ကယ်တင်ခြင်းဆုံးရှုံးနိုင်သည်ဟုထင်ရသည့်ကျမ်းများအားဖြေရှင်းခြင်း
၁။အသက်စာရင်းမှာဖျက်ခြင်းရှင်းတမ်း
(ထွက်၃၂:၃၂-၃၃မှာမောရှေက- ကိုယ်တော်စီရင်တော်မူသောစာရင်း၌ အကျွန်ုပ်နာမကို ချေတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊ ထာဝရဘုရားက၊ အကြင်သူသည်ငါ့ကိုပြစ်မှား၏၊ ထိုသူ၏နာမကို ငါ့စာရင်း၌ငါချေမည်။)
တချို့ကဒီကျမ်းချက်နဲ့ထာဝရအသက်ဆုံးရှုံးနိုင်ကြောင်း၊ဘုရားသခင်ကအသက်စာစောင်မှာရေးပြီးတဲ့လူ တွေကိုပြန်ပျယ်ဖျက်နိုင်ကြောင်းပြောလာကြပါတယ်။
သတိထားရမှာကဒီမှာဖော်ပြတဲ့“စာရင်း”ဆိုတာထာဝရအသက်စာရင်းမဟုတ်ဘဲခန္ဓာအသက်ရှင်ခြင်းရဲ့စာရင်းသာဖြစ်ပါတယ်(ဟေရှာ၄:၃-၄၊ဆာလံ၆၉:၂၈)။ထွက်၃၂:၃၃နဲ့ဆာ၆၉:၂၈မှာမူရင်းဟေဘရူးစကားလုံး(မူရင်းကုဒ်H4229)ကအတူတူဘဲအသုံးပြုထားတာဖြစ်ပါတယ်။ပိုရှင်းလင်းစေတာကဆရာကြီးယုဒသန်ဘာသာပြန်တဲ့ဟေရှာ၄:၃ထဲမှာ“အသက်စာရင်း”ကို-ယခုလက်ရှိမူရင်းဘာသာစကားနဲ့အတော်နီးစပ်အောင်ဘာသာပြန်ထားတဲ့စံမီကျမ်းမှာ“အသက်ရှင်နေသောသူစာရင်း”လိုဖော်ပြရှင်းလင်းထားခြင်းပါဘဲ။ဒါကြောင့်ဒီနေရာမှာမောရှေကဣသရေလလူတွေကိုအပြစ်လွတ်ပေးဖို့တောင်းဆိုရင်းဒီ လူတွေအစားငါ့ကိုဘဲသေစေပါလို့တခါထဲတောင်းဆိုနေတာဖြစ်ပါတယ်။ဒါကြောင့်ဒီကျမ်းချက်နဲ့ထာဝရအသက်ဆုံးရှူံးနိုင်ကြောင်းအဆိုပြုခြင်းဟာမမှန်ကန်ပါ။
နောက်တခုက(ဗျာ၃:၅)အရတချို့သောသူတွေကအသက်စာစောင်မှာရှိတဲ့နာမည်တွေကိုဘုရားချေဖြတ်နိုင်တယ်လို့ပြောကြပြန်ပါတယ်။သတိထားရမှာက(ဗျာ၃:၅)ထဲမှာချေဖျက်မယ်လို့တခွန်းမှမပါဘူးဆိုတာပါဘဲ၊“အလျှင်းမချေ”လို့ဖော်ပြထားတာမို့ကယ်တင်ခြင်းကိုပို၍တောင်စိတ်ချစေတဲ့ကျမ်းချက်ပါ။အကယ်၍ဒီစကားကိုယူပြီးချေဖျက်နိုင်တယ်လို့ပြောရင်၊ဥပမာဘုရားကကယ်တင်မယ်ဆိုတဲ့စကားကိုယူပြီးဘုရားမကယ်တင်နိုင်ဘူးလို့ခံယူရမလား?မခံယူရပါ။ဒါကြောင့်(ဗျာ၃:၅)သည်ကယ်တင်ခြင်းဆုံးရှုံးနိုင်ကြောင်းတစက်မှမသက်ရောက်ပါ။
၂။ယုံကြည်ခြင်းသင်္ဘောပျက်ခြင်းရှင်းတမ်း
