• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သင်တို့သည်ဘုရားများဖြစ်ကြ၏။ဆိုတဲ့အဓိပ္ပာယ်

ဆရာရဲမင်း

11 月 20, 2024

သင်တို့သည်ဘုရားများဖြစ်ကြ၏။ဆိုတဲ့အဓိပ္ပာယ်

ဆာလံ၈၂:၆နဲ့ယော၁၀:၃၄ထဲက“ဘုရား” ဟာမူရင်း ဟေဘရူးလိုနဲ့ ĕlôhîym (မူရင်းကုဒ် H:430)ဖြစ်ပါတယ်။ဒီစကားလုံးကိုကျမ်းစာတအုပ်လုံးမှာ(၂၅၃၈)ကြိမ်သုံးထားပြီးအများအားဖြင့်ဘုရားသခင်ကိုရည်ညွန်းထားတယ်ဆိုပေမဲ့၊ဒီစကားလုံးကိုသာမန်တရားသူကြီးကိုလည်းရည်ညွန်းထားတာ(၆)နေရာလောက်ရှိပြန်ပါတယ်-
ထွက်၂၁:၆၊၂၂:၈-၉၊၇:၁။၁ရာ၂:၂၅နဲ့ဆာလံ၈၂:၆၊ယော၁၀:၃၄။
သတိပြုရမှာကဒီတရားသူကြီးတွေထဲမှာမယုံကြည်သူတွေလဲပါနေတာပါ။ဒါကြောင့်လည်းယေရှုကယော၁၀:၃၄မှာမင်းတို့ကတရားစီရင်တဲ့သူကိုတောင်ဘုရားလို့သတ်မှတ်ကြပြီး၊ငါ(ဘုရားစစ်)ကိုတော့ဘုရားလို့လက်မခံကြဘူးဆိုပြီးရှင်းပြနေတာပါ။
ဆိုတော့
ဆာလံ၈၂:၆နဲ့ယော၁၀:၃၄ထဲက”ဘုရား”ဆိုတဲ့စကားလုံးဟာလူဖြစ်တဲ့တရားသူကြီး(တရားစီရင်ပိုင်ခွင့်ရှိသူ)တွေကိုပြောနေကြောင်းကျမ်းချက်ရှေ့နောက်ကိုသေချာလေ့လာရင်သိရှိနိုင်ပါတယ်။
ကျမ်းစာကဒီလိုတရားစီရင်သူတွေကိုဘုရားလို့သုံးနူန်းရတာကလဲတရားစီရင်သူတိုင်းကိုဘုရားသခင်ကကိုယ်တိုင်ကအခွင့်ပေးထားလို့ဖြစ်ပါတယ်(ရောမ၁၃:၁-၇)။နောက်တခုကသူ့ခေတ်သူ့ခါရဲ့အခေါ်အဝေါတွေဘဲဆိုတာလည်းသတိပြုပါ၊ဒီနေ့ခေတ်မှာဘယ်တရားသူကြီးကိုမှဘုရားလို့မခေါ်ကြတော့ပါဘူး။
နောက်ပြီး
ယော၁:၁၂-၁၃နဲ့၁ယော၂:၂၉၊၃:၉၊၅:၁မှာယုံကြည်သူတွေကိုဘုရားသခင်ကဖြစ်ဖွားစေ(မူရင်းမှာဘုရားကမွေးဖွား)တယ်လို့ဖော်ပြပါတယ်။ဒါပေမဲ့ဒါကိုဘုရားကမွေးရင်ဘုရားဘဲလို့အနက်ပြန်လို့မရပါဘူး၊ဒါဟာအပြစ်သားကနေဘုရားသားဖြစ်ခွင့်ရကြောင်း၊ထာဝရအသက်(ကယ်တင်ခြင်း)ရကြောင်း၊အသက်တာပြောင်းလဲပြီးဘုရားရဲ့လူတွေဖြစ်သွားပြီဖြစ်ကြောင်းသာနားလည်ရပါမယ်။ဘုရားလုံးဝဖြစ်မသွားပါ။ဒါကိုသေချာမလေ့လာမခံယူဘဲယုံကြည်သူတိုင်းဟာဘုရားတွေဖြစ်တယ်၊‌ငှက်ကမွေးရင်ငှက်-ဝက်ကမွေးရင်ဝက်-ကြက်ကမွေးရင်ကြက်-ဘုရားကမွေးရင်ဘုရားဘဲဆိုပြီးခံယူတာမျိုး၊ယေရှုကိုလည်းဘုရားကမွေးတာ-ငါတို့ကိုလည်းဘုရားကမွေးတာမို့ယေရှုကငါတို့အကိုကြီးဘဲဆိုပြီးယေရှုဘုရားနဲ့တန်းတူညှိယူလိုက်တာမျိုး၊ဒါဟာစာတန်ကျော့ကွင်းမိသွားပါပြီ။ဒါဟာဧဒင်ဥယျာဉ်ကတည်းကလူတွေကိုစာတန်ထည့်လာတဲ့ဂျင်းပါ။
လူဟာဖန်ဆင်းခံမို့ဘုရားဘယ်တော့မှမဖြစ်လာနိုင်ပါဘူး။ယုံကြည်သူတိုင်းဟာဘုရားသားသမီးတွေဘဲပြောလို့ရတယ်၊ဘုရားရဲ့သံတမန်ကိုယ်စား(ထွက်၄:၁၆)အထိ‌ ပြောလို့ရသေးတယ်၊ဘုရားဖြစ်သွားပြီဆိုတာမျိုးကိုတော့အထူးသတိထားပါ။ဘုရားဖြစ်ချင်နေတဲ့ကောင်းကင်တမန်မင်းတောင်စာတန်ဖြစ်သွားတာသတိရပါ။
အောက်ပါကျမ်းချက်တွေကတော့မှားယွင်းစွာခံယူမိနိုင်တဲ့ကျမ်းချက်တွေပါ။
(ဆာလံ 82:6 သင်တို့သည် ဘုရားဖြစ်ကြ၏။ ရှိသမျှတို့သည် အမြင့်ဆုံးသောဘုရား၏သားဖြစ်ကြ၏ ဟုငါဆိုသတည်း။
‭‭ရှင်ယောဟန် 10:34 ယေရှုကလည်း၊ သင်တို့သည် ဘုရားဖြစ်ကြ၏၊ ငါဆိုသည်ဟု သင်တို့၏ ပညတ္တိကျမ်းစာ၌ လာသည်မဟုတ်လော။)