• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကယ်တင်ခြင်းစိတ်ချမှုကျမ်းချက်များ

ဆရာရဲမင်း

11 月 18, 2024

ကယ်တင်ခြင်းစိတ်ချမှုကျမ်းချက်များ

၁။သင်ရထားတာထာဝရအသက်ဖြစ်သည်၊အကန့်သတ်ရှိတဲ့ခေတ္တအသက်မဟုတ်ပါ။
ယော၆:၄၇ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။

၂။ယုံကြည်သူဟာဘုရားသားဖြစ်ပြီမို့၊သားအဖအရာသည်မပျက်နိုင်ပါ။
ယော၁:၁၂ထို​သူ​ကို​လက်​ခံ​သ​မျှ​သော သူ​တည်း​ဟူ​သော ကိုယ်​တော်​ကို ယုံ​ကြည်​သော​သူ​တို့​အား၊ ဘု​ရား​သ​ခင်၏ သား​ဖြစ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။
ရောမ၈:၁၆ငါ​တို့​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်​ကြ​သည်​ဟု ဝိ​ညာဉ်​တော်​သည် ငါ​တို့၏​ဝိ​ညာဉ်​နှင့်​အ​တူ သက်​သေ​ခံ​တော်​မူ၏။

၃။တံဆိပ်ခတ်အတည်ပြုပေးပြီး‌ ရွေးနုတ်တဲ့ကာလအထိအာမခံဖြစ်သည်။ဘုရားကမပိုင်ဘဲစရံသတ်တံဆိပ်ခတ်မှာမဟုတ်ပါ။
ဧဖက်၁:၁၃-၁၄သင်​တို့​သည်​လည်း ကယ်​တတင်တော်​မူ​ခြင်း​အ​ကြောင်း​နှင့် ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​တည်း​ဟူ​သော သ​မ္မာ​တ​ရား​ကို​ကြား​နာ၍ ထို​ခ​ရစ်​တော်​ကို ယုံ​ကြည်​ပြီး​မှ၊ က​တိ​တော်​နှင့်​ယှဉ်​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​ရ​ကြ​ပြီ။ပိုင်​ထိုက်​တော်​မူ​သော​သူ​တို့​သည် ဘုန်း​တော်​ကို ချီး​မွမ်း​ခြင်း​အ​ကြောင်း​နှင့် ရွေး​နုတ်​တော်​မူ​ခြင်း​သို့ မ​ရောက်​မီ​ကာ​လ​ပတ်​လုံး ထို​ဝိ​ညာဉ်​တော်​သည် ငါ​တို့ အ​မွေ၏ စ​ရန်​ဖြစ်​တော်​မူ၏။

၄။ဒုတိယမွေးဖွားခြင်းခံပြီးသူတစ်ယောက်ကပြန်မမွေးအောင်ဗိုက်ထဲဝင်မရပါ။
ယော၃:၅-၇ယေ​ရှု​က​လည်း၊ ရေ​နှင့် ဝိ​ညာဉ်​တော် မ​မွေး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို၏။- ဇာ​တိ​ပ​က​တိ​မွေး​သော​အ​ရာ​သည် ဇာ​တိ​ပ​က​တိ​ဖြစ်၏။ ဝိ​ညာဉ်​တော်​မွေး​သော​အ​ရာ​သည် ဝိ​ညာဉ်​ဖြစ်၏။- ဒု​တိ​ယ​မွေး​ခြင်း​ကို ခံ​ရ​မည်​ဟု ငါ​ဟော​ပြော​သည်​ကို အံ့​ဩ​ခြင်း​မ​ရှိ​နှင့်။

