• 周五. 4 月 24th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အကျင့်လော၊ကျေးဇူးတော်လော

၁။သမ္မာကျမ်းစာအရလောကကြီးမှာလူကောင်းတစ်ယောက်မှမရှိပါ။ဘုရားတောင်းဆိုတဲ့အကျင့်ကိုကျင့်နိုင်သူတယောက်မျှမရှိပါ။ဒါကြောင့်လူတိုင်းမိမိတို့ရဲ့မကောင်းမှုအကျင့်ကြောင့်စီရင်ခြင်းခံရပါမည်။
(ရောမ၃:၁၀-၁၂ကျမ်း​စာ​လာ​သည်​ကား၊ ဖြောင့်​မတ်​သော​သူ​မ​ရှိ၊ တစ်​ယောက်​မျှ​မ​ရှိ။- နား​လည်​သော​သူ​မ​ရှိ၊ ဘု​ရား​သ​ခင်​ကို ရှာ​သော​သူ​မ​ရှိ။- လူ​အ​ပေါင်း​တို့​သည် လမ်း​လွဲ​ကြ​ပြီ။ တ​ညီ​တ​ညွတ်​တည်း အ​သုံး​မ​ရ​သော​သူ​ဖြစ်​ကြ​ပြီ။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မ​ရှိ၊ တစ်​ယောက်​မျှ​မ​ရှိ။)

၂။လူတွေရဲ့အကျင့်ကြောင့်သေချာပေါက်ငရဲကျရမှာကိုဘုရားသခင်သိနေပါတယ်။ဒါပေမဲ့သူဖန်ဆင်းထားတဲ့လူတွေကိုသူသိပ်ချစ်တဲ့အတွက်၊အကျင့်ကြောင့်ကိုယ်စီငရဲကျတော့မဲ့သူတွေကိုကယ်တင်ခြင်းလမ်းတခုပြင်ဆင်ပေးထားခဲ့ပါတယ်။
(ယော၃:၁၆ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။)

၃။မိမိအကျင့်ဆိုးတွေကြောင့်စီရင်ခြင်းခံရပြီးငရဲမုချကျရတော့မဲ့သူတွေဟာယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံလိုက်ဝာာနဲ့ကယ်တင်ခြင်းရပါပြီ။ကိုယ်လုပ်ခဲ့တဲ့အကျင့်ဆိုးတွေကြောင့်အပြစ်ပေးစီရင်ခြင်းခံစရာမလိုတော့ပါ။ဒီကယ်တင်ခြင်းကိုလက်မခံသူတိုင်းကတော့မိမိရဲ့အကျင့်အတိုင်းအပြစ်ပေးစီရင်ခြင်းခံရပါမည်။
(ယော၃:၁၈သား​တော်​ကို​ယုံ​ကြည်​သော​သူ​သည် အ​ပြစ်​စီ​ရင်​ခြင်း​ကို မ​ခံ​ရ။ မ​ယုံ​ကြည်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်၌ တစ်​ပါး​တည်း​သော​သား​တော်​ကို မ​ယုံ​ကြည်​သော​ကြောင့် ယ​ခု​ပင် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ရ၏။)

၄။။ကယ်တင်ခြင်းဟာအကျင့် ကြောင့်မရနိုင်တာမို့၊မကျင့်နိုင်သူကိုကယ်တင်ဖို့ယေရှုခရစ်လာပြီးအသေခံခဲ့တာပါ။ဒါကြောင့်ကျင့်နိုင်မှကယ်တင်ခြင်းရမယ်ဆိုသူဟာအယူလွဲပါ။စစ်မှန်သောသမ္မာတရားဟာယုံကြည်လို့ကျေးဇူးတော်ကြောင့်သာကယ်တင်ခြင်းရတာပါ။
(ဧဖက်၂:၈-၉ယုံ​ကြည်​သော​အား​ဖြင့် ကျေး​ဇူး​တော်​ကြောင့် ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။ ကိုယ်​အ​လို​အ​လျောက် ရောက်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သ​နား​တော်​မူ​ရာ ဖြစ်​သ​တည်း။ကိုယ်​ကု​သိုလ်​ကြောင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​သည်​မ​ဟုတ်။ သို့​ဖြစ်၍ အ​ဘယ်​သူ​မျှ ဝါ​ကြွား​စ​ရာ အ​ခွင့်​မ​ရှိ။)

၅။သင်ကျင့်နိုင်လို့ထာဝရအသက်ရတယ်ခံယူရင်ယေရှုခရစ်တောင်လာပြီးအသေခံစရာမလိုတော့ပါ။ခရစ်တော်သင့်အတွက်သေခံသွားတာအချည်းနီးဖြစ်သွားပါပြီ။
(ဂလာတိ၂:၂၁ဘုရားသခင်၏ကျေးဇူးတော်ကိုငါမပယ်။ပညတ်တရားကိုအမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက်နိုင်လျှင်ခရစ်တော်သည်အချည်းနှီး အသေခံတော်မူပြီ။)

၆။ငါကောင်းနိုင်လို့ထာဝရအသက်ရတာပါကွာလို့ခံယူသူနဲ့အဲ့ဒီလိုသွန်သင်နေသူတွေဟာခရစ်တော်ပြုပေးခဲ့တဲ့ကယ်တင်ခြင်းကျေးဇူးတရား၌မတည်သောသူတွေသာဖြစ်ပါတယ်။
(ဂလာတိ ၅:၄ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သမျှသော သင်တို့သည် ခရစ်တော်နှင့်ကွာ၍ ကျေးဇူး တရား၌မတည်၊ ရွေ့လျော့ကြပြီ။)