(၁တိ၁:၁၉-၂၀အရ ထိုယုံကြည်ခြင်းမှ စသည်တို့ကို အချို့သောသူတို့သည် ပယ်ပြီးလျှင်၊ ယုံကြည်ခြင်းသင်္ဘောပျက်၍ ဆုံးရှုံးကြပြီ။)
ဒီကျမ်းချက်ကကယ်တင်ခြင်းဆုံးရှုံးနိုင်ကြောင်းဖော်ပြပါသလား?မဟုတ်ရပါ။၁တိ၁:၁၉-၂၀မှာဖော်ပြတဲ့ဟုမေနဲနဲ့အာလေဇေနြုကပေါလုတပည့်မဟုတ်ပါဘူး၊အသင်းတော်မှာပါဝင်ပေမယ့်လွဲမှားစွာယုံကြည်ကြတဲ့မိစ္ဆာအယူလွဲတွေပါ။ဒီလိုလူကကယ်တင်ခြင်းရထားတယ်လို့ပြောလို့မရပါ။သူတို့ယုံကြည်တဲ့ယုံကြည်ခြင်းမှာမှားယွင်းနေကြောင်းပေါလုထောက်ပြပြီးအသင်းတောာ်ကနေနင်ထုတ်ခဲ့တာပါ။
(၂တိ၂:၁၈သူတို့က သေလွန်သော သူတို့သည် ထမြောက်ကြပြီဟု ပြောလျက်၊ သမ္မာတရားလမ်းမှ လွဲသွား၍ အချို့သောသူတို့၏ ယုံကြည်ခြင်းကို မှောက်လှန်တတ်ကြ၏။)
၃။မဿဲ၂၅ထဲကသတို့သမီး၁၀ဦးအကြောင်းရှင်းတမ်း
သတို့သမီးဆိုတာခရစ်ယာန်ကိုပုံဆောင်တာမို့ဒီကျမ်းချက်ကကယ်တင်ခြင်းဆုံးရှုံးနိုင်တယ်လို့တချို့ ပြောလာပါတယ်။အမှန်ကမူရင်းကျမ်းမှာသတို့သမီးလို့မပြောဘဲအပျိုကညာလို့ ဖော်ပြပါတယ်။ဒါကြောင့်ဒီထဲကသတို့သမီးအားလုံးဟာကယ်တင်ခြင်းရထားတဲ့ယုံကြည်သူတွေကိုပုံဆောင်တယ်လို့ပြောရင်မမှန်နိုင်ပါ။
ဒီထဲကအပျိုကညာငါးယောက်ဟာမိုက်သောသူတွေမို့ဟန်ဆောင်ကောင်းတဲ့ခရစ်ယာန်ကိုပုံဆောင်သလို၊နဂိုကတည်းကကယ်တင်ခြင်းမရသောသူတွေသာဖြစ်တယ်လို့ခံယူရပါတယ်။ဥပမာလောကလူတိုင်းအတွက်ကယ်တင်ခြင်းဟာပြင်ဆင်ပေးနှင့်ပြီဖြစ်ပေမဲ့လူ့ဖက်ကလက်ခံဖို့လိုသေးခြင်းပါ။ဒါကြောင့်မိုက်သောသတို့သမီးသည်ကယ်တင်ခြင်းတောင်မရသေးသူမို့ဆုံးရှုံးတယ်ပြောမရပါ။
၄။ရွှေလျော့ဖောက်ပြန်သူရှင်းတမ်း
(ဟေဗြဲ၆:၄၆မှာ အလင်းသို့ တစ်ခါရောက်၍ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်ကိုခံယူခြင်း၊ ဘုရားသခင်၏ ကောင်းမြတ်သော တရားစကားကိုလည်းကောင်း၊ နောင်ကပ်ကာလ၏ တန်ခိုးများကိုလည်းကောင်း၊ မြည်းစမ်းခြင်းရှိပြီးမှ၊ရွေ့လျော့ဖောက်ပြန်သောသူတို့သည်၊ မိမိတို့တွင် ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍ အသရေတော်ကို ရှုတ်ချသောသူဖြစ်သောကြောင့်၊ နောက်တစ်ဖန် နောင်တရအံ့သောငှာ အသစ်ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ။)
