• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

နောက်ဆုံးသောကာလနှင့်အဆုံးသတ်ချိန်

ဆရာရဲမင်း

11 月 16, 2024

နောက်ဆုံးသောကာလနှင့်အဆုံးသတ်ချိန်

နိဒါန်း
စစ်ပွဲတွေဖြစ်လာပြီ၊ငလျင်လှုပ်တာများလာပြီ၊ရောဂါတွေဆက်တိုက်ဖြစ်နေပြီဆိုရင်နောက်ဆုံးသောကာလ ရောက်ပြီလားဆိုပြီး လူတွေ စိုးရိမ်တတ်ကြ ပါတယ်။ ဒါပေမယ့်ဒါတွေဟာရှေ့ခေတ်အဆက်ဆက်မှာလဲရှိခဲ့ဖူးတာမို့နောက်ဆုံးသောကာလရောက်မရောက်ဒွိဟဖြစ်နေတတ်ပြန်ပါတယ်။ ဒါကိုရှင်းရှင်းလင်းလင်းသိဖို့ခရစ်တော်ကိုယ်တိုင်ဟောကြားခဲ့တဲ့စကားတွေကိုတခွန်းချင်းလေ့လာခံယူကြပါမယ်။

၁။ခရစ်တော်အတုပေါ်လာမယ်(သို့​သော်​လည်းအ​ဆုံး​သည်​မ​ဖြစ်​သေး။)
ရှင်မဿဲ၂၄:၅အ​များ​သော​သူ​တို့​က၊ငါ​သည်ခ​ရစ်​တော်​ဖြစ်၏​ဟုဆို​လျက်၊ငါ၏​အ​ယောင်​ကို​ဆောင်၍ပေါ်​လာ​သ​ဖြင့် လူ​အ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။

၂။စစ်တိုက်ခြင်းတွေရှိလာမယ် (သို့​သော်​လည်းအ​ဆုံး​သည်​မ​ဖြစ်​သေး။)
ရှင်မဿဲ၂၄:၆ သင်​တို့​သည် စစ်​တိုက်​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊စစ်​တိုက်​အံ့​သောသ​တင်း​စ​ကား​ကို​လည်း​ကောင်းကြားရ​ကြ​လိမ့်​မည်။သို့​သော်​လည်းစိုး​ရိမ်​တုန်​လှုပ်​ခြင်းမ​ရှိ​စေ​ခြင်းငှာ သ​တိ​ပြု​ကြ​လော့။ ထို​အ​မှု​အ​ရာ​များ​သည် ဖြစ်​ရ​မည်။

၃။လူတစ်မျိုးနှင့်တစ်မျိုးတစ်နိုင်ငံနှင့်တစ်နိုင်ငံရန်ပြုမယ် (သို့​သော်​လည်းအ​ဆုံး​သည်​မ​ဖြစ်​သေး။)
ရှင်မဿဲ၂၄:၇ လူ​တစ်​မျိုး​နှင့်တစ်​မျိုး တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံရန်​ဘက်​ပြု​ကြ​လိမ့်​မည်။

၄။စီးပွားရေးကျပြီးအစာခေါင်းပါးလာမယ် (သို့​သော်​လည်းအ​ဆုံး​သည်​မ​ဖြစ်​သေး။)
ရှင်မဿဲ၂၄:၇ အ​ရပ်​ရပ်​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း…။

၅။ကပ်ရောဂါအမျိုးမျိုးပေါ်လာမယ် (သို့​သော်​လည်းအ​ဆုံး​သည်​မ​ဖြစ်​သေး။)
ရှင်မဿဲ၂၄:၇ အ​ရပ်​ရပ်​တို့၌ ကာ​လ​နာ​များ​ပြား​ခြင်း…။

