• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ရေကိုဘုရားဖန်ဆင်းခဲ့ပါသလား

ဆရာရဲမင်း

11 月 18, 2024

ရေကိုဘုရားဖန်ဆင်းခဲ့ပါသလား

ကမ္ဘာဦးကျမ်းထဲကဖန်ဆင်းခြင်းထဲမှာရေကိုဖန်ဆင်းခဲ့တာမတွေ့ရဘူးဆိုပြီးလူတချို့ကဒီမေးခွန်းထုတ်လာကြပါတယ်။ဒါကြောင့်ရေကိုဘုရားဖန်ဆင်းခဲ့ကြောင်းကျမ်းချက်တချို့ချပြပါရစေ။

၁။ရေဟာအလိုလိုရှိ နေခဲ့တာမဟုတ်ဘဲ၊ဖန်ဆင်းရကြောင်းဒီကျမ်းချက်ကဖော်ပြပါတယ်။
သုတ္တံ၈:၂၄ နက်​နဲ​သော​ပင်​လယ်​မ​ဖြစ်၊ ရေ​နှင့်​ကြွယ်​ဝ​သော စမ်း​ရေ​တွင်း​မ​ဖြစ်​မီ ငါ့​ကို​ဖြစ်​ဖွား​စေ​တော်​မူ၏။

၂။ပရောဖက်ယောနကရေကိုဘုရားဖန်ဆင်းကြောင်းယုံကြည်စွာဖော်ပြခဲ့ပါတယ်။
ယောန၁:၉ ငါ​သည် ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်၏။ ရေ​မြေ​ကို ဖန်​ဆင်း​တော်​မူ​သော ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​သော​သူ​ဖြစ်၏​ဟု​ဆို​လျှင်၊

၃။တမန်တော်တွေလည်းရေကိုဘုရားဖန်ဆင်းကြောင်းယုံကြည်ခဲ့ကြပါတယ်။
တမန်၁၄:၁၅ ကောင်းကင်၊ မြေကြီး၊ ပင်လယ်​နှင့် ၎င်း​တို့​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို ဖန်ဆင်း​တော်မူ​သော အသက်ရှင်​သည့်​ဘုရားသခင်​ထံသို့ ပြောင်းလဲ​ကြ​ရန် သင်​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​နေ​သူ​များ​ဖြစ်​ကြ​၏။(စံမီ)

၄။ဗျာဒိတ်ကျမ်းရေးတဲ့တမန်တော်ရှင်ယောဟန်လဲရေကိုဘုရားဖန်ဆင်းကြောင်းအတည်ပြုထားပါတယ်။
ဗျာ၁၄:၇ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ ချီး​မွမ်း​ကြ​လော့။ တ​ရား​စီ​ရင်​တော်​မူ​သော အ​ချိန်​ရောက်​လာ​ပြီ။ ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​နှင့် စမ်း​ရေ​တွင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို ကိုး​ကွယ်​ကြ​လော့​ဟု ကြီး​သော​အ​သံ​နှင့် ပြော​ဆို၍ ကောင်း​ကင်​အ​လယ်၌ ပျံ​ဝဲ​လျက် ရှိ​သည်​ကို ငါ​မြင်၏။

၅။ဖန်ဆင်းခြင်းနဲ့ကင်းလွတ်တဲ့အရာတခုမှမရှိ ကြောင်းဒီကျမ်းချက်ကဖော်ပြပါတယ်။
ယော၁:၃ နှုတ်​က​ပတ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ ဖန်​ဆင်း​တော်​မူ​ခြင်း​နှင့် ကင်း​လွတ်​လျက်​ဖြစ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။