ဒါကကယ်တင်ခြင်းဆုံးရှုံးနိုင်တယ်လို့သက်ရောက်နေပါသလား?မဟုတ်ရပါ။ကျမ်းချက်နောက်ခံအရဒီအကြောင်းကိုစာရေးသူကအဓိက ဂျူးဘာသာကနေယေရှုခရစ်ကိုလက်ခံလာတဲ့ယုဒလူမျိုးကိုသတိပေးနေတာဖြစ်တယ်။အဲဒီယုဒလူမျိုးတွေဟာသခင်ယေရှုကိုမေရှိရဖြစ်ကြောင်းသိပြီးတကာလ၊ဂျူးဘာသာရဲ့ဖိနှိပ်မှုမခံနိုင်လို့ဂျူးဘာသာပြန်ဝင်တဲ့လူကိုပြောတာပါ။သူတို့ကအလင်းကိုရောက်ဖူးသူ၊ကောင်းကင်ဆုကျေးဇူးမြည်းစမ်းဖူးသူ(စမ်းကြည့်တယ်ဆိုတာတကယ်လက်ခံယုံကြည်သူပါလို့ပြောမရသေးပါ)၊ဝိညာဉ်တော်ကိုခံရမည့်သူ(စစ်မှန်သောကယ်တင်ခြင်းမဟုတ်သေး)။တကယ်တမ်းအရေးကြုံလာရင်ရွေ့လျော့သူဖောက်ပြန်သူဖြစ်တယ်။မဿဲ13:20-21အတိုင်းကျောက်ပေါ်ကျတဲ့မျိုးစေ့လိုပေါ့။သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူခြင်းဆိုတာမူရင်းမှာမခံယူရသေးဘူး၊ခံယူရမည့်လူပေါ့၊တနည်းအားဖြင့်ဝိညာဉ်တော်တံဆိပ်မရိုက်ရသေးဘူး။apostates နဲ့ backslidersလို့နားလည်ရပါမယ်။
၅။အဆုံးတိုင်တည်ကြည်ခြင်းရှင်းတမ်း
မဿဲ ၁၀:၂၂၊၂၄:၁၃၊မာကု၁၃:၁၃အရ“အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏။ထိုသူသည်ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။”လို့ဖော်ပြပါတယ်။ဒါကကယ်တင်ခြင်းရှုံးနိုင်တယ်လို့မသက်ရောက်ပါဘူး၊အဆုံးတိုင်တည်ကြည်နိုင်မှကယ်တင်ခြင်းရမယ်ဆိုရင်နဂိုကတည်းကမရသေးဘူးအဆုံးရောက်မှရမယ်ဆိုပြီးသက်ရောက်နေပါလိမ့်မယ်။
အကယ်၍အဆုံးတိုင်အောင်တည်ကြည်နိုင်မှကယ်တင်ခြင်းရမယ်ဆိုရင်လည်း၊ကယ်တင်ခြင်းကယုံကြည်ရုံနဲ့မရဘူးဆိုတဲ့အဓိပ္ပာယ်သက်ရောက်နေပါပြီ။ဒီလိုခံယူခြင်းကကျမ်းစာတအုပ်လုံးရဲ့ယုံကြည်သောအားဖြင့်-ကျေးဇူးတော်ကြောင့်ဆိုတာနဲ့မကိုက်ညီတော့ပါ။
ဒါဆိုရင်ဒီအဆုံးတိုင်အောင်တည်ကြည်၏ထိုသူသည်ကယ်တင်ခြင်းရောက်မည်ဆိုတာဘာလဲ?
