• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ထင်ရှားစွာဆုံးမပြစ်တင်ခြင်း

ဆရာရဲမင်း

11 月 9, 2024

ထင်ရှားစွာဆုံးမပြစ်တင်ခြင်း

သမ္မာကျမ်းစာ(ဂလာတိ၂:၁၁-၁၄)ထဲမှာတမန်တော်ရှင်ပေတရုဟာမလုပ်သင့်တဲ့အရာတခုလုပ်ခဲ့တာကိုတမန်တော်ရှင်ပေါလုကလူရှေ့သူရှေ့ထင်ရှားစွာ(မေတ္တာဖြင့်)ဆုံးမပြစ်တင်ခဲ့တာတွေ့ရပါတယ်။

ကျမ်းစာအရအဖြစ်အပျက်ကဒီလိုပါ…တမန်တော်ရှင်ပေတရုဟာအန္တိအုတ်မြို့ရောက်လာပြီးတပါးအမျိုးသား(ဂျူးမဟုတ်သူများ)ယုံကြည်သူတွေနဲ့အတူစားသောက်နေပါသတဲ့၊သဘောကတော့ခရစ်တော်၌ယုဒလူ၊ဟေလသလူမရှိဆိုပြီးတတန်းထဲထားပြီးဆက်ဆံခြင်းပါ။ဒါပေမယ့်ပြဿနာကရှင်ယာကုပ်ဆီကနေဂျူးလူမျိုးယုံကြည်သူတွေရောက်လာတဲ့အခါမှာတော့ပေတရုဟာအဲဒီလူတွေကိုမျက်နာပေးတာကတကြောင်း၊အဲဒီလူတွေကသူ့ကိုအပြစ်‌ ပြောမှာကြောက်တာကတစ်ကြောင်းနဲ့ချက်ချင်းဆိုသလိုတပါးအမျိုးသားနဲ့ခွာသွားပြီးခွဲခြားခွဲခြားလုပ်နေမိတာပါ။ဒီလိုခွဲခြားလုပ်တာကိုအခြားဂျူးယုံကြည်သူတွေလဲလိုက်လုပ်သလိုဗာနဗပါ‌ကြောက်ပြီးရောပါသွားကြောင်းကျမ်းစာကဖော်ပြပါတယ်။

အမှန်ကတော့ဂျူးတွေဟာတပါးအမျိုးသားတွေနဲ့ခွဲခြားခွဲခြားလုပ်ခြင်းဟာဂျူးဘာသာဓလေ့အရမှန်ပေမယ့်၊ခရစ်တော်ရဲ့ဧဝံဂေလိအရတော့လုံးဝမှန်ကန်ခြင်းမရှိပါဘူး။အထူးသဖြင့်‌ ခေါင်းဆောင်ပိုင်းတွေဟာ‌နောက်လိုက်‌ တွေရဲ့စံပြမို့ခေါင်းဆောင်လုပ်သလိုနောက်လိုက်တွေအလွယ်တကူလိုက်လုပ်နိုင်တာပါ၊ဒါ‌ ကြောင့်လဲနောက်လိုက်တွေဟာပေတရုလိုလိုက်‌ေယာင်‌ဆောင်ရင်းဗာနဗပါလိုက်အားနည်းသွားကြတာပါ။

