• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သင်္ချိုင်းထဲကစောင့်သောနေ့(စနေ)

ဆရာရဲမင်း

10 月 23, 2024

သင်္ချိုင်းထဲကစောင့်သောနေ့(စနေ)

ဒီနေ့ဟာသန့်ရှင်းသောအပတ်ရဲ့နောက်ဆုံးနေ့ပါ။ဝါတွင်းရက်၄၀ကတော့ပြီးခဲ့တဲ့ကြာသပတေးမှာအဆုံးသတ်ခဲ့ပါပြီ။သမ္မာကျမ်းစာခရစ်ဝင်ကျမ်းတွေရဲ့ဖော်ပြချက်အရဒီနေ့မှာယေရှုခရစ်တော်ဟာအရိမဿဲမြို့သားယောသပ်ရဲ့င်္သချိုင်းသစ်ထဲမှာအနားယူနေပါတယ်၊ရှင်းရှင်းပြောရရင်ရှင်ပြန်ထမြောက်ဖို့စောင့်နေတာပါ။ဒါကြောင့်ဒီနေ့ကိုအသင်းတော်များကင်္သချိုင်းထဲမှစောင့်နေသောနေ့၊ငြိမ်ဝပ်သောနေ့၊ပြင်ဆင်သောနေ့လို့ခေါ်တွင်ကြပါတယ်။တချိန်ထဲမှာဘဲဒီနေ့ဟာဓမ္မဟောင်းကျမ်းအရဥပုသ်နေ့(ငြိမ်ဝပ်ချမ်းသာသောနေ့)ဖြစ်ပါတယ်။ဒါပေမဲ့သခင်ယေရှုကတော့င်္သချိုင်းထဲမှာမငြိမ်ဝပ်မချမ်းသာနိုင်သေးပါဘူး၊ဘာလို့လဲဆိုတော့သူမရှင်ပြန်မထမြောက်သေးလို့ဘဲဖြစ်ပါတယ်။

သခင်ယေရှုခရစ်တော်ပြောခဲ့တဲ့သုံးရက်မြောက်သောနေ့မှာသေရာကနေရှင်လာမယ်ဆိုတဲ့စကားအရ၊ရှင်ပြန်ထမြောက်ဖို့င်္သချိုင်းထဲမှာစောင့်နေတာပါ။တချို့ကျမ်းချက်တွေမှာယေရှုခရစ်တော်ကမရဏာကိုသွားပြီးအောင်ပြီဖြစ်ကြောင်းသွားကြေငြာတယ်လို့ဆိုပါတယ်။ယေရှုခရစ်တော်သေပြီးင်္သဂြိုလ်ထားတဲ့ဒီနေ့မှာ၊တပည့်တော်တွေကသူတို့သခင်သေပြီဆိုပြီးသခင်ပြောခဲ့တဲ့စကားကိုသေချာနားမလည်လို့ဒီချိန်မှာအကွဲကွဲအပြားပြားဖြစ်ကုန်ပါတော့တယ်။ဒီချိန်မှာသခင်ယေရှုကိုရန်လုပ်တဲ့လူတွေအားလုံးအောင်ပွဲခံနေတဲ့အချိန်ဖြစ်ပါတယ်၊ကျမ်းတတ်နဲ့ဘာသာရေးခေါင်းဆောင်တချို့ကတော့ပိလတ်မင်းဆီသွားပြီးယေရှုအုတ်ဂူကိုစစ်သားအစောင့်ချဖို့သွားပြောကြပါတယ်၊အကြောင်းရင်းကတော့ရှင်မဿဲခရစ်ဝင်၂၇:၆၂-၆၆အရ ယေရှုပြန်ရှင်ပြန်ထမြောက်မယ်ဆိုတဲ့အကြောင်းကိုသူတို့လဲသိလို့၊တပည့်တော်တွေကယေရှုအလောင်းကိုခိုးသွားပြီးရှင်ပြန်ထမြောက်သွားပြီပြောမှာစိုးလို့ဘဲဖြစ်ပါတယ်။ဒါကြောင့်ပိလတ်မင်းကလဲစစ်ရဲမတ်အစောင့်တွေတင်းတင်းကြပ်ကြပ်ချထားပေးဖို့အမိန့်ထုတ်ပေးလိုက်ပါတယ်။

