• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယောဘဝတ္ထုထဲကကျမ်းစကားတွေကိုယူသုံးနေကြသူတွေသတိထားပါ။

ဆရာရဲမင်း

11 月 20, 2024

ယောဘဝတ္ထုထဲကကျမ်းစကားတွေကိုယူသုံးနေကြသူတွေသတိထားပါ။

ဥပမာ
‭‭ယောဘ 22:21-22 ဘု​ရား​သ​ခင်​နှင့် အ​ကျွမ်း​ဝင်၍ မိတ်​သ​ဟာ​ယ​ဖွဲ့​လော့။ ထို​သို့​ပြု​မှ ကောင်း​စား​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။
‭‭ယောဘ 22:23-24 သင့်​အိမ်​မှ​ဒု​စ​ရိုက်​ကို ပယ်​ရှား​လျှင်၊ရွှေ​ကို​မြေ​မှုန့်​ကဲ့​သို့​လည်း​ကောင်း၊ ဩ​ဖိ​ရ​ရွှေ​ကို မြစ်၌​ရှိ​သော ကျောက်​စ​ရစ်​ကဲ့​သို့​လည်း​ကောင်း သို​ထား​ရ​လိမ့်​မည်။
ဒီစကားတွေအပါအဝင်၊ယောဘဝတ္ထုထဲက
ယောဘရဲ့သူငယ်ချင်း၃ယောက်ပြောတဲ့စကားတွေအားလုံးဟာယောဘကို”မင်းဒီလိုကြုံရတာဒါကြောင့်ပါလို့”မမှန်မကန်စွပ်စွဲပြောဆိုတဲ့စကားတွေသာဖြစ်ကြောင်းနားလည်ရပါမယ်။
ယောဘသူငယ်ချင်းသုံးယောက်ပြောတဲ့စကားတွေဟာမမှန်ကန်ကြောင်းဘုရားသခင်ကိုယ်တိုင်သက်သေပြုထားပါတယ်ဖတ်ကြည့်ပါ။
‭‭ယောဘ 42:7-8 ထိုသို့ထာဝရဘုရားသည် ယောဘအားမိန့်တော်မူပြီးမှ၊ တေမန်အမျိုးသား ဧလိဖတ်အားလည်း သင်နှင့် သင်၏အဆွေခင်ပွန်းနှစ်ယောက်ကို ငါအမျက်ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့ သင်တို့သည်မပြော။သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ်ကောင်တို့ကို ယူပြီးလျှင်၊ ငါ့ကျွန်ယောဘထံသို့ သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဖို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ် ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့သည် မပြောသောအပြစ်နှင့် အလျောက် ငါစီရင်မည်ဟု မိန့်တော်မူ၏။
ဒါကြောင့်အထက်ပါကျမ်းချက်တွေကိုယူပြီးတရားဟောရင်အထူးသတိထားရပါမယ်။
သမ္မာကျမ်းစာရှိသမျှဟာဘုရားစကားဖြစ်တယ်ဆိုတာက-တခွန်းမကျန်ဘုရားပြောတယ်လို့မသက်ရောက်ပါဘူး၊စာတန်စကား-လူစကား-တိရိစ္ဆာန်စကားအကုန်ပါနေတာမို့ကွက်ကွင်းပြီးဖြတ်ယူအသုံးပြုရင်သတိထားရပါမယ်။
ကျမ်းစာကျောင်းတက်ထားရင်ကျမ်းစာအနက်ပြန်တဲ့ဘာသာရပ်မှာဒီအ‌ကြောင်းပါဝင်ပါလိမ့်မယ်။
သတိထားနိုင်ဖို့မေတ္တာနဲ့ ဖော်ပြရခြင်းပါ။