• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

666နဲ့တိုက်ဆိုင်တိုင်းစာတန်လား

ဆရာရဲမင်း

11 月 14, 2024

666နဲ့တိုက်ဆိုင်တိုင်းစာတန်လား

ကိုဗစ်ကာကွယ်ဆေးကို၆၆၆သားရဲတံဆိပ်ပါလို့အတိကျဟောနေတဲ့ဆရာတွေတချို့ကြောင့်ယုံကြည်သူတွေကြောက်နေကြသလို၊မထိုးရဲဘဲဒွိဟဖြစ်နေကြလို့ဒုတိယအကြိမ်ထပ်တခါရှင်းပြပါမယ်။ကာကွယ်ဆေးက၆၆၆မဟုတ်ပါ(သုံးကြိမ်ဖတ်ရန်)။ထိုးချင်ရင်စိတ်ချလက်ချထိုးပါဗျာ။အခြားကျန်းမာရေးအကြောင်းပြချက် ကြောင့်မထိုးချင်ရင်လဲရပါတယ်။သားရဲတံဆိပ်မို့လိုဆိုပြီးတော့မထိုးဘဲကြောက်နေရင် တော့ရောဂါကူးနိုင်ပါတယ်၊သေနိုင်ပါတယ်ဗျ။

ဒီမှာအဓိကပြောချင်တာက666ဂဏာန်းနဲ့တိုက်ဆိုင်တိုင်းစာတန်လို့မုချမသွန်သင်မခံယူကြပါနဲ့ဗျာ။အဲလိုသွန်သင်နေရင်ဥပမာကျမ်းစာ၃ရာ၁၀:၁၄ထဲကရှောလမုန်မင်းနှစ်တိုင်းရတဲ့ရွှေအချိန်၆၆၆ပိသာလဲစာတန်ဖြစ်သွားပါလိမ့်မည်။
နောက်ပြီးကျမ်းစာဧဇရမှတ်စာ၂:၁၃ထဲကအဒေါနိကံအမျိုးသား၆၆၆ယောက်လည်းစာတန်ဘဲ လို့ခံယူရပါလိမ့်မယ်။

ဒါကြောင့်၆၆၆နဲ့ဂဏန်းတခုခုတိုက်ဆိုင်မှုတိုင်း(အမူအရာတခုခုတိုက်ဆိုင်တိုင်း)သားရဲတံဆိပ်ဘဲလိုမုချ မပြောကြပါနှင့်။ပိုဆိုးတာက၆၆၆မရရအောင်ဟိုပေါင်းဒီနုတ်လုပ်ပြီးခြိမ်းခြောက်နေတဲ့ဆရာဆိုသူတွေကိုဝေးဝေးကရှောင်ပါ။ယုံကြည်သူတွေလဲကျမ်းစာသေချာဖတ်ကြည့်ပါ၊နေရာတကာသူများယောင်တိုင်းမယောင်မိစေပါနဲ့ဗျာ။
ရိုးရိုးလေးစဉ်းစားပါ

၁။ကာကွယ်ဆေးကသင့်ကိုကယ်တင်နေတာလား?သေစေနေတာလား?
၂။ကာကွယ်ဆေးကခရစ်ယာန်ကိုဖိနှိပ်နေတာလား?
၃။ကာကွယ်ဆေးကခရစ်တော်ကိုပုန်ကန်နေတာလား?
၄။ကာကွယ်ဆေးကလူသားတစုလုံးရဲ့အရောင်းအဝယ်ကိုထိန်းချုပ်နေလား?
၅။ကိုဗစ်ကာကွယ်ဆေးမပေါ်ခင်ပေါ်ခဲ့တဲ့ငှက်ဖျားကာကွယ်ဆေး၊တုပ်ကွေးကာကွယ်ဆေး၊ကလေးကာကွယ်ဆေးအပါအဝင်အခြားကာကွယ်ဆေးအားလုံးကောစာတန်သားရဲတံဆိပ်ဘဲလား?