ဒါပေမဲ့ရန်သူတွေဘယ်လောက်ဘြဲပင်ဆင်ထားပါစေ၊ဘုရားသခင်ရဲ့တန်ခိုးတော်ကိုတော့ဘယ်လိုမှတားဆီးလို့မရပါဘူး၊ယေရှုခရစ်တော်ဟာသူပြောခဲ့တဲ့အတိုင်းသုံးရက်မြောက်နေ့မှာရှင်လာမှာဖြစ်ပါတယ်။ယေရှုခရစ်တော်ဘာ ကြောင့်သေပြီးင်္သဂြိုလ်ရတာလဲ?အဖြေကတော့ယေရှုကိုယ်တိုင်သူရဲ့သေခြင်းဟာမျိုးစေ့တစေ့မြေကြီးထဲဝင်ပြီးသေသွားတာနဲ့နိုင်းယှဉ်ခဲ့ပါတယ်၊မျိုးစေ့ဟာမသေခဲ့ရင်အသစ်သောအသီးအပွင့်တွေမရှိလာနိုင်သလိုယေရှုခရစ်တော်ဟာလောကအပြစ်သားတွေအတွက်မသေခဲ့ရင်လူသားအားလုံးဟာအပြစ်ထဲကနေမလွတ်မြောက်နိုင်ပါဘူး။ဆိုတော့ယေရှုခရစ်တော် သေပြီးင်္သဂြိုလ်ထားတဲ့အချိန်မှာလူတွေကတော့“သွားပြီသွားပြီ”လို့ပြောနေကြပေမဲ့၊ယေရှုခရစ်က တော့ကားတိုင်ပေါ်မှာသူပြောသွားတဲ့စကားအတိုင်းဘဲ“အမှုပြီးပြီ”ဖြစ်ကြောင်းပါ၊အာမင်။
တနည်းအားဖြင့်ယေရှုခရစ်တော်ရဲ့သေခြင်း၊သင်္ဂြိုလ်ခြင်းနဲ့ထမြောက်ခြင်းတွေဟာဧဝံဂေလိဘဲဖြစ်ပါတယ်၊ဘာကြောင့်လဲဆိုတော့ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၅:၃-၄မှာလဲဒီလိုဖော်ပြထားပါတယ်၊ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။ …ဒါကြောင့်ယေရှုရဲ့သေခြင်းကဘာလဲ?ဟေဗြဲဩဝါဒစာ ၂:၁၄-၁၅မှာဒီလိုအတိကျအဖြေပေးထားပါတယ်၊”ခရစ်တော်သည် အသေခံတော်မူ သောအားဖြင့်၊ သေခြင်းတရားကို အစိုးရသော သူတည်းဟူသော မာရ်နတ်၏ တန်ခိုးကိုချိုးဖဲ့ ဖျက်ဆီး ခြင်းငှါ၎င်း၊သေဘေးကိုကြောက်၍ တသက်လုံး ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှါ၎င်း၊”ယနေ့လူ တွေအကြောက်ဆုံးအရာကဘာလို့ထင်ကြပါသလဲ၊လူတိုင်းကြောက်တာခြင်းမတူကြပေမဲ့တူညီတဲ့ကြောက်ခြင်းတမျိုးကတော့သေခြင်းတရားပါဘဲမိတ်ဆွေ၊ယနေ့ကျမ်းချက်အရယေရှုရဲ့သေခြင်းဟာလူသားတွေကိုထာဝရအသက်ပေးဖို့ဘဲဖြစ်ပါတယ်၊ဟာလေလုယာ။ယနေ့သူ့ကိုယုံကြည်လက်ခံသောသူတိုင်းကိုယေရှုခရစ်တော်ကသေခြင်းကနေအောင်မြင်တဲ့အခွင့်ပေးနေပါြပီ၊ယနေ့ယုံကြည်ပြီးသောလူသားအားလုံးတွေဟာသေခြင်းကိုကြောက်စရာမလိုတော့ပါဘူး၊ထာဝရအသက်ကိုရပြီးဖြစ်လို့အလိုတော်အတိုင်းအသက်ရှင်ဖို့တာဖြစ်ပါတယ်။

မနက်ဖြန်ရှင်ပြန်ထမြောက်ရာနေ့ကိုစောင့်မျှော်ရင်းကြိုဆိုအောင်ပွဲခံကြပါစို့ပြောရင်းနိဂုံးချုပ်လိုက်ရပါတယ်။အားလုံးအပေါ်မှာဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။