မဿဲ ၁၀:၂၂ရဲ့ ရှေ့နောက်ကျမ်းဖတ်ရင်သိရတာကတမန်တော်တွေဒုက္ခခံရတဲ့ခါသီးခံတည်ကြည်ရင်၊အဲဒီဒုက္ခဖိနှိပ်မှုကနေကယ်တင်ခံရမှာကိုဆိုလိုပါတယ်။
မဿဲ ၂၄:၁၃နဲ့မာကု၁၃:၁၃ရဲ့ရှေ့နောက်ကျမ်းသေချာဖတ်ရင်တော့ဒါဟာနောက်ဆုံးသောကာလကိုပြောနေတာဖြစ်ကြောင်းသိရပါမယ်။ဒါဟာဘေးဒဏ်ကြီးကာလမှာကျေးဇူးတော်ကြောင့်သာကယ်တင်ခြင်းရတော့မှာမဟုတ်ဘဲ၊အဆုံးတိုင်အောင်တည်ကြည်နိုင်မှရတော့မဲ့အဓိပ္ပာယ်ပါ။
နောက်တခုက-ကယ်တင်ခြင်းရထားသူသည်အဆုံးတိုင်အောင်တည်ကြည်လိမ့်မယ်လို့ဆိုလိုတာပါ။ဘာလို့လဲဆိုတာ့အဆုံးတိုင်အောင်တည်ကြည်စေနိုင်တာမိမိတော်လို့တတ်လို့အကျင့်ကြောင့်မဟုတ်ဘဲယေရှုကြောင့်ဖြစ်လို့ပါ(ဟေဗြဲ၁၂:၂ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။)
၆။အသီးမသီးသောအခက်များခုတ်ပြီးမီးရှို့ခြင်းရှင်းတမ်း
လူတချို့က(ယော၁၅:၁-၇)အရယုံကြည်သူတွေဟာအကျင့်မကျင့်နိုင်(အသီးမသီး)ရင်ကယ်တင်ခြင်းဆုံးရှုံးမယ်လို့ဆိုကြပြန်ပါတယ်။
သတိထားရမှာကဒီကျမ်းချက်မှာဖော်ပြတဲ့အသီးမသီးတဲ့အကိုင်းခက်ဆိုတာယုံကြည်သူကိုနိုင်းယှဉ်တယ်ဆိုပေမယ့်၊ထာဝရအသက်ကိုပြောနေတာမဟုတ်ရပါ။ခရစ်တော်၌တည်နေခြင်းကိုအဓိကပြောနေပြီး၊ယုံကြည်သူတွေရဲ့အသက်တာမှာအားနည်းချက်မှန်သမျှကိုခရစ်တော်ကဘဲရှင်းလင်းခုတ်ပစ်ပေးမှာဖြစ်ကြောင်းနားလည်ရပါမယ်။အဓိကအငယ်၃ကိုဖတ်ပါ၊တမန်တော်တွေကိုယေရှုကယခုပင်သင်တို့သည်ရှင်းလင်းလျက်ရှိကြတယ်လို့ပြောခြင်းဟာတမန်တော်တွေကိုအကုန်ကယ်တင်ခြင်းမရအောင်သုတ်သင်ရှင်းလင်းလိုက်တာလား?မဟုတ်ရပါ။ ယေရှုရဲ့စကားတော်အားဖြင့်တမန်တော်တွေရဲ့အသီးမသီးနိုင်တဲ့အားနည်းချက်တွေကိုခုတ်ရှင်းပြီး၊သာ၍အသီးသီး အောင်လုပ်ပေးခဲ့တာပါ။ဒါကြောင့်ဒီမှာဖော်ပြတဲ့အသီးမသီးတဲ့အကိုင်းခက်တွေဟာယုံကြည်သူတွေရဲ့တခါတလေအားနည်းချက်ဖြစ်ပြီး၊ဒါကိုခရစ်တော်စကားအားဖြင့်ရှင်းလင်းခံရတယ်လို့ဆိုလိုတာပါ။နောက်တခုမီးထဲပစ်ထည့်မယ်ဆိုတဲ့အဓိပ္ပာယ်က အာဗြံဟံမျိုးနွယ်မို့ကယ်တင်ခြင်းမုချရမယ်လို့ထင်နေတဲ့ဂျူးဘာသာရေးခေါင်းဆောင်တွေ၊ပါးစပ်ကနေသာယုံကြည်ပြီးအပြစ်တမင်ပြုနေတဲ့ဟန်ဆောင်ကောင်းတဲ့ခရစ်ယာန်တွေကိုသုတ်သင်ရှင်းလင်းခြင်းပါ။သတိထားရမှာကဒီကျမ်းချက်ကကယ်တင်ခြင်းရပြီးပြန်ဆုံးရှံးနိုင်တယ်လို့မသက်ရောက်ပါ။