၇။စီရင်ခြင်းမှာလူတွေရဲ့အကျင့်နဲ့စီရင်တယ်လို့ကျမ်းစာမှာဖော်ပြတယ်၊ဒါဆိုရင်အကျင့်ကောင်းနိုင်မှထာဝရအသက်ရမှာလားလို့မေးလာသူရှိပါတယ်။
စီရင်ခြင်းမှာလူတွေရဲ့အကျင့်နဲ့စီရင်အပြစ်ပေးမှာမှန်ပါတယ်။ဒါမှလည်းတရားမျှတမှုရှိမှာပါ၊မဟုတ်ရင်တချို့လူတွေကငါအကျင့်ကောင်းရက်သားနဲ့ယေရှုကိုမယုံလို့ငရဲသွားရတာမတရားဘူး(မင်းတို့ယေရှုကအတ္တကြီးလိုက်တာ)လို့ ပြောနိုင်ပါတယ်။
အမှန်ကယေရှုကိုမယုံကြည်လို့အကျင့်ဆိုးတဲ့အပြစ်ရှိသွားဝာာမဟုတ်ပါဘူး။လူတွေမှာနဂိုကတည်းကအကျင့်ဆိုးအပြစ်လုပ်နေတာကိုမှကယ်တင်ပေးမဲ့သူကိုလက်မခံလို့သာအကျင့်အတိုင်းစီရင်ခံရတာဖြစ်ပါတယ်။ဒါကြောင့်မယုံကြည်သူတိုင်းဟာမိမိအကျင့်ဆိုးကြောင့်စီရင်ခံရမှာပါ။ယုံကြည်သူတွေကတော့ကယ်တင်ရှင်ကိုလက်ခံခဲ့လို့နဂိုအကျင့်မကောင်းခဲ့ပေမယ့်အပြစ်ပေးစီရင်ခံခြင်းကလွတ်မြောက်ကြပါလိမ့်မည်။ဒါကြောင့်ကယ်တင်ခြင်းရပြီးတခါတ‌လေအားနည်းမှုကြောင့်(တခါတလေအားနည်းမှု)အကျင့်မကောင်းခဲ့တာရှိလို့စီရင်ခံရမှာကြောက်စရာမလိုပါ။စီရင်ခြင်းကသင့်အကျင့်ကိုကြည့်ပေမယ်ယေရှုအသွေးနဲ့သင်စင်ကြယ်သွားပြီမို့သင်စီရင်ခြင်းကလွတ်မြောက်ပါပြီ။အာမင်။
(ရောမ၁၀:၄ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။)
(ယော၅:၂၄ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​စ​ကား​ကို နား​ထောင်၍ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​သည်​ဖြစ်၍ အ​ပြစ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ၊သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း​သို့ ကူး​မြောက်​သော​သူ​ဖြစ်၏။)

၈။ဒါဆိုရင်ယေရှုကိုယုံကြည်ပြီးရင်လဲအပြစ်အားရပါးရလုပ်လို့ရပြီလား?မဟုတ်ရပါမိတ်ဆွေ၊စစ်မှန်တဲ့ယုံကြည်သူဟာအပြစ်ကိုမုန်းပြီးပြောင်းလဲတဲ့အသက်တာရှိသူဖြစ်ရပါတယ်။ကယ်တင်ခြင်းရထားမရထားဆိုတာအပြစ်ကိုမုန်းခြင်းမမုန်းခြင်းကသက်သေထူနေပါလိမ့်မည်။
(ရောမ၆:၁-၄ထို​သို့​မှန်​လျှင်၊ အ​ဘယ်​သို့​ပြော​ရ​မည်​နည်း။ ကျေး​ဇူး​တော်​ပွား​များ​စေ​ခြင်း​ငှာ အ​ပြစ်​တ​ရား​ကို ကျင့်၍ နေ​ရ​မည်​လော။ထို​သို့​မ​နေ​ရ။ အ​ပြစ်​တ​ရား​မှ စု​တေ့​သော​သူ​တို့​သည် ထို​တ​ရား၌ အ​ဘယ်​သို့ ရှင်​ရ​ဦး​မည်​နည်း။ယေ​ရှု​ခ​ရစ်၌ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​သည်​ဟု သင်​တို့ မ​သိ​သ​လော။- ထို​ကြောင့်၊ အ​သေ​ခံ​တော်​မူ​ခြင်း၌ ဗ​တ္တိ​ဇံ​ကို ခံ​သော​အား​ဖြင့်၊ ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် ခ​မည်း​တော်၏ ဘုန်း​တန်​ခိုး​အား​ဖြင့်သေ​ခြင်း​မှထ​မြောက်​တော်​မူ​သည်​နည်း​တူ၊ ငါ​တို့​သည်​လည်း အ​သစ်​သော​အသက်၌ ကျင်​လည်​ရ​ကြ​သ​တည်း။)

ကယ်တင်ခြင်းဟာဆုံးရှုံးနိုင်တယ်(သို့မဟုတ်)မဆုံးရှုံးနိုင်ဘူးဆိုတာနှစ်ဖက်လုံးအယူလွဲကြတာမဟုတ်ပေမဲ့၊ကယ်တင်ခြင်းဟာအကျင့်ပါမှပြည့်စုံမယ်တို့၊ကယ်တင်ခြင်းဟာအကျင့်ကြောင့်ရတာတို့ခံယူဟောပြောခြင်းဟာအယူလွဲ(အယူလွဲ)ဖြစ်သွားပါပြီ။သတိထားပါ။