• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

လိုချင်တာနဲ့လိုအပ်တာ

ဆရာရဲမင်း

11 月 14, 2024

လိုချင်တာနဲ့လိုအပ်တာ

“အဖေ၊သားမုတ်ဆိတ်မွေးတွေထွက်နေပြီ၊မုတ်‌ဆိတ်ရိတ်တဲ့စက်ဝယ်ပေးပါလားဗျာ”
သားကြီးဖြစ်သူမှအဖေကိုလိုအပ်တဲ့အရာတောင်းလိုက်လေသည်။
အဖေဖြစ်သူမှဘာမှပြန်မပြောဘဲသားကြီးအတွက်ချက်ချင်းဘဲလိုအပ်သည့်မုတ်ဆိတ်ရိတ်စက်သွားဝယ်ပေးလိုက်ပါသည်။
ဒီအရာအားလုံးကိုအစအဆုံးကြားမြင်နေသူကတော့သမီးငယ်ပင်ဖြစ်သည်။
တရက်မှာတော့
သမီးငယ်ကအဖေအမေဆီလာပြီးသူ့အကိုလိုမျိုးမုတ်ဆိတ်မွေးရိတ်စက်လိုချင်ကြောင်းတောင်းခံပါတော့သည်။သိုပေမယ့်သမီးငယ်မည်မျှပင်သနားခံပြီးတောင်းဆိုနေကာမူမိဘနှစ်ပါးမှမဝယ်ပေးဖြစ်ခဲ့ချေ။သမီးငယ်မှာမုတ်ဆိတ်မထွက်တတ်တဲ့အတွက်ဒီစက်မလိုအပ်ကြောင်း၊အကိုကြီးနဲ့သမီးနဲ့မတူကြောင်းသေချာရှင်းပြမှသမီးငယ်လည်းသဘောပေါက်သွားပါတော့သည်။
…………………………………………
အလားတူပင်
ယနေ့ကျွန်တော်တို့သိထားရမည်မှာဘုရားသခင်သည်ဖခင်တဦးလိုပင်ဖြစ်ပါသည်၊သူ့သားသမီးလိုအပ်တာကိုအမြန်ဆုံးနဲ့အကောင်းဆုံးပြင်ဆင်ပေးပါလိမ့်မည်၊သို့ပေမယ့်လိုအပ်တာမဟုတ်ဘဲလိုချင်တာကိုဇွတ်တောင်းနေရင်တော့ရက်ရှည်အစာရှောင်ဆုတောင်းနေလည်းရမှာမဟုတ်ပါ။ကျွန်‌တော်တို့အတွက်မလိုအပ်လို့ဖြစ်ပါသည်။

ရောမ 8:26 ထို​မှ​တစ်​ပါး၊ ငါ​တို့ မ​တတ်​နိုင်​သော​အ​ရာ​မှာ ဝိ​ညာဉ်​တော်​သည် မ​စ​တော်​မူ၏။ ငါ​တို့​သည် ဆု​တောင်း​သင့်​သည်​အ​တိုင်း အ​ဘယ်​ဆု​ကို တောင်း​ရ​မည်​ဟု​မ​သိ​ကြ။ သို့​ရာ​တွင် ငါ​တို့​ဆု​တောင်း​ခြင်း​အ​မှု​ကို နှုတ်​မ​မြွက်​နိုင်​သော ညည်း​တွား​ခြင်း​အား​ဖြင့် ဝိ​ညာဉ်​တော်​သည် စောင့်​မ​တော်​မူ၏။