၇။ယုဒရှကာယုတ်ကကယ်တင်ခြင်းဆုံးရှုံးသူဟုတ်မဟုတ်ရှင်းတမ်း
တချို့က ယေရှုကိုယ်တိုင်ရွေးကောက်ထားတဲ့ယုဒရှကာယုတ်တောင်ဖောက်ပြန်ခဲ့တယ်ဆိုပြီးကယ်တင်ခြင်းဆုံးရှုံးနိုင်ကြောင်းဆိုကြပါတယ်။အမှန်ကသမ္မာကျမ်းစာအရယုရှကာယုတ်ဟာနဂိုကတည်းကကယ်တင်ခြင်းတောင်မရခဲ့သူမို့ဆုံးရှုံးတယ်လို့ပြောမရပါ။
(ယော၆:၆၄)မှာသူဟာမယုံကြည်သူဖြစ်ကြောင်းဖော်ပြသလို၊(ယော၆:၇၀)မှာသူဟာရန်သူဖြစ် ကြောင်းဖော်ပြပါတယ်။သူသစ္စာမဖောက်ခင်၊မိမိကိုယ်အဆုံးမစီရင်ကတည်းက၊ယေရှုကိုယ်တိုင်“ပျက်စီးခြင်းရဲ့သား”လို့လည်းအတည်ပြုပြောထားပါတယ်။
(ယော၁၇:၁၂အကျွန်ုပ်သည် ဤလောက၌ ဤသူတို့နှင့်တကွ ရှိစဉ်ကာလ၊ သူတို့ကိုကိုယ်တော်၏နာမ၌ တည်စေပါပြီ။ အကျွန်ုပ်အား ပေးတော်မူသောသူတို့ကို အကျွန်ုပ်စောင့်မပါပြီ။ ထိုသူတို့တွင် ပျက်စီးခြင်း၏သားတစ်ယောက်မှတစ်ပါး အဘယ်သူမျှ ပျက်စီးခြင်းသို့မရောက်ပါ။ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်သည်အကြောင်းကား၊ ကျမ်းစာ ပြည့်စုံမည်အကြောင်းတည်း။)
ဒါကိုယေရှုခရစ်တော်သိလျက်နဲ့သူ့ကိုအခွင့်ရေးပေးခဲ့တာပါ။
၈။အာဒံဧဝကယ်တင်ခြင်းဆုံးရှုံးခဲ့ပါသလားရှင်းတမ်း
တချို့က-ဘုရားကိုယ်တိုင်ဖန်ဆင်းပြီးဧဒင်ဥယျာဥ်မှာထားတဲ့အာဒံဧဝတောင်စာတန်လှည့်ကွက်ကြောင့်ကျရှုံးခဲ့ရတယ်ဆိုပြီးပြောလာကြပါတယ်။သတိထားရမှာကသူတို့ဒဏ်ခတ်ခံရတာမှန်ပေမယ့်၊ထာဝရအသက်ကတော့ဘုရားမပေးဘဲမလုပ်ခဲ့ပါ။သူတို့အပြစ်လုပ်ခဲ့ပြီးနောက်ဘုရားကိုယ်တိုင်သိုးတစ်ကောင်ကိုသတ်ပြီးအဝတ်လုပ်စေခဲ့တာပါ၊ဒါဟာအပြစ်ဖြေရာယဇ်ရှိကြောင်းကြိုတင်ဖော်ပြခြင်းပါ။အာဒံဧဝထာဝရကယ်တင်ခြင်းမဆုံးရှုံးကြောင်းပိုသေချာစေတာကနောက်ပိုင်းအာဒံဧဝတို့ဘဝအသက်တာမှာဘုရားဆက်ပြီးပါဝင်နေခြင်း၊ဓမ္မသစ်ရှင်လုကာ၃:၃၈မှာအာဒံဟာဘုရားသားဖြစ်ကြောင်းအတည်ပြုထားခြင်းကြောင့်ဖြစ်ပါတယ်။
