ကျမ်းစာထဲကအခွက်အလေးချိန်
သမ္မာကျမ်းစာ၆၆အုပ်ထဲမှာရွှေငွေအလေးချိန်ကိုသုံးနူန်းတဲ့အခါ“အခွက်”လို့သုံးတာတွေ့ရမှာပါ။ဥပမာ မဿဲ၂၅:၁၄-၃၀ထဲကအခွက်၅၀၊အခွက်၂၀၊အခွက်၁၀…စသဖြင့်ပေါ့။ဒီလိုအသုံးအနူန်းကိုကျမ်းစာတအုပ်လုံးမှာအကြိမ်ပေါင်း၅၀လောက်တွေ့ရပါတယ်။
ရွှေငွေရဲ့ အလေးချိန်နဲ့တန်ဖိုးကိုသုံးနူန်းတဲ့“အခွက်”ဆိုတာအင်္ဂလိပ်လိုTalentsဖြစ်ပြီး၊မူရင်းဂရိလိုကτάλαντον(တာလန်တို)လို့အသံထွက်ပြီး၊ ဟေဘရူးလိုכִּכָּר
(ပီကာ)ဖြစ်ပါတယ်။ဒါကြောင့်တချို့ဘာသာပြန်ကျမ်းမှာသူ့မူရင်းအသံထွက်ကိုတိုက်ရိုက်ယူပြီး“အခွက်”အစား“တာလန်တို”လို့ဘာသာပြန်တာလဲရှိပါတယ်။ဥပမာတရုတ်လိုမှာ他连得လို့ယူပြီး၊ ခေတ်သစ်ဘာသာပြန်ကျမ်းစံမီမှာဆိုရင်တာလန်လို့မူရင်းအသံထွက်တိုက်ရိုက်ယူထားကြပါတယ်။
ဆိုတော့
ဒီ“အခွက်”ကယနေ့ခေတ်ဘယ်လောက်အလေးချိန်နဲ့ညီမျှသလဲ?လေ့လာချက်အရ
အချိန်၁ခွက်=၂၇ကီလိုဝန်းကျင်ရှိပါမယ်။၁ပိဿာမှာ၁.၆၃၃ကီလိုရှိတဲ့အတွက်အချိန်တစ်ခွက်မှာ၄၄ပိဿာလောက်တော့ရှိမှာဖြစ်ပါတယ်။
နောက်တခုကအလေးချိန်ကိုဆိုလိုတာမဟုတ်ဘဲငွေတန်ဖိုးကိုသုံးတဲ့အခါမှာလည်း“တာလန်ပို”ဆိုတဲ့အခွက်ကိုသုံးတာရှိပါသေးတယ်။ဥပမာမဿဲ၂၅:၁၄-၃၀ထဲကအခွက်၅၀၊အခွက်၂၀၊အခွက်၁၀ဆိုတာက“တာလန်ပို”ဘဲဆိုပေမဲ့၊ အလေးချိန်မဟုတ်ဘဲငွေတန်ဖိုးကိုဆိုလိုတာပါ။
ယနေ့အနေနဲ့ကြည့်ရင်ငွေအခွက်၁ခွက်ဟာ၄၄ပိသာရှိတဲ့ငွေစင်တန်ဖိုး(ဒေါ်လာ6600)နဲ့ညီမျှပြီး၊ရွှေအခွက်၁ခွက်ဆိုရင်၄၄ပိဿာနဲ့ညီမျှတဲ့တန်ဖိုး(ဒေါ်လာ4သိန်း)နဲ့ညီမျှပါတယ်။ဒါကြောင့်ယေရှုပြောတဲ့ဥပမာမှာလူတစ်ယောက်ကို ငွေအခွက်၅၀(ဒေါ်လာ၃သိန်းဝန်းကျင်)၊တစ်ယောက်ကိုငွေအခွက်၂၀(ဒေါ်လာ၁သိန်းကျော်)၊တစ်ယောက်ကိုငွေအခွက်၁၀( ဒေါ်လာ၆သောင်းကျော်)စသဖြင့်ဖြစ်ပါတယ်။
အမှားပါလျှင်ကျနော်ရဲမင်း၏ လေ့လာမှုအားနည်းချက်သာဖြစ်ပါသည်။