• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သခင်ယေရှုရဲ့သေခြင်းနှင့်ပတ်သက်ပြီးမှားယွင်းသောအဆို(၇)မျိုး

ဆရာရဲမင်း

11 月 11, 2024

သခင်ယေရှုရဲ့သေခြင်းနှင့်ပတ်သက်ပြီးမှားယွင်းသောအဆို(၇)မျိုး

၁။Ransom to Satan Theory
(Origen185 – 254)ကလာတဲ့“စာတန်ကိုအ‌ကြွေးဆပ်တဲ့အဆို”ပါ။စိန့်သြဂတ်စတင်း‌တောင်ဒီအဆိုကို‌ထောက်ခံခဲ့တယ်ဆိုပါတယ်။ဒီအဆိုရဲ့အဓိကအချက်ကလူ‌ တွေဟာစာတန်ရဲ့ဖမ်းဆီးခြင်းမှာကျရှုံးသွားတဲ့အတွက်၊စာတန်ကိုအကြွေးဆပ်ရမယ်လို့ခံယူတာပါ။ဒါကြောင့်ခရစ်တော်ရဲ့‌သေခြင်းဟာဟာလူ‌တွေကိုယ်စားစာတန်ဆီအပြစ်အကြွေးဆပ်ခဲ့တယ်လို့ခံယူတာပါ။ဒါဟာစာတန်ကိုအကြွေးရှင်လိုသ‌‌ဘောထားပြီးအပြစ်ကြွေးဆပ်ခဲ့တာမှားယွင်းတဲ့ခံယူမှုပါ။နောက်ပိုင်းဒီအဆိုကိုပြုပြင်ဖို့စာတန်အလိမ်ခံရတာပါဆိုတဲ့ရှင်းလင်းချက်ထည့်သွင်းလာပါတယ်၊သဘောကခရစ်တော်ဟာမိမိကိုယ်ကိုအပြစ်သားအတွက်အကြွေးဆပ်ဖို့စာတန်ဆီပေးဆပ်လိုက်ပေမယ့်၊စာတန်ကခရစ်တော်ကိုအပိုင်အနိုင်ယူလို့မရခဲ့တာမို့စာတန်ဖက်ကအလိမ်ခံထိတဲ့သဘောပါ။ဒါဟာလည်းမှားယွင်းတဲ့အဆိုပါဘဲ၊နဂိုဂိတ်ဘဲဆိုက်ပါတယ်။
တကယ်တမ်းတော့လူအပြစ်လုပ်တာဟာစာတန်ကိုပြစ်မှားတာမဟုတ်ဘဲသန့်ရှင်းတဲ့ဘုရားကိုပြစ်မှားတာပါ၊စာတန်ကစီရင်မှာမဟုတ်ဘဲဘုရားကစီရင်မှာမို့အပြစ်တရားကိုစာတန်ဆီ‌ ဖြေရှင်းရမှာမဟုတ်ပါဘူး၊ဘုရားဆီဖြေရှင်းရတာပါ။စာတန်ဆီအကြွေးဆပ်လိုက်လို့ဘုရားအမျက်မထွက်တော့တာမျိုးမဟုတ်ပါ။စာတန်ကလည်းလူ‌ တွေကိုလွတ်လပ်မှုမပေးနိုင်ပါ။ဒါကြောင့်ကျ‌နော်တို့နားလည်ထားရမှာကခရစ်တော်ရဲ့အသေခံခြင်းဟာစာတန်ကိုအမြတ်ရစေတာမဟုတ်ဘဲအရှက်ရစေတာပါ၊စာတန်ကိုကူညီဖြည့်စည်း‌ဖို့ရန်မဟုတ်ဘဲ‌ရှုံးနှိမ့်‌စေခဲ့တာပါ။စာတန်နဲ့သဘောတူညီမှုရယူခဲ့တာမဟုတ်ဘဲဘုရားသသခင်ရဲ့လက်ခံပေးခြင်းကိုရခဲ့တာပါ။