၅။သင်တည်ကြည်နိုင်လို့ကယ်တင်ခြင်းရတာမဟုတ်ဘူး၊‌ယုံကြည်လို့ကျေးဇူးတော်ကြောင့်ရတာမို့၊ကျင့်နိုင်မှရမယ်၊ခိုင်လုံမယ်လို့စိုးရိမ်စရာမရှိပါ။
ဧဖက်၂:၈-၉ယုံ​ကြည်​သော​အား​ဖြင့် ကျေး​ဇူး​တော်​ကြောင့် ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။ ကိုယ်​အ​လို​အ​လျောက် ရောက်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သ​နား​တော်​မူ​ရာ ဖြစ်​သ​တည်း။ကိုယ်​ကု​သိုလ်​ကြောင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​သည်​မ​ဟုတ်။ သို့​ဖြစ်၍ အ​ဘယ်​သူ​မျှ ဝါ​ကြွား​စ​ရာ အ​ခွင့်​မ​ရှိ။

၆။သင်ယုံကြည်နေတာမို့အဆုံးထိကောင်းနိုင်အောင်ခရစ်တော်တာဝန်ယူပါသည်။
ဖိလိပ္ပိ၁:၆သင်​တို့​တွင် ကောင်း​သော​အ​မှု​ကို ပြု​စ​ပြု​တော်​မူ​သော​သူ​သည်၊ ယေ​ရှု​ခ​ရစ်၏ နေ့​ရက်​တိုင်​အောင် ပြီး​စီး​လျက် ပြု​တော်​မူ​မည်​ဟု ငါ​သ​ဘော​ကျ၏။

၇။ပျက်စီးခြင်းနဲ့အစဉ်ကင်းလွတ်မည်လို့ကတိတော်ရှိပါတယ်။
ယော၁၀:၂၇ငါ့​သိုး​တို့​သည် ငါ့​စ​ကား​သံ​ကို​နား​ထောင်၍ ငါ့​နောက်​သို့​လိုက်​ကြ၏။ ထို​သိုး​တို့​ကို ငါ​သိ၏။ထာ​ဝ​ရ​အ​သက်​ကို​လည်း ငါ​ပေး၏။ ထို​သိုး​တို့​သည် ပျက်​စီး​ခြင်း​နှင့် အ​စဉ်​မ​ပြတ် ကင်း​လွတ်​ကြ​လိမ့်​မည်။

၈။ဘယ်သူမှဘုရားလက်ကနေသင့်ကိုမနုတ်ယူသွားနိုင်ပါ။
ယော၁၀:၂၈-၂၉အ​ဘယ်​သူ​မျှ ထို​သိုး​တို့​ကို ငါ့​လက်​မှ​မ​နုတ်​မ​ယူ​ရာ။ထို​သိုး​တို့​ကို ငါ​၌​အပ်​ပေး​တော်​မူ​သော ငါ့​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​သူ​တို့​ထက် ကြီး​မြတ်​တော်​မူ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​မျှ ထို​သိုး​တို့​ကို ငါ့​ခ​မည်း​တော်၏​လက်​မှ မ​နုတ်​မ​ယူ​နိုင်​ရာ။

၉။ကမ္ဘာမတည်မီသင့်ကိုရွေးကောက်ခဲ့တာမို့စိတ်ချပါ။
ဧဖက်၁:၄ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ ငါ​တို့​ကို ခ​ရစ်​တော်၌ ရွေး​ကောက်​တော်​မူ​သည်​နှင့်​အ​ညီ။ ကောင်း​ကင်​ဘုံ​နှင့် ဆိုင်​သော​အ​ရာ​တို့၌ ခပ်​သိမ်း​သော ဓ​မ္မ​မင်္ဂ​လာ​တို့​ကို ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​အား ပေး​သ​နား​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

၁၀။လူ့အကျင့်အားဖြင့်ကယ်တင်ခြင်းမရောက်ပါ။
ဂလာတိ၂:၆ယေ​ရု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ကြ​သည်​ကို၊ အ​ပြစ်​ထင်​ရှား​သော တစ်​ပါး အ​မျိုး​သား​မ​ဟုတ်​ဘဲ၊ ဇာ​တိ​အ​မျိုး​အား​ဖြင့် ယု​ဒ​လူ​ဖြစ်​သော​ငါ​တို့​သည် အ​မှန်​သိ​သည်​နှင့်​အ​ညီ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့​မ​ရောက်၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ၊ ငါ​တို့​ပင် ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ကြ​ပြီ။ အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​နိုင်​ရာ။