၉။သမ္မာတရားသိပြီးအပြစ်ဆက်လုပ်ရင်နောက်ထပ်အပြစ်ဖြေရာယဇ်မရှိရှင်းတမ်း
(ဟေဗြဲ၁၀:၂၆မှာ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တစ်ဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ၊စီရင်ခြင်းခံရမည်)ဆိုတဲ့ကျမ်းစကားအားဖြင့်လူတချို့ကကယ်တင်ခြင်းပြန်ဆုံးရှုံးနိုင်တယ်ဆိုကြပါတယ်။
သတိထားရမှာကဒီကျမ်းချက်မှာ“ကယ်တင်ခြင်းရသောသူ”လို့မဖော်ပြသလို“သမ္မာတရားကိုလက်ခံယုံကြည်သောသူ”လို့လည်းမဖော်ပြပါ။ဒီမှာဆိုလိုရင်းက“သမ္မာတရားသိပြီးမယုံကြည်သူ”သာဖြစ်ပါတယ်။ကယ်တင်ခြင်းတရားကိုအကုန်အစင်နားလည်သဘောပေါက်ပေမဲ့လက်မခံဘူးမယုံကြည်ဘူးဆိုရင်ကယ်တင်ခြင်းမရနိုင်ပါဘူး။ဒါကြောင့်ဒီမှာဖော်ပြတဲ့ကျမ်းချက်ကကယ်တင်ခြင်းမရသေးတဲ့သူမို့ကယ်တင်ခြင်းဆုံးရှုံးနိုင်တယ်လို့လုံးဝမသက်ရောက်ပါ။
၁၀။ ယေရှုကိုသိပြီးတဖန်ကျော့မိရှုံးလျှင်ရှင်းတမ်း
လူတချို့ကဒီကျမ်းချက်နဲ့ကယ်တင်ခြင်းရှုံးနိုင်တယ်လို့ပြောလာပါတယ်။
(၂ပေ၂:၂၀ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်ကို သိကျွမ်းခြင်းအားဖြင့်၊ လောကီညစ်ညူးခြင်းနှင့် ကင်းလွတ်ပြီးမှ၊ တစ်ဖန်ကျော့မိ၍ ရှုံးလျှင်၊နောက်ဖြစ်ဟန်သည် ရှေးဖြစ်ဟန်ထက်သာ၍ဆိုး၏။)
ဒီကျမ်းချက်ကလည်းအပေါ်မှာရှင်းပြခဲ့သလိုပါဘဲ၊ယုံကြည်သောသူမဟုတ်ဘဲသိဘဲသိသောသူပါ။သမ္မတရားကိုသိလို့လောကီညစ်ညူးခြင်းက မကောင်းကြောင်းသိလာတာပါ၊ဒါနဲ့ကိုယ်တိုင်ထွက်လာပြီး ပေမဲ့၊စစ်မှန်တဲ့ယုံကြည်လက်ခံသူမဟုတ်တာမို့ခွေးလိုအန်ဖက်ပြန်စားပြီး၊ဝက်လိုရွှံ့ကိုလိုလိုလားလားပြန်လူး ကြောင်းအငယ်၂၂မှာ ဖော်ပြပါတယ်။ဒါ ကြောင့်ဒီကျမ်းချက်ဟာကယ်တင်ခြင်းရပြီးပြန်ဆုံးရှုံးနိုင် ကြောင်းမသက်ရောက်ပါ။
၁၁။ထွေးထုတ်ခြင်းရှင်းတမ်း
ဗျာဒိတ်၃:၁၆မှာ လောဒိကိအသင်းတော်ကိုယေရှုခရစ်ကိုယ်တိုင်(အဧမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။)လို့သတိပေးထားပါတယ်။ဒါနဲ့ကယ်တင်ခြင်းဆုံးရှုံးနိုင်တယ်လို့ဆိုကြတာဟာမမှန်ကန်ပါ။
