ကြောက်စရာမလိုတော့ပါ။
အမေရီကန်၊ယုံကြည်သူဗိုလ်ချုပ်ကြီးတစ်ဦးမှသူ့ဇနီးနှင့်အတူပင်လယ်ခရီးထွက်လာခဲ့ပါသည်။
တနေရာရောက်တော့လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး၊လှိုင်းလုံးကြီးတွေထလာတဲ့အတွက်သင်္ဘောပေါ်ကလူအားလုံးကြောက်လာကြပါတော့သည်။
ဒီချိန်မှာဗိုလ်ချုပ်ကြီးကတော့ချီးမွမ်းသီချင်းလေးဟစ်ရင်းအေးဆေးနေပါသည်။ဒါကိုသူ့ဇနီးတွေ့တော့မနေနိုင်လို့“ရှင်မကြောက်ဘူးလား?”ဟုမေးလိုက်သည်။
ဗိုလ်ချုပ်ကြီးမှ
သူ့ခါးကြားကသေနတ်တိုကိုထုတ်ပြီးဇနီးသည်ရဲ့ခေါင်းကိုချိန်လိုက်သည်၊ပြီးမှ“အခုကိုယ်ချစ်လေးကိုသေနတ်နဲ့ချိန်ထားတာချစ်လေးကြောက်လား”
ဇနီးသည်မှ“မနောက်ပါနဲ့ရှင်ရယ်၊ဘာလို့ကြောက်ရမှာလဲ၊သေနတ်ကရှင့်(ငါ့ယောကျာ်း)ဆီမှာလေ”ဟုဖြေလိုက်သည်။(ကိုယ်အယုံကြည်ရဆုံးအချစ်ရဆုံးသူမို့ကိုယ့်ကိုအန္တရာယ်ပြုမှာမဟုတ်ကြောင်းသိနှင့်သောကြောင့်ဖြစ်သည်)။
ဒီချိန်မှယောကျာ်းဖြစ်သူကသေနတ်သိမ်းလိုက်ပြီး
“မှန်တယ်ချစ်လေး၊ငါတို့ရဲ့အသက်လည်းဘုရားသခင်ဆီမှာရှိတယ်လေ၊သေခြင်းရှင်ခြင်းကသူပိုင်တယ်၊သူအခွင့်မရှိရင်ငါတို့ဆံပင်တပင်တောင်မြေပေါ်ကျခွင့်မရှိဘူး၊ငါတို့ကသူ့သားသမီးမို့လေ”ဟုပင်။
တကယ်လည်းခဏအကြာမှာ
တိမ်တွေရှင်းလင်းပြီးရာသီဥတုသာယာလာပါတော့သည်။
မိတ်ဆွေ
သင်ဟာဘုရားသားသမီးဖြစ်တယ်ဆိုတာမမေ့ပါနှင့်၊အရာအားလုံးကဘုရားစီမံကိုင်သွယ်နေတယ်လို့သင်ယုံကြည်ရင်ဘုရားသင့်ကိုအကြွင်းမဲ့ကာကွယ်ပေးပါလိမ့်မည်။သေရေးရှင်ရေးအန္တရာယ်ထဲကျရောက်နေရင်တောင်ဘုရားသခင်သားသမီးတွေမို့ကြောက်စရာမရှိတော့ပြီ။ဟာလေလုယာ၊အာမင်။
(ဟေရှာယ၄၁:၁၀မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်။)