လင်းယုန်နဲ့ကျီးကန်း
လင်းယုန်ငှက်ဟာမိုးမြင့်ပေါ်မှာပျံသန်းနေတဲ့အချိန်၊ကျီးကန်းနဲ့သွားတိုးပါတယ်။ကျီးကန်းကလင်းယုန်ရဲ့ပျံသန်းနိုင်မှုကိုမနာလိုတဲ့အတွက်လင်းယုန်ဆီအရောက်ပျံသန်းသွားပြီးကျောဖက်ကနေနူတ်နဲ့ဆိတ်ပါတော့သတဲ့။ဒါကိုလင်းယုန်ငှက်ကကျီးကန်းကိုပြန်မတိုက်ခိုက်ဘဲအမြင့်ကိုဆက်ပျံသန်းပါတယ်၊ပြန်တိုက်ခိုက်ဖို့အချိန်မဖြုန်းနိုင်တာပါ။ဒီလိုနဲ့အမြင့်ကိုပျံသန်းရင်းအထိပ်ဆုံးအမြင့်ဆုံးကိုရောက်လာတဲ့အခါမှာတော့ကျီးကန်းဟာအလိုလိုနေရင်းအမြင့်မှာနေမခံနိုင်လို့ပြုတ်ကျသွားပါတော့တယ်။
တခါတလေသင့်ဘဝမှာလဲကျီးကန်းလိုလူမျိုးနဲ့ကြုံတွေ့ရတတ်ပါတယ်။အထူးအချိန်ဖြုန်းပြီးအဖက်လုပ်စရာမလိုပါဘူး၊မိမိပန်းတိုင်အတိုင်းသာဆက်လျှောက်ပါ၊အချိန်တန်ရင်ဒီ“ကျီးကန်း” တွေပြုတ်ကျကျန်ခဲ့ပါလိမ့်မယ်။
သုတ္တံကျမ်း26:4 မိုက်သောသူ၏သဘောသို့လိုက်၍၊ သူ၏စကားကို မချေနှင့်။ ထိုသို့ချေလျှင် သူနှင့်တူလိမ့်မည်။