“ထွေးထုတ်လုပြီ”ဆိုတာ“ထွေးထုတ်လိုက်ပြီ”ဆိုတာနဲ့အဓိပ္ပာယ်တခြားစီပါ။နောက်ပြီးထွေးထုတ်ခြင်းကလည်းကယ်တင်ခြင်းကိုပုံဆောင်နေတာမဟုတ်ရပါ၊ခရစ်တော်ရဲ့ဆုံးမခြင်းကိုဆိုလိုပါတယ်။လောဒိကိအသင်းတော်ထဲမှာတချို့ပုံသက်သေမရှိကြတာမို့ ဆုံးမတော့မယ်လို့သခင်ယေရှုသတိပေးနေတာပါ။ဥပမာမိဘတချို့ကသားသမီးကိုဆုံးမတဲ့အခါ“စကားနားမထောင်ရင်နာခံရတော့မယ်”လို့သွန်သင်တာနဲ့တူပါတယ်။အဓိကအသားနာစေဖို့မဟုတ်ဘဲစကားနားထောင်တတ်စေဖို့ပါ။ယေရှုခရစ်ရဲ့သတိပေးစကားသည်လည်းထွေးထုတ်ဖို့မဟုတ်ဘဲအောင်မြင်တည်မြဲစေဖို့သာဖြစ်ပါသည်။
၁၂။စာတန်နဲ့ကောင်းကင်တမန်အချို့ကယ်တင်ခြင်းဆုံးရှုံးခဲ့ပါသလား?သူတို့နောင်တရခွင့်မရခဲ့ဘူးလား?
တချို့ကဘုရားကိုယ်တိုင်ဖန်ဆင်းပြီးကောင်းကင်မှာနေရာပေးထားတဲ့ကောင်းကင်တမန်မင်းလူစီဖာတောင်ဖောက်ပြန်လို့ကျရှုံးခဲ့ဝာာဆိုပြီးကယ်တင်ခြင်းဆုံးရှုံးနိုင်ကြောင်းဖော်ပြလာပါတယ်။
သတိထားရမှာကကောင်းကင်တမန်တွေအတွက်ကယ်တင်ခြင်းဆိုတာမရှိပါဘူး(၂ပေ၂:၄၊ဟေဗြဲ၂:၁၆)၊သူတို့တွေဟာအစအဆုံးကိုသိတဲ့သူတွေမို့နောင်တရခွင့်လဲမရရှိနိုင်တာပါ။ဥပမာလူတွေသေသွားရင်နောင်တရခွင့်မရှိတော့သလိုမျိုးပါ။
ဒါကြောင့်စာတန်ကိစ္စကိုကြည့်ပြီးကယ်တင်ခြင်းဆုံးရှုံးနိုင်တယ်ပြောခြင်းဟာဘာမှမသက်ဆိုင်တဲ့အရာနှစ်ခုကိုငြိယူနေသလိုပါဘဲဗျာ။
၁၃။သခင်သခင်ခေါ်သူတိုင်းကောင်းကင်မဝင်ရရှင်းတမ်း
မဿဲ ၇:၂၁မှာယေရှုကသခင်၊သခင်ဟုငါ့ကိုလျှောက်သောသူတိုင်းကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ကောင်းကင်ဘုံ၌ ရှိတော်မူသောငါ့ခမည်းတော်၏အလိုကိုဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။
ဒီကျမ်းချက်ကိုယူပြီးတချို့ကကယ်တင်ခြင်းဟာယုံကြည်ရုံနဲ့မရဘူး၊ဘုရားအလိုတော်ကိုကျင့်ဆောင်နိုင်မှရမယ်လို့လွဲမှားစွာခံယူကြပါတယ်။
အမှန်ကဒီကျမ်းချက်ဟာမိစ္ဆာဆရာ တွေကိုအဓိကပြောနေတာ(အငယ်၁၅ကစပြီး)သတိပြုရပါမယ်။ယေရှုနာမကြောင့်နတ်ဆိုးနင်ထုတ်ခဲ့ဖူးပေမဲ့၊တန်ခိုးပြခဲ့ပေမဲ့၊စစ်မှန်တဲ့အရာမဟုတ်ခဲ့ပါ။အသက်တာမှာအဓမ္မပြုသောသူသာဖြစ်တာမို့ခရစ်တော်ကသူတို့ကိုအစကတည်းကမသိဘူးလို့ ယေရှုကိုယ်တိုင်ပြောထားတာပါ။ဒါမျိုးလူကကယ်တင်ခြင်းရထားပြီလို့မိမိကိုယ်ကိုခံယူထားပြီးအပြစ်ဆက်တိုက်လုပ်နေသူမို့အမှန်ကကယ်တင်ခြင်းမရသေးတဲ့သူတွေသာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကယ်တင်ခြင်းရပြီးသူဟာအသက်တာမှာအပြစ်ဆက်လုပ်နေမှာမဟုတ်လို့ပါ။