၁၁။ကယ်တင်ခြင်းသက်သေရရှိတာမို့ပိုသေချာစေသည်။ရလားမရလားဒွိဟမဖြစ်စေပါ။
၁ယော၅:၁၀ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​သည်၊ မိ​မိ​အ​ထဲ၌ ထို​သက်​သေ​ကို​ရ၏။ ဘု​ရား​သ​ခင်​ကို မ​ယုံ​ကြည်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို မု​သား​အ​ပြစ်​တင်၏။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်၏​အ​ကြောင်း​မှာ သက်​သေ​ခံ​တော်​မူ​သော​စ​ကား​တော်​ကို ထို​သူ​သည် မ​ယုံ​ဘဲ​နေ၏။

၁၂။ကယ်တင်ခြင်းရရှိကြောင်းကျမ်းစာအားဖြင့်မိမိကိုယ်ကိုသိရှိနိုင်တာမို့ပိုခိုင်မာစေသည်။
၁ယော၅:၁၃ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သင်​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို ကိုယ်​တိုင်​ရ​သည်​ဟု သိ​စေ​ခြင်း​ငှာ၊ ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။
တမန်၁၃:၃၉ထို​သ​ခင်​ကို ယုံ​ကြည်​သော​သူ ရှိ​သ​မျှ​တို့​သည် မော​ရှေ၏ တ​ရား​အ​တိုင်း မ​လွတ်​နိုင်​သော အ​ပြစ်​ရှိ​သ​မျှ​တို့​နှင့် လွတ်​ရ​ကြ​သည်​ကို​လည်း​ကောင်း သိ​မှတ် ကြ​လော့။

၁၃။ယုံကြည်သူကိုခရစ်တော်ကအဆုံးထိဖြောင့်မတ်တည်ကြည်စေပါသည်။
ရောမ၈:၃၀ထို​သို့ ခွဲ​ခန့်​မှတ်​သား​နှင့်​သော​သူ​တို့​ကို ခေါ်​တော်​မူ၏။ ခေါ်​တော်​မူ​သော သူ​တို့​ကို​လည်း ဖြောင့်​မတ်​ရာ၌ တည်​စေ​တော်​မူ၏။ ထို​သို့ တည်​စေ​တော်​မူ​သော သူ​တို့​ကို​လည်း ချီး​မြှောက်​တော်​မူ၏။

၁၄။ကယ်တင်ခြင်းရပြီးသူတွေတစ် ယောက်မှမပျောက်ဆုံးအောင်ယေရှုခရစ်လုပ်ဆောင်မည်။
ယော၆:၃၉-၄၀ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်၏ အ​လို​တော်​ကား၊ ငါ့​အား​ပေး​သော​သူ​တို့​တွင် တစ်​စုံ​တစ်​ယောက်​ကို​မျှ ငါ​မ​ပျောက်​စေ​ရ​ဘဲ၊ နောက်​ဆုံး​သော​နေ့၌ ထို​သူ​အ​ပေါင်း​တို့​ကို ထ​မြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊သား​တော်​ကို ကြည့်​မြင်၍ ယုံ​ကြည်​သော​သူ​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​တော်​ရှိ၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့၌ ထို​သူ​တို့​ကို ထ​မြောက်​စေ​မည်​ဟု မိန့်​တော်​မူ၏။

၁၅။ယုံကြည်‌နေသရွေ့ဘယ်အရာကမှသင့်ကိုဘုရား‌‌ မေတ္တာနဲ့မကွာစေနိုင်ပါ။
ရောမ၈:၃၈-၃၉အ​ကြောင်း​မူ​ကား၊ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​ဖြစ်​စေ၊ အ​ထွဋ်​အ​မြတ်​ဖြစ်​စေ၊ အာ​ဏာ​တန်​ခိုး​ဖြစ်​စေ၊ မျက်​မှောက်​အ​ရာ​ဖြစ်​စေ၊ နောင်​လာ​လ​တ္တံ့​သော​အ​ရာ​ဖြစ်​စေ၊- အ​မြင့်​ဖြစ်​စေ၊ အ​နိမ့်​ဖြစ်​စေ၊ ဤ​အ​ရာ​မှ​စ၍ အ​ဘယ်​နိ​မ္မိ​တ​အ​ရာ​မျှ​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ခံ​ရ​သော​ဘု​ရား​သ​ခင်၏ မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို မ​ကွာ​စေ​နိုင်​ဟု ငါ​သည်​သ​ဘော​ကျ​လျက်​ရှိ၏။

