ကောင်းသောရှမာရိ
ပြင်သစ်နိုင်ငံကပရဟိတသမားတစ်ဦးဟာရေခဲတောင်ခရီးကို တယောက်ထဲအရဲစွန့်စတင်ထွက်ခွာပါတယ်။ပထမဆုံးအကြိမ်မို့လမ်းခုလတ်မှာအေးခဲခြင်းဒဏ်ကိုမခံစားနိုင်ဘဲအခက်ကြုံလာပါတော့တယ်။ကြိုးစားပြီးခရီးဆက်ပေမယ့် မခံနိုင်တဲ့အဆုံးမူးမေ့လဲကျသွားပါတော့တယ်။
သူနိုးလာတဲ့အခါမှာတော့…
တောင်ပေါ်ခရစ်ယာန်ရွာလေးတရွာမှာပါ။ရေခဲတောင်လမ်းတခုမှာရွာကလူတွေလမ်းကြုံလို့သူ့ကိုကယ်တင်လာတာသူရိပ်မိပါပြီ။ရွာမှာအနားယူရင်းကုသရင်းသက်သာလာတဲ့အခါပြန်ရတော့မှာမို့ ကျေးဇူးဆပ်ဖို့လုပ်ပါတော့သည်။ဒါကြောင့်သူ့ကိုဘယ်သူကယ်တင်ခဲ့လည်းဆိုတာသင်းအုပ်ဆရာကိုရောရွာလူကြီးတွေကိုပါလိုက်မေးပါတော့သည်။
ဒါပေမယ့်ရွာကလူတွေကသူတို့ကိုကျေးဇူးဆပ်ဖို့မလိုကြောင်း၊ဘုရားသခင်ကိုသာကျေးဇူးတင်ဖို့ပြောပါသည်။ဒါနဲ့သူ့ကိုဘယ်သူကယ်တင်လိုက်ကြောင်းမေးတဲ့အခါမှာတော့သင်းအုပ်ဆရာက
“သမ္မာကျမ်းစာထဲကကောင်းသောရှမာရိဆိုတဲ့လူရဲ့နာမည်သိလားဗျ”
ပရဟိတသမား
“ကျမ်းစာထဲမှာမဖော်ပြထားလို့ကျွန်တော်လည်းမသိရပါဘူးဆရာ”။
သင်းအုပ်ဆရာ
“ အေး၊ဒါကြောင့်ငါတို့လည်းနာမည်ပြောစရာလိုပါဘူး၊လူကိုကူညီတာငါတို့နာမည်ရဖို့နဲ့ကျေးဇူးတင်ခံရဖို့မဟုတ်ဘူးလေ၊ဘုရားကိုသာ ကျေးဇူးတင်ပါ”ဟူ၍ပင်။
ပရဟိတသမားလည်းဒီစကားကိုကြားရပြီးနောက်အတော်သင်ခန်းစာရခဲ့ပါသည်။နာမည်ကြီးအောင်နဲ့ ကျေးဇူးတင်ခံရဖို့လုပ်ခဲ့သမျှအ တော်ရှက်မိလေသည်။ဒါနဲ့မိမိနေရပ်ပြန်ပြီး၊ပရဟိတလုပ်တဲ့အခါတိုင်းကျေးဇူးတင်ခံရဖို့နဲ့နာမည်ရဖို့မလုပ်တော့ဘဲ၊ခရစ်တော်ကိုသာပေါ်လွင်ဖို့လုပ်သွားပါတော့သည်။
မိတ်ဆွေ
သင်နှင့်ကျွန်ုပ်ကော
နာမည်ကြီးဖို့နဲ့ကျေးဇူးတင်ချီးမွမ်းခံရဖို့အတွက်ကောင်းမူလုပ်နေတာဘဲလား?ကျမ်းစာထဲကကောင်းသောရှမာရိနာမည်ကိုမိတ်ဆွေကောသိပါသလား?
ဝိညာဉ်တော်အလင်းပေးပါစေ။
ရှင်မဿဲခရစ်ဝင် 6:2-4 ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူ တို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ရကြပြီ။- သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ လက်ယာလက် ပြုသည်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်။- မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတ္တံ့။