နောက်တခုကဒီကျမ်းချက်မှာဖော်ပြတဲ့ဘုရားသခင်ရဲ့အလိုတော်ကိုဆောင်ခြင်းဆိုတာ စေလွတ်လာတဲ့သားတော်ကိုယုံကြည်လက်ခံခြင်းဖြစ်ကြောင်းယော၆:၂၉မှာဒီလိုဖော်ပြပါတယ်“ယေရှုကလည်း၊ ဘုရားသခင် စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းအကျင့်ကား၊ အလိုတော်နှင့် ညီသောအကျင့်တည်းဟု မိန့်တော်မူ၏။”။
ဒါကြောင့်ဒီကျမ်းချက်ဟာသင်ကျင့်နိုင်မှကယ်တင်ခြင်းရမယ်လို့မသက်ရောက်ပါဘူး၊ကယ်တင်ခြင်းဟာယုံကြည်သာနဲ့ရပါပြီ။အသက်တာပိုင်းကသက်သေထူရတာလေးဖြစ်ပါတယ်။ကျင့်နိုင်လို့ကယ်တင်ခြင်းရတာမဟုတ်ဘဲ၊ကယ်တင်ခြင်းရလို့ကျင့်နိုင်လာတာပါ။အာမင်။
၁၄။အဲဂုတ္တုပြည်မှထွက်လာတဲ့ဣသ ရေလလူမျိုးတချို့ကကယ်တင်ခြင်းဆုံးရှုံးခဲ့ပါသလားရှင်းတမ်း
တချို့ဆရာတွေကဓမ္မဟောင်းထဲကဘုရားကိုယ်တိုင်ရွေးကောက်ထားတဲ့ဣသရေလလူမျိုးတွေမှာတောင်တောလည်ရာမှာကျရှုံးပြီးကယ်တင်ခြင်းမရခဲ့သူတချို့ရှိကြောင်းပြောကြပါတယ်။
သတိထားရမှာဓမ္မ ဟောင်းကဣသရေလူအားလုံးဟာကယ်တင်ခြင်းရသူ(ယုံကြည်သူ)မဟုတ်ကြောင်းသိရပါမယ်။ဓမ္မသစ်(ဟေဗြဲ၃:၁၇-၁၉၊နဲ့ယုဒ၁:၅)မှာဒီလိုဖော်ပြပါတယ်
(ဟေဗြဲ၃:၁၇-၁၉အနှစ်လေးဆယ်ပတ်လုံး နှစ်သက်တော်မမူသော သူတို့ကား၊ အဘယ်သူနည်း။ ဒုစရိုက်အပြစ်ကို ပြုသောကြောင့် တော၌လဲ၍ သေသောသူပင် မဟုတ်လော။- သင်တို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု ကျိန်ဆိုတော်မူသော သူတို့ကား၊ မယုံကြည်သောသူမှတစ်ပါး အဘယ်သူနည်း။)
(ရှင်ယုဒ၁:၅ …ထာဝရဘုရားသည် ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ကယ်လွှတ်တော်မူပြီးလျှင်၊မယုံကြည်သော သူတို့ကို တစ်ဖန် ဖျက်ဆီးတော်မူ၏။)
ဒီထဲမှာ“မယုံကြည်သောသူ”လို့ဖော်ပြထားပါတယ်။မယုံကြည်သူဟာကယ်တင်ခြင်းတောင်မရသေးသူမို့ဆုံးရှုံးတယ်ပြောမရပါ။