၂။Recapitulation Theory
Irenaeus (130-200)ရဲ့“ပြတ်သွားတာကိုပြန်လည်ဆက်ပေးတဲ့အဆို”ပါ။ဒီအဆိုမှာခရစ်တော်ယေရှုဟာအာဒံအတိုင်းအသက်ရှင်ခဲ့ရပြီး၊အပြစ်လုပ်ခဲ့ခြင်းအပါအဝင်လူ့ဘဝကိုဖြတ်သန်းခဲ့ရကြောင်း၊အာဒံအတိုင်းပြန်လည်အစားထိုးအသက်ရှင်ခဲ့ကြောင်းအဆိုပြုထားပါတယ်။
တကယ်တမ်းတော့ခရစ်တော်ဟာနောက်ဆုံးသောအာဒံလို့၁ကော၁၅:၄၅မှာဖော်ပြပေမယ့်၊မတူညီတာကခရစ်တော်ဟာအပြစ်လုံးဝ(လုံးဝ)မလုပ်ခဲ့တာပါ(၁ယော၃:၅၊ယော၈:၄၆)။ဒါကြောင့်ဒီအဆိုရဲ့အဓိကပြဿနာဟာခရစ်တော်ရဲ့အပြစ်မဲ့တဲ့အရာနဲ့အပြစ်သားကိုကယ်တင်ခြင်းအပိုင်းပါ။ခရစ်တော်ရဲ့မွေးခြင်းကလူကိုကယ်တင်သွားတာမဟုတ်ဘဲခရစ်‌တော်ရဲ့သေခြင်းကသာလူကိုကယ်တင်မှုပြီးမြောက်ခဲ့တာကျ‌‌နော်တို့နားလည်ရပါမယ်။

၃။Commercial Theory
Anselm(1033-1109)ကလာတဲ့“အမြတ်ရခြင်းအဆို”အဆိုပါ။ဒီအဆိုကလူတွေရဲ့အပြစ်ကြောင့်ဘုရားရဲ့ဘုန်းတန်ခိုးလုယူသွားခြင်းခံခဲ့ရတယ်၊ဒါကြောင့်ခရစ်‌ တော်ကိုစေလွတ်အသေခံခိုင်းပြီးဒီဘုန်းကိုပြန်လည်ရယူဖို့လိုတယ်၊အပြစ်သားနဲ့ငြိမ်ချမ်းရေးသဘောတူဖို့လည်းလိုအပ်တယ်။
ဒီအဆိုကမှန်သလိုနဲ့မှားနေပါတယ်၊ဘုရားရဲ့လိုအပ်မှု(အမြတ်)တခုလေးကြောင့်ခရစ်တော်ကိုအသေခံခိုင်းတဲ့သဘောဖြစ်နေလို့ပါ။အမှန်တော့ဘုရားကလူကိုချစ်လို့၊ခရစ်တော်ကသူကိုယ်တိုင်နာခံပေးဆပ်ခဲ့လို့ပါ။ဘုရားဘုန်းပြန်ရယူဖို့အမြတ်လိုချင်တာတခုဘဲမဟုတ်၊လူတွေကိုချစ်လို့ဆိုတာသိထားရပါမယ်။

၄။Moral Influence Theory
Abelard(1079-1142)ကအစပြုခဲ့တဲ့“ကိုယ်ကျင့်တရား‌ဩဇာလွမ်းမိုးမှုအဆို” အဆိုပါ။လစ်ဘရယ်တွေဒီအဆိုကိုလက်ခံသွန်သင်လေ့ရှိကြပါတယ်။အဓိကအဆိုကခရစ်တော်ရဲ့သေခြင်းဟာအပြစ်ကိုဆေးကြောကယ်တင်ဖို့မဟုတ်ဘဲ၊အပြစ်သားတွေကိုချစ်လို့အသေခံခြင်းနဲ့သူတို့‌ နောင်တရပြီးကိုယ်ကျင့်တရားကောင်းလာအောင်သာလုပ်ပေးခဲ့တာလို့ဆိုပါတယ်။
အမှန်တော့ခရစ်တော်အသေခံခဲ့ခြင်းဟာလူ‌တွေကိုချစ်လို့ဆိုပေမယ့်၊ကိုယ်ကျင့်တရားကောင်းဖို့လောက်ဘဲလုပ်ခဲ့ပေးတာမဟုတ်ပါဘူး၊အပြစ်အတွက်လူ့အကျင့်နဲ့မလုပ်နိုင်မှန်းသိလို့ခရစ်တော်လာအသေခံပေးသွားတာပါ။