၁၆။အသက်တာ ပြောင်းလဲလာခြင်းဖြင့်ကယ်တင်ခြင်းစိတ်ချရပြီးဖြစ်‌ ကြောင်းသေချာရပါသည်။
၁ယော၃:၉-၁၀ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ မည်​သည်​ကား၊ ဒု​စ​ရိုက်​ကို​မ​ပြု​တတ်။ အ​ကြောင်း​မူ​ကား၊ ထို​သူ၌ မျိုး​စေ့​တော်​တည်​လျက်​ရှိ၏။ ထို​သူ​သည် ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့် ဒု​စ​ရိုက်​ကို​မ​ပြု​နိုင်။- ထို​သို့​သော​လ​က္ခ​ဏာ​အား​ဖြင့် ဘု​ရား​သ​ခင်၏​သား​တို့​နှင့် မာရ်​နတ်၏​သား​တို့​သည် ထင်​ရှား​ကြ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​ကျင့်​သော​သူ၊ မိ​မိ​ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​နှင့်​မ​ဆိုင်။

၁၇။ကယ်တင်ခြင်းရပြီးရင်လဲအသက်တာမှာမလဲကျအောင်ခရစ်တော်စောင့်ရှောက်ပေးမည်။
ယုဒ၁:၂၄-၂၅ထိ​မိ၍​လဲ​ခြင်း​နှင့် ကင်း​လွတ်​စေ​မည်​အ​ကြောင်း သင်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ပြစ်​မ​ရှိ​ဘဲ ဝမ်း​မြောက်​ခြင်း​နှင့် ပြည့်​စုံ​လျက်​ရှိ​သော သင်​တို့​ကို ဘုန်း​အ​သ​ရေ​တော်​ရှေ့၌ ဆက်​သ​ခြင်း​ငှာ​လည်း​ကောင်း တတ်​နိုင်​တော်​မူ​သော သူ​တည်း​ဟူ​သော၊ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်၊ ယ​ခု​မှ​စ၍ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​နှင့် အ​စွမ်း​သ​တ္တိ​အာ​ဏာ​စက် ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ရှင်​ယု​ဒ​ဩ​ဝါ​ဒ​စာ​ပြီး၏။

၁၈။ဘုရားအတူပါရှိတာမို့အဆုံးတိုင်ဘုရားစကားကို‌စောင့်နိုင်မည်။
၂တိ၁:၁၂ထို​အ​ကြောင်း​ကြောင့် ဤ​ဆင်း​ရဲ​ဒု​က္ခ​ကို ငါ​ခံ​ရ၏။ သို့​သော်​လည်း ရှက်​ကြောက်​ခြင်း​မ​ရှိ။ အ​ဘယ်​သူ​ကို ငါ​ယုံ​ကြည်​သည်​ဟု ငါ​သိ၏။ သူ၌ ငါ​အပ်​ထား​သော​အ​ရာ​ကို​လည်း၊ ထို​နေ့​ရက်​တိုင်​အောင် စောင့်​နိုင်​တော်​မူ​သည်​ဟု ငါ​သ​ဘော​ကျ၏။

၁၉။ဘုရားပေးတဲ့ကယ်တင်ခြင်း ကျေးဇူးက‌ဖောက်ပြန်ခြင်းသဘောမရှိပါ။
ရောမ၁၁:၂၉အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​ခြင်း၊ ခေါ်​ထား​တော်​မူ​ခြင်း ကျေး​ဇူး​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​မ​ရှိ။

၂၀။အစဉ်ကယ်တင်ခြင်းငှာဘုရားတတ်နိုင်ပါသည်။
ဟေဗြဲ၇:၂၅အ​ကြင်​သူ​တို့​သည် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏၊ ထို​သူ​တို့၏​အ​မှု​ကို ကိုယ်​တော်​သည် စောင့်​လျက်၊ ကာ​လ​အ​စဉ် အ​သက်​ရှင်​သော​ကြောင့်၊ သူ​တို့​ကို အ​စဉ်​ကယ်​တင်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။

