ကုလားအုတ်နှင့်အပ်နဖားပေါက်
မဿဲ၁၉:၂၄၊မာကု၁၀:၂၅၊လုကာ၁၈:၂၅မှာဖော်ပြတဲ့ကုလားအုတ်ဟာအပ်နဖားပေါက်ဝင်ခြင်းဥပမာအကြောင်းလာမေးလို့ဖတ်ထားသလောက်ချပြပါ့မယ်။
ကျမ်းပညာရှင်တွေရဲ့အနက်ပြန်မှုကိုလေ့လာရင်သုံးမျိုးကွဲပါတယ်
၁။ပထမတမျိုးကတကယ့်အပ်နဖားနဲ့ကုလားအုတ်ကိုဆိုလိုပါတယ်။ရှေးဂျူးစကားပုံမှာ“အပ်နဖားပေါက်ကိုဆင်ဝင်”ဆိုတာမျိုးရှိခဲ့သလို၊ဒီစကားပုံဟာလည်းမဖြစ်နိုင်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်။အထူးဖြင့်ယေရှုကဒီစကားပြောလိုက်ပြီးတပည့်တော်တွေရဲ့တုန့်ပြန်မှုဟာမဖြစ်နိုင်ခြင်းတုန့်ပြန်မှုမျိုးမို့ပိုသိသာတာပါ။
၂။ဒုတိယတမျိုးကWilliam Barclayရဲ့အနက်ပြန်ခြင်းပါ။ရှေးဂျူးမြို့တွေမှာအပ်နဖားတံခါးဆိုတဲ့ဝင်ပေါက်သေးသေးလေးကိုဆိုလိုတယ်လို့ ပြောကြပါတယ်။ကုလားအုတ်ဝင်မယ်ဆိုရင်သယ်ထားတဲ့ပစ္စည်းအကုန်ချခဲ့မှဝင်လို့ရမယ်။ဒီလိုဘဲ၊ချမ်းသာသူလည်းချမ်းသာမှုချခဲ့မှကောင်းကင်ဝင်ရမယ့်သဘောအနက်ပြန်တာ။(ရှေးဂျူးမြို့တွေမှာဝင်ပေါက်အသေးရှိခဲ့ကြပေမယ့်အပ်နဖားတံခါးဆိုတဲ့နာမည်ကိုဘယ်သမိုင်းအထောက်အထားမှာမှရှာမရပါ။)
၃။တတိယတမျိုးကဆီးရီးယားဘာသာကျမ်းစကားမှာကုလားအုပ်နဲ့လျှော်ပင်ကြိုးကစကားလုံးတူကြလို့ဆိုပြီး၊လျှော်ပင်ကြိုးဟာအပ်နဖားထဲထိုးထည့်ဖို့အင်မတန်ခက်ခဲကြောင်းအနက်ပြန်ပါတယ်။
အထက်ပါသုံးမျိုးကိုကျမ်းပညာရှင်အများစုလက်ခံကြတာကနံပတ်(၁)တမျိုးပါ။
စာရေးသူအမြင်ကတော့ဘယ်တမျိုးဘဲဖြစ်ပါစေဒီနေရာမှာအဓိကဆိုလိုရင်းဟာ“အပ်နဖားနဲ့ကုလားအုတ်”မဟုတ်ရပါဘူး၊ကျမ်းစာဖတ်ရင်အဓိကကိုမြင်ဖို့လိုအပ်ပါတယ်။
ဒီမှာအဓိကဆိုလိုချင်တာကကယ်တင်ခြင်းကိုလူ့ရဲ့ကြိုးစားမှုနဲ့ရယူခြင်းဟာအင်မတန်ခက်ခဲပြီးမဖြစ်နိုင်ခြင်းကိုဆိုလိုပါတယ်။ဒါကြောင့်တပည့်တော်တွေကမေးကြတယ်“ဒီလိုဆိုရင်ဘယ်သူကကယ်တင်ခြင်းရနိုင်တော့မလဲ”ပေါ့လေ။ယေရှုဖြေတာရှင်းတယ်“လူမှာမဖြစ်နိုင်ဘူး၊ဒါပေမယ့်ဘုရားတတ်နိုင်တယ်”တဲ့။ဒါပါဘဲ၊ဒါကမိန်းဘဲ။
ဒီပို့စ်ကိုရှဲလိုလျှင်