ယေရှုဘယ်ပျောက်သွားပြီလဲ?
ယုံကြည်သူတဦးမှယေရှုနှင့်အတူကမ်းခြေသဲမြေမှာအတူလမ်းလျှောက်နေကြောင်းအိမ်မက်မက်ပါသည်။
နောက်ပြန်လှည့်ကြည့်တော့
သဲမြေမှာသခင့်ခြေရာနဲ့သူ့ခြေရာတစုံစီကျန်နေခဲ့တာမြင်တွေ့နေရပါသည်။ငြိမ်သက်ဝမ်းမြောက်နေတဲ့အချိန်တွေပါ။
သို့ပေမယ့်
လေပြင်းမုန်တိုင်းတိုက်လာတဲ့အခါ၊နောက်ပြန်လှည့်ကြည့်တိုင်းခြေရာတခုသာတွေ့နေရပါသည်။ လေပြင်းမုန်တိုင်းငြိမ်သက်မှခြေရာနှစ်စုံပြန်ပေါ်လာပါသည်။
ယုံကြည်သူမေးမိသည်
“သခင်၊ဘဝမုန်တိုင်းပြင်းထန်တဲ့အခါသခင်ဘယ်ပျောက်သွားတာလဲ?ကျွန်တော်နဲ့အတူထာဝရနေပေးမယ်ဆို?အခုတော့အခက်ခဲကိုတယောက်ထဲရင်ဆိုင်နေရတာပါလား?”ဟုပေါက်ကွဲမိပါသည်။
ဒီချိန်မှာသခင်ကညင်သာစွာဖြင့်
“ငါ့သား၊မုန်တိုင်းထန်တဲ့အခါမင်းတွေ့နေရတဲ့ခြေရာတစုံဟာတကယ် တော့ငါ့ခြေရာပါ၊အခက်ခဲကြမ်းတမ်းတဲ့အခါမင်းကိုငါပွေ့ချီထားလို့မင်းခြေရာမပေါ်တာပါ”ဟုပင်။
……………………………………..
မိတ်ဆွေ
တခါတလေကျွန်တော်တို့ဘဝမှာခက်ခဲကြမ်းတမ်းခြင်းတွေနဲ့ကြုံတွေ့ရတဲ့အခါသခင်ဘယ်ပျောက်သွားပြီလည်းဟုသံသယဝင်မိတတ်ပါတယ်။အမှန်တော့ယေရှုဘုရားဟာသင်နဲ့အမြဲအတူရှိနေတာပါ၊သင်ခက်ခဲနေတဲ့အချိန်ယေရှုသခင်ကသင့်ကိုထွေးပွေ့ထားတာမမေ့ပါနှင့်။
တရားဟောရာကျမ်း 31:8 သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့်ရှိတော်မူလိမ့်မည်။ သင့်ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူ။ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်။