၂၁။ယုံကြည်ခြင်းကိုအဆုံးထိစုံလင်စေနိုင်တာဘုရားသခင်မို့စိတ်ချပါ။
ဟေဗြဲ၁၂:၂ယုံ​ကြည်​ခြင်း​ကို အ​စ​အ​ဦး​စီ​ရင်၍ စုံ​လင်​စေ​တော်​မူ​သော သ​ခင်​ယေ​ရှု​ကို စေ့​စေ့​ထောက်​ရှု​ကြ​ကုန်​အံ့။ ထို​သ​ခင်​သည် မိ​မိ​ရှေ့၌​ထား​သော ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ကြောင့်၊ ရှက်​ကြောက်​သော​အ​ရာ​ကို မ​မှတ်​ဘဲ လက်​ဝါး​ကပ်​တိုင်၌ ခံ​ပြီး​မှ၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော် လက်​ယာ​ဘက်၌ ထိုင်​နေ​တော်​မူ၏။

၂၂။ယုံကြည်သူဟာလောကကိုအောင်မြင်သောသူဖြစ်ပါတယ်။ကျရှုံးခဲ့ရင်ဘယ်လိုလုပ်မလဲဆိုပြီးမသင်ကာမရေရာတဲ့အသက်တာမျိုးမဟုတ်ပါ။
၁ယော၅:၄-၅ဘု​ရား​သ​ခင်၏​သား​ဖြစ်​သော​သူ မည်​သည်​ကား၊ လော​က​ကို အောင်​တတ်၏။ လော​က​ကို အောင်​ခြင်း​အ​ကြောင်း​မူ​ကား၊ ငါ​တို့၏ ယုံ​ကြည်​ခြင်း​ပေ​တည်း။- ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​သည်​ကို ယုံ​ကြည်​သော​သူ​မှ​တစ်​ပါး၊ အ​ဘယ်​သူ​သည် လော​က​ကို အောင်​နိုင်​သ​နည်း။

၂၃။သင့်ရဲ့တခါတ‌ လေအားနည်းမှုကတခြားအရာတွေကိုဆုံးရှူံနိုင်စေပေမဲ့၊ကယ်တင်ခြင်းကိုတော့မထိခိုက်မဆုံးရှုံးစေနိုင်ပါ။
၁ကော၃:၁၅အ​ကြင်​သူ၏​အ​လုပ်​သည် ကျွမ်း​လောင်၏၊ ထို​သူ​သည် အ​ရှုံး​ခံ​ရ​လိမ့်​မည်။ သို့​သော်​လည်း၊ မီး​နှင့်​လွတ်​သ​ကဲ့​သို့ သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။

၂၄။သင့်ကိုတည်‌ကြည်စေတာဘုရားကိုယ်တိုင်ပါဘဲ။တရားသူကြီးကအပြစ်မရှိဘူးလို့အမိန့်ချလိုက်တာမို့သင်ရာဇဝတ်သားမဟုတ်‌တော့ပါ။ရှေ့လျှောက်အတွက်လည်းခရစ်တော်ကိုယ်တိုင်ဆုတောင်းပေးနေပါပြီ။
ရောမ၈:၃၃-၃၄ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော သူ​တို့​ကို အ​ဘယ်​သူ​သည် အ​ပြစ်​တင်​မည်​နည်း။ ဖြောင့်​မတ်​ရာ၌ တည်​စေ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။အ​ပြစ်​စီ​ရင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ အ​သေ​ခံ၍​ခံ​သည်​သာ​မ​က၊ သေ​ခြင်း​မှ​ထ​မြောက်၍ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌​နေ​လျက်၊ ငါ​တို့​အ​ဖို့ ဆု​တောင်း​သော​သူ​ကား ခ​ရစ်​တော်​ပေ​တည်း။

