ယေရှုသင့်ကိုချစ်ကြောင်းသက်သေ(၁၀)ချက်
၁။သင့်ကိုချစ်ကြောင်းနှစ်ပေါင်းထောင်ချီကတည်းကပရောဖက်ပြုထားပါတယ်။
( ဟေရှာ 7:14 ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတ္တံ့။)ကမ္ဘာဦးကျမ်း3:21၊၁ပေ၁:၂။
၂။သင့်ကိုချစ်လို့သင့်ကိုကယ်တင်ဖို့ဘုရားကနေလူ့ဇာတိခံယူပြီးနွားစာခွက်မှာမွေးဖွားခဲ့ပါတယ်။
(ရှင်လုကာ2:11-16ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ။- အလျင်အမြန်သွား၍ မာရိနှင့်ယောသပ်ကိုလည်းကောင်း၊ နွားစားခွက်၌ သိပ်ထားလျက်ရှိသောသူငယ်ကိုလည်းကောင်းတွေ့ကြ၏။)မာကု၂:၁-၁၁။
၃။သင့်ကိုချစ်လို့လောကမှာ၃၃နှစ်ခွဲနေထိုင်စံပြခဲ့ပါတယ်။
(ရှင်မဿဲခရစ်ဝင်8:20 ယေရှုကလည်း မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာအရပ်ရှိ၏။ လူသားမူကား၊ ခေါင်းချရာမျှ မရှိဟု မိန့်တော်မူ၏။)လုကာ၃:၂၃။
၄။သင့်ကိုချစ်လို့လူတွေကိုကုသပေးခဲ့ပြီးယခုသင့်ကိုလည်းကုသနိုင်ကြောင်းဖော်ပြပေးခဲ့ပါတယ်။
(တမန်တော်ဝတ္ထု2:22ဣသရေလလူတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့ သိကြသည်အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသော သက်သေကို ရသောသူဖြစ်၍…)
၅။သင့်ကိုချစ်လို့သင့်အပြစ်အတွက်ကိုယ်စားပြုစီရင်ခံပေးခဲ့ပါတယ်။
(ဟေရှာယအနာဂတ္တိကျမ်း 53:5 ထိုသူသည် ငါတို့လွန်ကျူးခြင်း အပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။)တမန်၈:၃၃၊၁ပေ၃:၁၈။
၆။သင့်ကိုချစ်လို့သင့်ခံရမယ့်အပြစ်အတွက်လက်ဝါးကပ်တိုင်မှာအသေခံပေးဆပ်ခဲ့ပါတယ်။
(၁ပေ2:24 ငါတို့သည် အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ။ ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏။)မဿဲ၂၇:၂၆-၃၈၊ေရာမ၅:၆-၈)။
၇။သင့်ကိုချစ်လို့သင်မသိဘဲလုပ်ခဲ့သမျှကိုခွင့်လွတ်ပေးခဲ့ပါတယ်။
(ရှင်လုကာခရစ်ဝင် 23:34ယေရှုကလည်း၊ အို အဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏။ အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။)ဆာလံ၂၂:၁၄-၁၈၊ဧဖက်၁:၇။
၈။သင့်ကိုချစ်လို့သင်အကြောက်ဆုံးဖြစ်တဲ့သေခြင်းတရားကိုအောင်မြင်စေခဲ့တယ်။
(ရောမဩဝါဒစာ8:11 ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝပ်သော မိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။)မကု၁၆:၉၊၁ကော၁၅:၃။
၉။သင့်ကိုချစ်လို့သင်ထာဝရနေထိုင်ဖို့ကောင်းကင်ရွှေပြည်ကိုပြင်ဆင်ထားပေးတယ်။
(ရှင်ယောဟန်ခရစ်ဝင် 14:1-3ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။)
၁၀။သင့်ကိုချစ်လို့သူနဲ့အတူကောင်းကင်ရွှေပြည်မှာနေဖို့သူလာခေါ်မယ်လို့ကတိပေးခဲ့တယ်။
(ရှင်ယောဟန်ခရစ်ဝင် 14:3ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။)ဗျာဒိတ်၇:၁၆၊၂၁:၄၊ ဟေရှာ၆၆:၁၂-၁၃)
ယေရှုသင့်ကိုချစ်တယ်။