ဒီအဖြစ်ပျက်အားလုံးကိုမြင်နေတာကတော့တမန်တော်ရှင်ပေါလုပါ။တကယ်တမ်းတော့ရှင်ပေါလုဆိုတာစီနီယာအနေနဲ့ပြောရင်သူကပေတရုအောက်အများကြီးငယ်ပါတယ်၊ပေတရုကတမန်‌တော်လုပ်နေတုန်းပေါလုကတော့သူတို့ကိုလိုက်သတ်နေခဲ့သူပါ။တနည်းအားဖြင့်ပေတရုဟာပေါလုနဲ့စာရင်သူ့ရှေ့ပြေးတမန်တော်ကြီးပါ။ယနေ့ခေတ်အနေနဲ့ပြောရရင်“‌ ပြောပိုင်ခွင့်မရှိဘူး”ဆိုတာမျိုးပေါ့။ဒါပေမယ့်ရှင်ပေါလုကတော့လူမျက်နာထက်ဧဝံဂေလိကိုသာထောက်ရှုပြီးအများရှေ့မှာသူ့စီနီယာကြီးပေတရုကို“နင်ဒီလိုလုပ်‌နေတာဧဝံ‌ဂေလိတရားနဲ့မကိုက်ညီဘူး”ဆိုတဲ့သ‌ဘောနဲ့အပြစ်တင်ဆုံးမခဲ့ပါတယ်။ရှင်ပေါလုကဒီလိုဆုံးမလိုက်လို့ပေတရုကရှက်ရမ်းရမ်းပြီးစိတ်မတိုခဲ့သလို၊နင်တိတ်တိတ်လေးသတိပေးပါလားလို့လဲမပြောခဲ့ပါဘူး။ပေတရုဟာသူ့အမှားကိုမြင်ပြီးပေါလုဆုံးမတာကိုလက်ခံခဲ့ပါတယ်။(၂ပေ၃:၁၄-၁၆)။

သင်ခန်းစာယူရမှာက
၁။ပေတရုလိုဧဝံဂေလိတရားသိပြီးဟောနေသူဖြစ်ပေမယ့်တကယ့်အရှိန်အဝါကြီးသူနဲ့ဖိအားကြုံလာရင်မသိမသာမမှန်တဲ့အရှိန်ဖက်ပြောင်းပြီးမျက်နာသာပေးနေသလားဆင်ခြင်ရပါမယ်။
၂။ နောက်လိုက်တချို့နဲ့ဗာနဗလို၊ခေါင်းဆောင်မှား‌နေရင်ကိုယ်လည်းလိုက်မှားနေသူဖြစ်နေသလားဆင်ခြင်ရပါမယ်။
၃။ဧဝံဂေလိတရားခံယူပြီးကျမ်းစာနဲ့မကိုက်ညီတဲ့ထုံးတမ်းအစဉ်လာထဲသေနေသလားဆင်ခြင်ရပါမယ်။
၄။ပေါလုလိုလူ့မျက်နာမလိုက်ဘဲဧဝံဂေလိကိုထောက်ရှုပြီးရဲရဲပြောနေပြီလားဆင်ခြင်ရပါမယ်။“ခေါင်းဆောင်တွေမှားရင်ဘုရားရှင်းလိမ့်မယ်ငါတို့မပြောသင့်ဘူး”ဘဲဖြစ်နေလားဆင်ခြင်ရပါမယ်။
၅။ရှင်ပေတရုလိုမိမိထက်ရာထူးအများကြီးငယ်သူကလူရှေ့သူရှေ့(မေတ္တာဖြင့်)အပြစ်တင်ဆုံးမလာတဲ့အခါစိတ်တိုမလား?ဂလဲ့စားချေမလား?အမိန့်ပြန်ပေးပြီးဟောက်စားမလား?မိမိအမှားကိုပြုပြင်မလားဆိုတာဆင်ခြင်ရပါမယ်။
၆။ဒီကျမ်းချက်အတိုင်းမိမိလိုရာအသုံးပြုပြီးသူတပါးအပြစ်လိုက်ပြောနေလား?ကျမ်းစာအတိုင်းဘဲလား?သူတပါးကိုတကယ်ကောင်းစေချင်လို့လားအရှက်ရစေချင်လို့လား?မေတ္တာပါနေသလားဆိုတာဆင်ခြင်ရပါမယ်။
(ထင်​ရှား​စွာ ဆုံး​မ​ပြစ်​တင်​ခြင်း​သည် တိတ်​ဆိတ်​စွာ ချစ်​ခြင်း​ထက်​သာ၍​ကောင်း၏။သုတ္တံကျမ်း၂၇:၅)