ခု​နစ်​လုံး​ရှိ​သော​သူ၏ အ​မိန့်​တော်​”လို့အစပြုပါတယ်။ယေရှုခရစ်ရဲ့အသင်းတော်7ပါးကိုရေးပေးတဲ့စာတိုင်းမှာသူကိုယ်သူနိုင်းယှဉ်ပုံဆောင်မှုဟာအဲဒီအသင်းတော်ကပြဿနာတချို့နဲ့အမြဲသက်ဆိုင်နေတာတွေ့ရပါတယ်။ဥပမာ“ဝိညာဉ်တော်ခုနှစ်ပါး”ဆိုတာသန့်ရှင်းသောဝိညာဉ်တော်ကိုဆိုလိုပြီး၊“ကြယ်ခုနှစ်လုံး”ဟာအသင်းတော်ခေါင်းဆောင်ကိုဆိုလိုပါတယ်။တနည်းအားဖြင့်ဒီအသင်းတော်ဟာသန့်ရှင်းသောဝိညာဉ်တော်လှုပ်ရှားမှုနဲ့အမှုတော်ဆောင်ပိုင်းမှာပြစ်တင်စရာရှိနေတာပါ။

၁။အ​သက်​ရှင်​ဟန်​နဲ့သေ​နေခြင်း
ဆိုလိုတာကအသင်းတော်ပုံမှန်လှုပ်ရှားမှုရှိနေတယ်-တနင်္ဂနွေဝတ်ပြုမယ်၊ဆုတောင်းစည်းဝေးပါမယ်၊ချီးမွမ်းသက်သေခံမယ်၊အစာ‌ ရှောင်ဆုတောင်းမယ်၊ပေးလှူမယ်ဘာညာ…ပုံမှန်လည်ပတ်နေတယ်။ဒါပေမယ့်အတွင်းထဲကဝိညာဥ်‌ပကတိအတိုင်းအသက်မရှင်ကြဘူး၊အပြင်ပန်းဟန်ပန်ကြည့်‌ကောင်းအောင်ဘဲဂရုစိုက်ကြတယ်၊ဒါ‌ကြောင့်အခြားသူကြည့်ရင်သူတို့လုပ်‌နေကြတာအင်မတန်ကိုင်းရှိုင်းကြတယ်ထင်ရပေမယ့်၊သူတို့အကျင့်ကိုသိနေတဲ့ခရစ်တော်ကြည့်တဲ့အခါသေနေတာမြင်နေရတယ်။ဒါ‌ကြောင့်ဝိညာဉ်ရေးရာမှာသေနေသူကော၊သေလုသောသူတွေကိုအမြန်ကယ်တင်ပြုစုဖို့အသင်းတော်ခေါင်းဆောင်ကိုမှာကြားနေတာပါ။“မအိပ်ဘဲ‌စောင့်နေပါ”ဆိုတာတကယ်မအိပ်ခိုင်းတာမဟုတ်ဘဲအမြဲသမ္မာသတိနဲ့နေဖို့သတိပေးနေတာပါ။

၂။ယေရှုခရစ်ရဲ့သတိပေးခြင်း
1။သမ္မာသတိနဲ့နေပြီး၊ဝိညာဉ်ရေးရာအားနည်းသူကိုပြုစုပါ။
2။ခံယူပြီးတဲ့သမ္မာတရားကိုအောက်မေ့ပြီးကျင့်သုံးပါ။
3။အမြန်နောင်တရပါ။နောင်တမရဘဲနေရင်ယေရှုကိုယ်တိုင်ဘယ်သူမှမသိမရိပ်မိတဲ့အချိန်လာပါလိမ့်မည်၊
4။နောက်ဆုံးတခုကကတိတော်ပါ၊အသင်းတော်ထဲကအနည်းငယ်သောလူတချို့ဟာသမ္မာသတိနဲ့နေပြီးဝိညာဉ်ပကတိနဲ့အသက်ရှင်နေသူတွေပါ၊သူတို့ကိုယေရှုခရစ်ကအဝတ်ဖြူ(သန့်ရှင်းခြင်း)ကိုဝတ်စေပြီးသူနဲ့အတူသွားလာစေမှာဖြစ်ကြောင်းနဲ့အသက်စာစောင်မှာလည်းထိုသူတွေရဲ့အမည်နာမကိုမချေဖျက်ဘူးလို့ဆိုပါတယ်(ဒီနေရာမှာအသက်စာစောင်မှာနာမည်ဖျက်ခံရနိုင်ဖွယ်ရှိသူနဲ့ကယ်တင်ခြင်းဆုံးရှုံးနိုင်တယ်လို့အဓိပ္ပာယ်မသက်ရောက်ပါ၊အဲဒီ‌ေခတ်ကအဲဒီလူတွေသေရင်အစိုးရစာရင်းထဲကနေပယ်ဖျက်ပေမယ့်ကောင်းကင်စာရင်းမှာတော့မပယ်ဖျက်ကြောင်းဆိုလိုရင်းပါ)။

ယနေ့အသင်းတော်များအတွက်သင်ခန်းစာ
၁။အများအမြင်မှာကောင်းပြ‌နေခြင်းထက်ဘုရားအမြင်မှာကိုင်းရှိုင်းနေပြီလား?ဘုရားကျောင်းအပြင်ပန်းသဏ္ဍာန်လှပနေခြင်းထက်အသင်းသူအသင်းသားတွေရဲ့ဝိညာဉ်ရေးရာလှပနေဖို့ပိုအရေးကြီးပါတယ်။
၂။မိမိဝိညာဉ်ရေးကိုမိမိကျေနပ်နေတာထက်ဘုရားကျေနပ်ဖို့လိုသလို၊အသင်းတော်တိုးတက်ခြင်းကိုလူ့အနေနဲ့သတ်မှတ်ခြင်းထက်ဘုရားအမြင်မှာတိုးတက်‌နေဖို့လိုပါတယ်။
၃။မိမိတော်လို့တတ်လို့လုပ်ဆောင်ခြင်းထက်ဝိညာဉ်‌တော်ရဲ့လမ်းပြမှုကိုသမ္မာတရားကနေခံယူကျင့်သုံးဖို့လိုအပ်ပါတယ်။