၆။မြေငလျင်ကြီးလှုပ်တာများလာမယ် (သို့​သော်​လည်းအ​ဆုံး​သည်​မ​ဖြစ်​သေး။)
ရှင်မဿဲ၂၄:၇မြေ​ကြီး​လှုပ်​ခြင်း​တို့​သည်ဖြစ်​ကြ​လိမ့်​မည်။ထို​အ​မှု​အ​ရာ​တို့​သည်ဒု​က္ခ​ဆင်း​ရဲ​ခြင်း၏အ​စ​အ​ဦး​ပင်ဖြစ်​သ​တည်း။

၇။ခရစ်ယာန်တွေညှင်းဆဲခံရလာမယ် (သို့​သော်​လည်းအ​ဆုံး​သည်​မ​ဖြစ်​သေး။)
ရှင်မဿဲ၂၄:၈ထို​ကာ​လ၌လူ​များ​တို့​သည်သင်​တို့​ကို​ညှဉ်း​ဆဲ​ခြင်း၊အ​သေ​သတ်​ခြင်း​ကိုခံ​စေ​ခြင်း​ငှာအပ်​နှံ​ကြ​လိမ့်​မည်။ငါ၏​နာ​မ​ကြောင့်​လည်းခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။

၈။မေတ္တာမဲ့ပြီးအချင်းချင်းမုန်းလာမယ် (သို့​သော်​လည်းအ​ဆုံး​သည်​မ​ဖြစ်​သေး။)
ရှင်မဿဲ၂၄:၉-၁၂ ထို​ကာ​လ၌လူ​များ​တို့​သည်သင်​တို့​ကို​ညှဉ်း​ဆဲ​ခြင်း၊အ​သေ​သတ်​ခြင်း​ကိုခံ​စေ​ခြင်း​ငှာအပ်​နှံ​ကြ​လိမ့်​မည်။ငါ၏​နာ​မ​ကြောင့်​လည်းခပ်​သိမ်း​သော​လူ​မျိုး​တို့​သည်သင်​တို့​ကိုမုန်း​ကြ​လိမ့်​မည်။ထို​ကာ​လ၌အ​များ​သော​သူ​တို့​သည်ဖောက်​ပြန်​ခြင်း​သို့​ရောက်၍၊အ​ချင်း​ချင်းတစ်​ယောက်​ကို​တစ်​ယောက်အပ်​ကြ​လိမ့်​မည်။အ​ချင်း​ချင်းမုန်း​ကြ​လိမ့်​မည်။…မ​တ​ရား​သော​အ​မှု​တို့​သည် များ​ပြား​သ​ဖြင့် အ​များ​သော​သူ​တို့၏ ချစ်​ခြင်း​မေ​တ္တာ​သည် ခေါင်း​ပါး​လိမ့်​မည်။

၉။မိစ္ဆာပရောဖက်ပေါ်လာပြီးလူကိုလှည့်ဖြားလာမယ် (သို့​သော်​လည်းအ​ဆုံး​သည်​မ​ဖြစ်​သေး။)
ရှင်မဿဲ၂၄:၁၁ မိ​စ္ဆာ​ပ​ရော​ဖက်​အ​များတို့​သည် ပေါ်​လာ၍ လူ​အ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။

၁၀။မတရားသောအမှုပိုပိုများလာမယ် (သို့​သော်​လည်းအ​ဆုံး​သည်​မ​ဖြစ်​သေး။)
ရှင်မဿဲ၂၄:၉-၁၃ မ​တ​ရား​သော​အ​မှု​တို့​သည်များ​ပြား​သ​ဖြင့် အ​များ​သော​သူ​တို့၏ ချစ်​ခြင်း​မေ​တ္တာ​သည်ခေါင်း​ပါး​လိမ့်​မည်။

လူတွေအားလုံး ဧ​ဝံ​ဂေ​လိကြားရပြီးမှသာ(အဆုံးသည်ဖြစ်လတ္တံ့)
ရှင်မဿဲ၂၄:၉-၁၄ လူ​မျိုး​အ​ပေါင်း​တို့​အားသက်​သေ ​ဖြစ်​မည်​အ​ကြောင်း နိုင်​ငံ​တော်​
နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ်ရှိ​သ​မျှ​တို့၌ဟော​ရ​လိမ့်​မည်။