• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

တိုက်ခိုက်လာသူတိုင်းကိုတုန့်ပြန်ဖို့မလိုအပ်ပါ။

ဆရာရဲမင်း

11 月 18, 2024

တိုက်ခိုက်လာသူတိုင်းကိုတုန့်ပြန်ဖို့မလိုအပ်ပါ။

ကျားကြီးတကောင်ဟာခွေးရူးတကောင်ကိုတွေ့တော့ချက်ချင်းပုန်းရှောင်လိုက်သတဲ့။
ဒါကိုကျားငယ်လေးက
“အဖေကခြင်္သေ့နဲ့တောင်ချရဲ၊ကျားသစ်တွေနဲ့တောင်လုံးရဲတာဘာလို့ဒီခွေးရူးကျမှကြောက်နေရတာလဲ?ရှက်စရာကြီးမဖြစ်နေဘူးလား”လို့မေးလိုက်ပါတယ်။
ဒါကိုကျားကြီးက
“သား၊ခွေးရူးကိုနိုင်သွားတော့နာမည်ကောင်းသလား?”
သားလေးကခေါင်းခါလိုက်သည်။
“ခွေးရူးကိုက်ခံခဲ့ရရင်ကောကြားကောင်းသလား?”
သားလေးကသဘောပေါက်ဟန်ဖြင့်ခေါင်းညိပ်ပြသည်။
“ဒါဆိုခွေးရူးနဲ့ထိပ်တိုက် ရင်ဆိုင်အုံးမှာလား?ရှောင်မှာလား?”
သားဖြစ်သူမှသဘောပေါက်သွားပါတော့သည်။

မိတ်ဆွေ
လူတချို့ကသင့်နဲ့ထိပ်တိုက်ရင်ဆိုင်ဖို့မထိုက်တန်ပါ။တချို့ငြင်းခုန်မှုကအကျိုးရှိ‌စေပေမယ့်၊ခွေးရူးလိုနေရာတကာပြဿနာမီးမွေးနေတဲ့(ပြဿနာကြီးဖြစ်လာနိုင်စေတဲ့)လူတွေနဲ့တော့သွားငြင်းခုန်ရန်ဖြစ်ဖို့မလိုအပ်ပါဘူး။အကျိုးမရှိလို့ပါ။လူ့ဘဝဟာတိုတောင်းလှပါတယ်၊တိုတိုလေးသာရှိတဲ့တန်းဖိုးကြီးအချိန်တွေကိုဒီလိုနေရာမဖြုန်းလိုက်ပါနဲ့။အပြုံးလေးနဲ့သာရှောင်ပေးလိုက်ပါ။

စိတ်ညစ်စရာနဲ့ဒေါသတွေကိုတကူးတကအချိန်ပေးပြီးမရှာယူချင်စမ်းပါနဲ့။လုပ်စရာရှိတာဆက်လုပ်ပါ။သင်‌ရှောင်ပေးလိုက်တာဟာကြောက်လို့မဟုတ်ပါဘူး၊မတန်လို့ပါ၊အကျိုးမရှိလို့ပါ။အကျိုးရှိနိုင်မရှိနိုင်ဆိုတာတွေးတောပြီးရှောင်နိုင်ကြပါစေ။

မဿဲ၇:၆ ဖြူ​စင်​သော​အ​ရာ​ကို ခွေး​တို့​အား မ​ပေး​ကြ​နှင့်။ ပု​လဲ​ရ​တ​နာ​တို့​ကို ဝက်​တို့​ရှေ့​မှာ မ​ချ​မ​ထား​ကြ​နှင့်။ သို့​ပြု​လျှင် ထို​အ​ရာ​တို့​ကို ကျော်​နင်း၍ သင်​တို့​ကို​လှည့်​လျက် ကိုက်​ဖြတ်​ကြ​လိမ့်​မည်။