စစ်မှန်သောယုံကြည်သူရဲ့သက်သေ(၁၀)ချက်
၁။စစ်မှန်တဲ့ယုံကြည်သူဆိုတာ
တခါတလေအပြစ်လုပ်မိတတ်ပေမယ့်၊အပြစ်ကိုကျေနပ်အားရစွာနောင်တမရဘဲဆက်လုပ်နေမှာ တော့မဟုတ်ပါဘူး။
(ယော၁၆:၈ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ အပြစ်ကင်းခြင်းကိုလည်းကောင်း၊ အပြစ်စီရင်ခြင်းကိုလည်းကောင်း၊ လောကီသားတို့အား ထင်ရှားစွာဖော်ပြမည်။)
၂။စစ်မှန်တဲ့ယုံကြည်သူဆိုတာ
တခါတလေအမျက်ဒေါသထွက်မိတတ်ပေမယ့်၊နေဝင်တဲ့အထိခွင့်မလွတ်နိုင် အောင်အမုန်းတရားကိုထိန်ချန်ထားမှာတော့မဟုတ်ပါဘူး။
(ဧဖက်၄:၂၆-၂၇အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။)
၃။စစ်မှန်တဲ့ယုံကြည်သူဆိုတာ
တခါတလေဘုရားကိုပြစ်မှား၊လူကိုပြစ်မှားနေမိတတ်ပေမယ့်၊မတောင်းပန်မသင့်မြတ်ဘဲအေးဆေးနေတတ်မှာတော့မဟုတ်ပါဘူး။
(၁ယော၁:၁၀ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသားအပြစ်တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌မရှိ။)
၄။စစ်မှန်တဲ့ယုံကြည်သူဆိုတာ
တခါတလေဘုရားနဲ့ဝေးနေမိတတ်ပေမယ့်၊နောက်မလှည့်နိုင်အောင်ဆက်ဝေးနေမှာ တော့မဟုတ်ပါဘူး။
(တမန်၃:၂၆ဘုရားသခင်သည် သင်တို့တစ်ဦးစီ၏ဆိုးညစ်သောအကျင့်ကိုဖယ်ရှား၍ သင်တို့ကိုကောင်းချီးပေးတော်မူရန် မိမိ၏အမှုဆောင်ကို ပေါ်ထွန်းစေလျက် သူ့ကို သင်တို့ထံသို့ဦးစွာစေလွှတ်တော်မူ၏”ဟု လူတို့အားဆိုလေ၏။)စံမီ
၅။စစ်မှန်တဲ့ယုံကြည်သူဆိုတာ
တခါတလေခြေချော်အားနည်းမိတတ်ပေမယ့်၊ပြန်မထဘဲအပြစ်နွံထဲမှာဆက်တိုက်လူးလိမ့်ပျော်ရွှင်နေမှာတော့မဟုတ်ပါဘူး။
(ဟေဗြဲ၁၁:၂၄-၂၅မောရှေသည် အရွယ်ရောက်သောအခါ ဖာရောဘုရင်သမီးတော်၏သားဟုခေါ်ဝေါ်ခြင်းခံရသည်ကိုငြင်းပယ်၍ အပြစ်နှင့်ဆိုင်သောပျော်ရွှင်မှုကို ခဏသာခံစားရခြင်းထက် ဘုရားသခင်၏လူမျိုးတော်နှင့်အတူ ဆင်းရဲဒုက္ခခံရခြင်းကို ယုံကြည်ခြင်းအားဖြင့်ရွေးချယ်၏။)စံမီ
၆။စစ်မှန်တဲ့ယုံကြည်သူဆိုတာ
မိမိကိုယ်ကို သိတတ်၊လုပ်တတ်၊ကောင်းတတ်တာထက် သူတပါးကိုလဲသိစေ၊တတ်စေ၊ကောင်းစေတဲ့သူဖြစ်ပါတယ်။
(၁ကော၉:၁၆ငါသည် ဧဝံဂေလိတရားကို ဟောရုံပြုလျှင် ဝါကြွားခြင်း အကြောင်းမရှိသေး။ အဘယ်ကြောင့်နည်းဟူမူကား၊ မဟောဘဲမနေနိုင်။ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏။)
၇။စစ်မှန်တဲ့ယုံကြည်သူဆိုတာ
ဘာသာရေးကိုင်းရှိုင်းပြီးအမြဲဝိညာဉ်ရေးရာနံပတ်၁ထားတတ်ပေမယ့်၊လက်တွေ့ မေတ္တာဖြင့်လုပ်ဆောင်မှုကိုပိုအလေးထားသူဖြစ်ပါတယ်။
(ဂလာတိ၅:၁၄အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တစ်ပါးကို ကျင့်လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာ ရောက်၏။)
၈။စစ်မှန်တဲ့ယုံကြည်သူဆိုတာ
ဝန်ထုပ်ရှိသမျှကိုဘုရားသခင်ဆီအပ်နှံပေမယ့်၊မိမိလုပ်ရမယ့်အပိုင်းကိုတော့ကျေပွန်အောင်လုပ်တတ်သူဖြစ်ပါတယ်။
(ရှင်ယာကုပ်၂:၂၆ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏။)
၉။စစ်မှန်တဲ့ယုံကြည်သူဆိုတာ
အမှုတော်ဆောင်ကြီးတွေကိုလေးစားကြည်ညိုတတ်ပေမယ့်၊သူတို့ပြောတိုင်းအကုန်ခေါင်းငြိမ့်လက်ခံမှာမဟုတ်ဘဲကျမ်းစာနဲ့တိုက်စစ်တတ်သူဖြစ်ပါတယ်။
(၁သက်၅:၂၀-၂၁ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မမှတ်ကြနှင့်။ခပ်သိမ်းသောအရာကို စုံစမ်း၍၊ ကောင်းသောအရာကို အမြဲကိုင်စွဲကြလော့။)
၁၀။စစ်မှန်တဲ့ယုံကြည်သူဆိုတာ
မိမိဂိုဏ်းဂဏနဲ့လူမျိုးကိုနာခံချစ်ခင်တတ်ပေမယ့်သမ္မာတရားနဲ့ပတ်သတ်လာရင်ပြတ်သားစွာသမ္မာတရားဖက်ရပ်တည်ရဲသူဖြစ်ပါတယ်။
(ဂလာတိ၁:၁၀ယခုတွင် ငါသည် လူတို့၏ အလိုသို့လိုက်သလော။ ဘုရားသခင်၏ အလိုတော်ကို လိုက်သလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန်မဟုတ်ပြီ။)