ကုလားအုတ်ခြေရာမှသက်သေ
“ဘုရားသခင်ဘယ်မှာလဲငါ့ကိုပြလေ၊ငါမြင်မှယုံမယ်၊မမြင်ရရင်မယုံကြည်ဘူး၊မရှိတာကိုသွားမယုံချင်ဘူး”ဟုအလုပ်ရှင်တဦးမှသူ့ငယ်သားခရစ်ယာန်တဦးကိုပြောဆိုလိုက်ပါသည်။
တနေ့ညနေပိုင်းမှာ
ယုံကြည်သူအလုပ်သမားမှအလုပ်ရှင်ရဲ့ကုလားအုတ်တစ်ကောင်ကိုဆွဲသွားပြီးတနေရာမှာအစာကြွေးထားလေသည်။ဒါကိုအလုပ်ရှင်ကသူ့ကုလားအုတ်မတွေ့တော့ကြောင်းရှာဖို့ငယ်သားကိုပြောလေသည်၊ငယ်သားမှကုလားအုတ်အစာကြွေးထားတဲ့နေရာလိုက်ပြပေမယ့်အဲဒီနေရာမှာလည်းမရှိတော့ပေ။
ဒါနဲ့အလုပ်ရှင်ကောငယ်သားပါအတူလိုက်ရှာကြပါတော့တယ်။ဒီလိုနဲ့တနေရာမှာရောက်တော့အလုပ်ရှင်မှကုလားအုတ်ခြေရာတွေ့တာမို့ဒီပတ်ဝန်းကျင်မှာရှိနေမှာဖြစ်ကြောင်းငယ်သားကိုပြောပါသည်။
ငယ်သားကလည်းဝိညာဉ်တော်ရဲ့အလင်းရပြီးအလုပ်ရှင်ကိုဒီလိုပြောပါတယ်“ကုလားအုတ်ကိုမှမမြင်ရဘဲဒီမှာရှိကြောင်းဘယ်လိုလုပ်သိနိုင်မလဲသူဌေးရယ်၊ကျနော်တော့မယုံပါဘူး”။
ဒီချိန်မှာအလုပ်ရှင်မှ
“မင်းဒီမှာကုလားအုတ် ခြေရာမမြင်ဘူးလားကွာ၊ဒါကဒီမှာရှိကြောင်းအကောင်းဆုံးသက်သေဘဲလေ၊ဒီနားတဝိုက်ကအခြားကုလားအုတ်ဘယ်တုန်းကမှမလာ(မရှိ)ဖူးဘူး”ဟုဖြေသည်။
ဒီချိန်မှာငယ်သားမှ
“မှန်ပါတယ်သူဌေးရယ်
ကုလားအုတ်ခြေရာကိုကြည့်ပြီးကုလားအုတ်ရှိနေတာသိရသလို၊ကျွန်တော်ကိုးကွယ်နေတဲ့ဖန်ဆင်းရှင်ဘုရားသခင်ဆိုတာလည်းမမြင်ရပေမယ့်၊အခုမြင်တွေ့နေရတဲ့(သူဖန်ဆင်းထားတဲ့)ရေ၊မြေ၊တောတောင်၊စကြာဝဠာ၊ဂြိုလ်တွေကိုကြည့်ခြင်းအားဖြင့်၊ဒီအရာကိုဖန်ဆင်းတဲ့ဘုရားသခင်ရှိကြောင်းသိနိုင်ပါတယ်ဗျာ၊ဒါကဘုရားသခင်ရှိကြောင်းအကောင်းဆုံးသက်သေမို့ပါ”။
ဒီအချိန်မှအလုပ်ရှင်လည်းနားလည်သဘောပေါက်ပြီးဘုရားသခင်ကိုလက်ခံသွားပါတော့သည်။
ရောမ၁:၂၀အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။