၂၅။အသက်စမ်း‌ရေကိုတခါသောက်တာနဲ့ထာဝရမငတ်တော့ပါ၊ကယ်တင်ခြင်းပိုင်းမှာရေငတ်လာမှာစိုးလို့တခုခုလုပ်နေမှရမယ်လို့မဖော်ပြပါ။အသက်တာပိုင်းတော့လုပ်ဆောင်မှုရှိနေရမည်ဖြစ်သည်။
ယော၄:၁၄ငါ​ပေး​သော​ရေ​ကို သောက်​သော​သူ​မူ​ကား၊ ရေ​ငတ်​ခြင်း​နှင့်​အ​စဉ်​မ​ပြတ် ကင်း​လွတ်​လိမ့်​မည်။ ငါ​ပေး​သော​ရေ​သည် ထို​သူ၌ ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း​အ​လို​ငှာ ထွက်​သော​စမ်း​ရေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

၂၆။အသက်တာမှာ(တမင်တကာအပြစ်ပြုချင်လို့မဟုတ်ဘဲ)အားနည်းမိရင်‌‌တောင်‌ နောင်တနဲ့ပြန်လာရင်ဘုရားကသင့်အတွက်ဖြေရှင်းပေးဖို့ကြိုတင်စီစဉ်ပြီးသားပါ။
၁ယော၂:၁-၂ချစ်​သား​တို့၊ သင်​တို့​သည် ဒု​စ​ရိုက်​ကို​မ​ပြု​စေ​ခြင်း​ငှာ ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ရေး၍​ပေး​လိုက်၏။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ဖြောင့်​မတ်​တော်​မူ​သော အ​ရှင်​ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော ငါ​တို့​အ​မှု​ဆောင်​သ​ခင်​သည် ခ​မည်း​တော်​ထံ၌ ရှိ​တော်​မူ၏။- ထို​သ​ခင်​သည် ငါ​တို့၏​အ​ပြစ်​မ​က၊ လော​ကီ​သား​အ​ပေါင်း​တို့၏ အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​တော်​မူ၏။

ဒါဆို-ကယ်တင်ခြင်းစိတ်ချပြီ၊မဆုံးရှူံးတော့ဘူးဆိုရင်၊အပြစ်အားရပါးရဆက်လုပ်ရပြီလား?
ဒါကိုရှင်ပေါလုဒီလိုဖြေပါတယ်
(ရောမ၆:၁-၂ ထို​သို့​မှန်​လျှင်၊ အ​ဘယ်​သို့​ပြော​ရ​မည်​နည်း။ကျေး​ဇူး​တော်​ပွား​များ​စေ​ခြင်း​ငှာ အ​ပြစ်​တ​ရား​ကို ကျင့်၍ နေ​ရ​မည်​လော။ထို​သို့​မ​နေ​ရ။ အ​ပြစ်​တ​ရား​မှ စု​တေ့​သော​သူ​တို့​သည် ထို​တ​ရား၌ အ​ဘယ်​သို့ ရှင်​ရ​ဦး​မည်​နည်း။)
ဒါကြောင့်ကယ်တင်ခြင်းရပြီဆိုပြီးနောင်တမရဘဲအပြစ်ဆက်လုပ်နေတာမျိုးကနဂိုကယ်တင်ခြင်းမရခဲ့သူတွေပါ။
၁ယော၃:၉-၁၀ ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ မည်​သည်​ကား၊ ဒု​စ​ရိုက်​ကို​မ​ပြု​တတ်။ အ​ကြောင်း​မူ​ကား၊ ထို​သူ၌ မျိုး​စေ့​တော်​တည်​လျက်​ရှိ၏။ ထို​သူ​သည် ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့် ဒု​စ​ရိုက်​ကို​မ​ပြု​နိုင်။- ထို​သို့​သော​လ​က္ခ​ဏာ​အား​ဖြင့် ဘု​ရား​သ​ခင်၏​သား​တို့​နှင့် မာရ်​နတ်၏​သား​တို့​သည် ထင်​ရှား​ကြ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​ကျင့်​သော​သူ၊ မိ​မိ​ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​နှင့်​မ​ဆိုင်။