၅။Accident Theory
Schweitzer(1875-1965)ကလာတဲ့“မ‌တော်တဆမှုအဆို”ပါ။ခရစ်တော်ဟာမေရှိယအရိုက်အရာအတိုင်းလုပ်ဆောင်နေရင်းမတော်တဆအသတ်ခံခဲ့ရကြောင်း၊သူရဲ့သေခြင်းကလူသားတွေအတွက်ဘာမှအကျိုးမဖြစ်ခဲ့ကြောင်းအဓိကအဆိုပါ။
သမ္မာကျမ်းစာမှာခရစ်တော်ရဲ့သေခြင်းဟာမတော်တဆမှုလို့လုံးဝ(လုံးဝ)မပြောထားတဲ့အတွက်ဒီအဆိုကလည်းမှားနေပါတယ်။ဓမ္မ ဟောင်းကအစ၊ယေရှုကိုယ်တိုင်သူ‌ သေရမယ်ဆိုတာအကြိမ်ကြိမ်ပြောထားနှင့်ပြီးမို့ပါ။သူ့ရဲ့သေခြင်းဟာလည်းခမည်းတော်ရဲ့အကြံစည်ဖြစ်သလိုလူတွေကိုအပြစ်ကနေကယ်တင်ဖို့ပါ။

၆။Example (Martyr) Theory
၁၆ရာစုSociniansဆိုတဲ့အဖွဲ့ကလာတဲ့“စံပြမာတုရအဆို”ပါ။အဓိကအဆိုကခရစ်တော်ရဲ့အသေခံခြင်းကမလိုအပ်တဲ့အရာဖြစ်ကြောင်း၊ခရစ်တော်ရဲ့သေခြင်းနဲ့အပြစ်သားကယ်တင်ခြင်းရတာဟာမသက်ဆိုင်ကြောင်း၊ခရစ်တော်ရဲ့သေခြင်းဟာနာခံခြင်းရဲ့စံပြအဖြစ်သာလုပ်ပြခဲ့ပြီး၊သူရဲ့သေသည့်တိုင်အောင်နာခံခဲ့ခြင်းသာသူ့နောက်လိုက်တွေအတွက်စံပြလုပ်ပေးခဲ့တာဖြစ်ကြောင်းအဆိုပါ။
အမှန်တော့ခရစ်တော်ရဲ့အသေခံခြင်းဟာစံပြတခုဘဲမဟုတ်၊အဓိကအပြစ်အတွက်ဖြေရှင်းပေးခဲ့တာပါ(ရော၃:၂၄)။

၇။Governmental Theory
Grotius (1583-1645)ရဲ့“အစိုးရခြင်းအဆို”ပါ။ဘုရားသခင်ဟာအစိုးရတဲ့ဘုရားမို့အပြစ်သားကိုခွင့်လွတ်ဖို့ဆိုရင်ဘာမှလာပေးဆပ်စရာမလိုဘူးလို့ပြောခြင်းပါ။ဒါကြောင့်ခရစ်တော်ရဲ့အသေခံခြင်းဟာပညတ်တရားကိုအကြွေးဆပ်တဲ့ပုံဆောင်ခြင်းသာဖြစ်ပြီး၊သူ့ရဲ့အစိုးရခြင်းကြောင့်အပြစ်သားကိုခွင့်လွတ်ကြောင်းအဆိုပါ။
အမှန်တော့ခရစ်တော်ရဲ့ သေခြင်းဟာဘုရားသခင်ရဲ့“တရားခြင်း”နဲ့“အစိုးရခြင်း”၊“ချစ်ခြင်း‌ မေတ္တာ”အားလုံးရဲ့ညီမျှခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျမ်းစာမှာအပြစ်အတွက်အစားထိုးအသေခံဖို့လိုကြောင်းဖော်ပြထားတာပါ။